၅၀။ ပထမဦးဆုံး..... ဒိတ်

Začít od začátku
                                    

"ဘယ်ကို သွားမှာလဲ...?''
သူမက ကြိုးသိုင်းဖိနပ်လေးကို ချည်ရင်းပြောလိုက်၏။ သူကလည်း သူမနဲ့ ပထမဦးဆုံး ဒိတ်ဆိုတော့ ဘယ်သွားရမလဲဆိုပြီး  အပြေးအလွှား စဉ်းစားလျက်.....

ရှန်းရီက သူ့ဇနီးလေးကို သေချာ ကြည့်လိုက်၏။
ဒီအတိုင်းဆိုရင် ယောင်္ကျားလေးတွေ အားလုံးရဲ့ မျက်လုံးတွေက သူမဆီကို ရောက်လာလိမ့်မည်။
မရဘူး.... ၊ သူ့မိန်းမကို သူပဲ သေချာကြည့်ခွင့်ရှိတယ်.....!

လုချင်းယီက ထိုင်နေရာကနေ ထလိုက်ကာ သူ့ဆီကို လက်ကမ်းပေးလိုက်၏။

" ကျွန်မ စိတ်မပြောင်းခင် မြန်မြန်သွားရအောင်...!''

" မင်းစကားတွေကိုလည်း ပြောင်းလို့မရတော့ဘူး....ကတိတည်ရမယ်လေ....''

သူက ရှပ်အင်္ကျံနဲ့ ပေါ့ပါးတဲ့ ဘောင်းဘီကို ဝတ်ဆင်ထား၏။

"ကျွန်မ ကတိပေးထားတာကို မေ့သွားပြီ...''
သူမက မခံချင်အောင် စနောက်လာသည်။

" မရဘူး....၊လာပါ... သွားရအောင်...တက္ကစီနဲ့ သွားမလား ရထားနဲ့သွားမလား...?''

" အာ...၊ ဒီနေရာနဲ့ အရမ်းဝေးတာလား...?''

" အင်း...''

" လမ်းပဲ လျှောက်ရအောင်...၊ လမ်းတစ်လျှောက်က မြင်ကွင်းတွေကို ကြည့်လို့ရတာပေါ့...''
သူမက ရယ်ရင်း လမ်းဆက်လျှောက်ဖို့ ပြင်၏။
ရှန်းရီက သူမလက်မောင်းကို ဖမ်းဆွဲလိုက်ရင်း...

" မင်းလမ်းမှား​နေပြီ...ချင်းယီ...၊တွေ့လား... ကိုယ်သာ ဒီမှာ မရှိရင် မင်း လမ်းပျောက်တော့မယ်....''

လုချင်းယီ တခစ်ခစ်ရယ်လိုက်ကာ သူ့နောက်သွားလိုက်ပြီး.....

" လမ်းပြပေးတော့လေ...ယောင်္ကျား....!''

19.6.2020💓💓

Unicode.....

၅၀။ ပထမဦးဆုံး..... ဒိတ်

အစည်းအဝေးက ချောမွေ့စွာ ပြီးဆုံးသွားပြီး ရှန်းရီ...၊ နေ့လည်စာစားရင်း တိတ်တဆိတ်ဆွေးနွေးရမယ့်သူနဲ့ တွေ့ဆုံလိုက်၏။

အလုပ်တွေအားလုံးပြီးတော့မှ ရှန်းရီနှာခေါင်းလေးက အနားရသွားတော့သည်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Kde žijí příběhy. Začni objevovat