(ငါ့အဖေ ငါစာမေးပွဲကျလို့ လွတ်သွားတာတော့ မဟုတ်တန်ကောင်းပါဘူးနော်။)

"ဟာ့ ငါ့သားရ ဘာလို့ကျရမှာလဲကွ။ ငါ့သားက စာမေးပွဲမကျတဲ့အပြင် ဂုဏ်ထူး၂ခုနဲ့တောင်အောင်တာကွ။ ငါ့သားကွ ငါ့သား။ ဒါမှငါ့သား။ ဟားးးးးးးးးးးးးးးးး"

အဖေတယောက်ငိုလိုက်ရယ်လိုက်နဲ့ ကျတော့်ကိုဖတ်ထားလိုက်တာလည်း လွှတ်ကိုမလွှတ်တော့ဘူး။

တော်တော်ကြာကြာနေလို့ လူရှင်းသွားမှ သားအဖ၂ယောက်နောက်တစ်ခေါက်ပြန်ဝင်ကြည့်ကြတယ်။ ကျတော် ရူပဗေဒနဲ့ ဇီဝဗေဒ ၂ဘာသာဂုဏ်ထူးနဲ့ စာမေးပွဲကို အောင်မြင်ခဲ့တယ်။ ကျေနပ်တဲ့အထိ ကြည့်ပြီးမှ သားအဖ၂ယောက်အိမ်ပြန်လာခဲ့ကြတယ်။

အိမ်ပြန်အလာလမ်း ရပ်ကွက်ထိပ်လည်းရောက်ရော အမေ့ကို ဆိုက်ကားကြီးနဲ့ တွေ့လိုက်ရတော့ တော်တော်အံ့သြသွားတယ်။

"အမေ ဘယ်သွားမလို့လဲ။" ကျတော်အော်မေးလိုက်တယ်။

"အမလေးတော်။ ပေါ်တော့လာကြသေးသားပဲ။ ကျတော်မျိုးမကြီးမှာစိတ်ပူလွန်းလို့ မောင်တိုးဆိုက်ကားခေါ်ပြီး လိုက်လာမလို့တော့။ ဘယ့်နှယ့်သားအဖ၂ယောက် နေမထွက်ခင်ကတည်းကအောင်စာရင်းကြည့်သွားလိုက် တာ တခြားသူတွေသာ အလျိုလျိုပြန်လာကြတယ် သူတို့ကပေါ်မလာဘူး။

ငါ့မှာစိတ်ပူလွန်းလို့ ရူးတော့မယ်။ ကျလို့များလား။ သားအဖ၂ယောက်သတ်များနေကြပြီလားနဲ့ စိတ်ထဲနေမရလွန်းလို့ မောင်တိုးခေါ်ပြီး လိုက်မလို့လုပ်နေတာတော့"

"ဟ မိန်းမရ တခြားသူတွေပြန်လာတာနဲ့မယှဉ်နဲ့ဟ။ ငါ့သားကတခြားသူတွေလိုမဟုတ်ဘူးဟ။ နောက်ပြီး ဘာကျရမှာတုန်း ဖွီ သွား မင်းပါးစပ်ဆေးစမ်း။ ငါ့သားက သူများတွေတဖုန်းဖုန်းကျတဲ့ ၁၀တန်းစာမေးပွဲကို ဂုဏ်ထူး၂ခုကြီးများနဲ့တောင်အောင်တာကွ ဟားးးးးးးးးးးးးး။ အာ့ကြောင့်ငါတို့ကကြာနေတာ မိန်းမရ။"

ဆိုင်တာတွေရော၊ မဆိုင်တာတွေပါ ပျော်ရွှင်နေတဲ့အဖေက အာပေါင်အာရင်းသန်သန်နဲ့ပြောပြီး သဘောတကျရယ်မောနေတယ်။ ကျတော်တို့လိုဆင်ခြေဖုန်းအရပ်တွေမှာနေတဲ့လူငယ်တွေအတွက်ကတော့ ၁၀တန်းစာမေးပွဲဆိုတာ ကျော်ရခက်တဲ့တောင်ကြီးတစ်ခုလိုပါပဲ။

ငါတို့ဝေးသွားရင်........ပြန်မဆုံဖြစ်ကြရင် (Completed 🤍)Место, где живут истории. Откройте их для себя