၅၀။ ပထမဦးဆံုး..... ဒိတ္

Start from the beginning
                                    

သူတို့ နေ့လည်စာစားပြီး ဟိုတယ်ကို ပြန်လာတော့ သူတို့ရဲ့ သာမန်ဘဝလေးကို ပြန်ရောက်သွားသလို...
သူမကတော့ တဖြည်းဖြည်းနဲ့ သူ့ရဲ့ တကယ်ဇနီးလိုမျိုး ခံစားလာရသည်။

ယောကျၤားတစ်ယောက်နဲ့ အတူနေရတာ သူမအတွက် နည်းနည်းတော့ ခေါင်းကိုက်ပေမယ့် သူမရဲ့ အရင်ရည်းစားနဲ့ ယှဉ်ရင်တော့ ရှန်းရီက သူမကို ပြဿ နာ မရှာဘဲ အလိုလိုက်လွန်းသည်။

...................

" ချင်းယီ...ချင်းယီ...ထတော့.!....ကိုယ်နဲ့ ဒိတ်လုပ်ဖို့ မင်း ကတိပေးထားတယ်မလား....?''
ရှန်းရီတစ်ယောက် သူ့ရဲ့ ဇနီးလေးကို နှိုးနေ၏။

သူမကို လက်မထပ်ခင်ကတည်းက သူမက အားရင်  တရေးတမော အိပ်တတ်တာကို သူ သတိထားမိသည်။

" ဟမ်....! ဒါဆိုလည်း ခဏစောင့်...''
လုချင်းယီ သမ်းဝေလိုက်ပြီး အိပ်ယာပေါ်ကနေ ကြောင်တစ်ကောင်လို ထသွား၏။

သူမ ရေမြန်မြန်ချိုးလိုက်ပြီး ထသွားထလာ အကျႌကို ကောက်စွပ်လိုက်၏။ ထို့နောက် မျက်နှာကို မိတ်ကပ်ပါးပါးလေးလိမ်းလိုက်ပြီး ခေါင်းဖြီး လိုက်သည်။ သူမပြင်ဆင်ပြီးသွားလေပြီ။

နောက်ဆုံးအနေနဲ့ မှန်မှာ သေချာကြည့်လိုက်၏။ သူမက အဖြူရောင် ဂါဝန်လေးကို ဝတ်ထားပြီး သူမရဲ့ ကောက်ကြောင်းနဲ့လိုက်ဖက်စွာ။

ရှန်းရီကဧည့်ခန်းထဲမှာ စိတ်ရှည်စွာနဲ့ သူ့ဇနီးလေးကို စောင့်နေလေသည်။ သူ အသံကြားပြီး လှည့်ကြည့်လိုက်တော့ ...တွေ့ပါပြီ....သူ့ရဲ့ အလှပဂေးလေး.....

သူမက သူ့ဆီလာပြီး သူ့ဘေးမှာ လာထိုင်တဲ့အထိကို သူက ငမ်းလို့ကောင်းတုန်း...

" မင်း....ဒီနေ့အရမ်းလှနေတယ်....''

" ရှန်းရီ...! "

"အေးပေါ့လေ...ဒိတ်လုပ်မှာ ဆိုတော့လည်း...''
သူ ရယ်လာ၏။

" ပါးစပ်ပိတ်ထား...!''
(😂😂)

"ဘယ်ကို သွားမှာလဲ...?''
သူမက ကြိုးသိုင်းဖိနပ်လေးကို ချည်ရင်းပြောလိုက်၏။ သူကလည်း သူမနဲ့ ပထမဦးဆုံး ဒိတ်ဆိုတော့ ဘယ်သွားရမလဲဆိုပြီး  အပြေးအလွှား စဉ်းစားလျက်.....

ရှန်းရီက သူ့ဇနီးလေးကို သေချာ ကြည့်လိုက်၏။
ဒီအတိုင်းဆိုရင် ယောကျၤားလေးတွေ အားလုံးရဲ့ မျက်လုံးတွေက သူမဆီကို ရောက်လာလိမ့်မည်။
မရဘူး.... ၊ သူ့မိန်းမကို သူပဲ သေချာကြည့်ခွင့်ရှိတယ်.....!

လုချင်းယီက ထိုင်နေရာကနေ ထလိုက်ကာ သူ့ဆီကို လက်ကမ်းပေးလိုက်၏။

" ကျွန်မ စိတ်မပြောင်းခင် မြန်မြန်သွားရအောင်...!''

" မင်းစကားတွေကိုလည်း ပြောင်းလို့မရတော့ဘူး....ကတိတည်ရမယ်လေ....''

သူက ရှပ်အကျႍနဲ့ ပေါ့ပါးတဲ့ ဘောင်းဘီကို ဝတ်ဆင်ထား၏။

"ကျွန်မ ကတိပေးထားတာကို မေ့သွားပြီ...''
သူမက မခံချင်အောင် စနောက်လာသည်။

" မရဘူး....၊လာပါ... သွားရအောင်...တက္ကစီနဲ့ သွားမလား ရထားနဲ့သွားမလား...?''

" အာ...၊ ဒီနေရာနဲ့ အရမ်းဝေးတာလား...?''

" အင်း...''

" လမ်းပဲ လျှောက်ရအောင်...၊ လမ်းတစ်လျှောက်က မြင်ကွင်းတွေကို ကြည့်လို့ရတာပေါ့...''
သူမက ရယ်ရင်း လမ်းဆက်လျှောက်ဖို့ ပြင်၏။
ရှန်းရီက သူမလက်မောင်းကို ဖမ်းဆွဲလိုက်ရင်း...

" မင်းလမ်းမှား​နေပြီ...ချင်းယီ...၊တွေ့လား... ကိုယ်သာ ဒီမှာ မရှိရင် မင်း လမ်းပျောက်တော့မယ်....''

လုချင်းယီ တခစ်ခစ်ရယ်လိုက်ကာ သူ့နောက်သွားလိုက်ပြီး.....

" လမ်းပြပေးတော့လေ...ယောကျၤား....!''

19.6.2020💓💓

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now