- ၁ . ၁ -
1.8K 108 1
Zawgyi
ဖြူဖွေးနေသော တိမ်စိုင်များက စိမ်းစိုနေသောမြက်ခင်းများကို ပါးလျလျ ဖုံအုပ်ထားသည်။ဖြတ်ကျော်တိုက်ခတ်လာသော လေညှင်းက မြက်ခင်းစိမ်းများကို
အံ့အားသင့်စရာကောင်းလှအောင် လှိုင်းထနေပြီး
ကောင်းကင်ကကြည်လင်သန့်စင်နေပြီး ပြာလွင်သော တိမ်များ ယှက်သန်းနေသည်။
မိုးရွာသွန်းပြီးကာစမို့ မြေသင်းနံ့ သင်းသင်းက မြက်ခင်းလွင်ပြင် တစ်ခွင်ပျံ့နှံ့ နေပြီး တစ်ယောက်ယောက် အသက်ရှူ လိုက်ရင် အဆုတ်ထဲထိ ပြည့်တက်လာမည်ဖြစ်သည်။ ကောင်းကင်ရဲ့အဆုံးမှာတော့
မိုးကောင်းကင်ပြာနဲ့ မြက်ခင်းစိမ်းတို့ ဆုံမှတ်က ပျော့ပျောင်း ကော့ညွှတ်ကာ နူးညံ့စွာ နိမ့်ဆင်းသွားသည်။
အဆုံးမရှိအောင် စိမ်းစိုနေသော မြက်ခင်းစိမ်းများ
ကြားတွင် အဖြူ အဝါ ပန်းပွင့်များက ညင်သာစွာယိမ်းနွဲ့နေသည်။မြက်ခင်းလွင်ပြင်တွင် နေထိုင်သော
ကြမ်းတမ်းသော ကိုယ်ဟန်ရှိသည့် စစ်သည်တော်
သုံးယောက်စု ငါးယောက်စု က ခန့်ညားမြင်းများကို စီးနင်းကာ လက်ထဲက ကြာပွတ်ကိုဝှေ့ယမ်းပြီး
သိုးအုပ်ကိုထိန်းကျောင်းလာကြသည်။
ရုတ်တရက် သန်မာဖြတ်လတ်သောလူတစ်စုက
မြက်ခင်းစိမ်းတွေ အစွန်းမှ မြင်းခွာသံတွေနဲ့အတူ အဝေးမှ ထွက်ပေါ်လာသည်။
စစ်သည်တော်တစ်ဦးက တိရိစ္ဆာန်အရေခွံ ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို ချည်နှောင်မထားပဲ ဖားလျားချထား ကာ အပြားကြီးကြီး နှဖူးစည်းကို ခေါင်းတွင် စီးထားပြီး ပါးတစ်လျှောက် တွင် မုတ်ဆိတ် မွှေးများ ရှိနေသည်။ ထိုသူက ကိုယ်ကို ရှေ့သို့ကိုင်းလိုက်ကာမြင်းစီးကွင်း ပေါ်မှာ ရပ်လိုက်ပြီး လက်တစ်ဖက်ကဇက်ကြိုးကို ထိန်းထားပြီး တခြားတစ်ဖက်ဖြင့်
မြင်းကိုကြိမ်တို့ လိုက်သည်။ အလောကြီးဟန်နဲ့
ပျော်ရွှငိမှု အရိပ်အယောင်တွေက သူ့မျက်လုံးများမှာ
ပေါ်နေသည်။
"သွားစမ်း"
ခေါင်းဆောင်အမျိုးသားရဲ့လက်အောက်က မြင်းက
အမိန့်နာခံသည့်ဟန်ဖြင့် ပျော်ရွှင်စွာ ဟီသံတစ်ချက်ပေးကာ ကဆုန်စိုင်းသွားသည်။လူအုပ်ကြီးက
အနောက်ကနေ အနည်းလှမ်းကာ ကျန်ခဲ့သည်။
ရှည်လျားသောလည်ဆံမွှေးနဲ့ ခန့်ညားသောမြင်း၊
စည်းနှောင်မထားသော ဆံပင်တွေ နှင့်အမျိုးသားတို့ဟန် မှာ လေထဲတွင် ကခုန်သလိုဖြစ်နေသည်။
ယောက်ျား တစ်ယောက်... နဲ့.. မြင်းတစ်ကောင်..၊
လွတ်လပ်ပွင့်လင်းပြီးစိတ်အားထက်သန်မှုတို့ အတိုင်းသား ပေါ်လွင်နေသည်။
မြင်းစီးသမားက လူအုပ်ကြီးရဲ့ရှေ့ကနေ မောင်းနှင်လာပြီး မြင်းပေါ်ကနေမီတာ အကွာအနည်းငယ် အလို မှာခုန်ချပြီး ဒူးတစ်ဖက်ထောက်လိုက်သည်။
လူတစ်ယောက် မြင်းဇက်ကြိုးကိုဆွဲသွားသည်၊၊
ထိုလူနောက်မှ လိုက်လာသော စစ်သည်တော်များက တစ်ယောက်ပြီးတစ်ယောက်ရပ်တန့်သွားသည်။
တစ်ယောက်မှ ရှေ့မတိုးပေ။
" ဘာဖြစ်တာလဲ"
အမျိုးသား၏ အသံက ခေါင်းလောင်းသံတစ်ခုလို ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ဖြတ်လတ်ခြင်းအပြည့်နဲ့..
"Khagunကိုလျှောက်တင်ပါတယ်...khatunကစပြီး မီးဖွားနေပါပြီ.."
သမားတော်၏ ခန့်မှန်းချက်အတိုင်းဆိုလျှင် မွေးဖွားဖို့ သုံးရက် လိုသေးသည် ဖြစ်သည်။အမျိုးသားက
သူ့လူတွေနဲ့အတူ ပုန်ကန်သောလူမျိုးစုတွေကို အမြန်
နှိမ်နင်း ဖို့ခေါ်သွားတာဖြစ်သည်။ ဒါပေမဲ့ တစ်နေ့နဲ့တစ်ညလုံး အမြန်ဆုံး ခရီးနှင်လာတောင် အနည်းငယ် နောက်ကျသွားသေးသည်။
အသံတစ်ချက်ပေးလိုက်သည်နင့် စောနက မြင်း
က ပြန်ရောက်လာသည်၊ ထိုသူ က မြင်းကို အဟန့်အတားမရှိ လမ်းတစ်လျှောက် မောင်းနှင်သွားသည်။ ကြီးမားသော ရွက်ဖျင်တဲရဲ့အရှေ့ကို ရောက်တာနဲ့ ထိုသူ က မြင်းရဲ့ကျောပေါ်က ခုန်ဆင်းလိုက်သည်။မြက်ခင်းလွင်ပြင် လူမျိုးစုများမှာ တဲအပြင်ဘက်တွင်စုဝေးနေသည်။အမျိုးသားကိုမြင်သည်
နှင့် လူအုပ်မှာ ဒူးတစ်ဖက်ထောက်ပြီး
"Khaganကို ဂါရဝပြုပါတယ်"
ခြောက်ယောက်သော လူနည်းစုသာရှေ့သို့ ခေါင်းညွှတ်ပြီး အရိုအသေပြုကာ အမျိုးသားကို
"Khagun"
နာကျင်စွာ ငိုကြွေးသံနဲ့အော်ဟစ်သံတွေက ရွက်ဖျင်တဲအတွင်းမှ လွင့်ပျံ့  လာသည်၊ မြတ်နိုး စိတ်ပူသော အရိပ်အယောင်က အမျိုးသား၏ သွင်ပြင်နှင့် မလိုက်ဖက်စွာ သူ့မျက်လုံးထဲတွင် ပေါ်ထွက်နေသည်။ ထိုသူ က ရွက်ဖျင်တဲအဝင်ဝသို့လျှောက်လှမ်းသွားသည်။ ဒါပေမဲ့ မှော်ဆေးဆရာက တားဆီးကာ
"Khagan madamကခုချိန်မှာ မီးဖွားနေတဲ့အတွက်
အရှင့်အနေနဲ့ ဝင်လို့မသင့်တော်ပါဘူး.."
အမျိုးသား၏အကြည့်က ကျားတစ်ကောင်လိုစူးရဲ
ပြီး ဓားတစ်ချောင်းလို ချက်ချင်း လက်ခနဲ ဖြစ်သွားသည်။
မှော်ဆေးဆရာ တစ်ချက်တုန်လှုပ်ကာ နောက်သို့ဆုတ်သွားသည်။ ထိုသူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ရွက်ဖျင်တဲအတွင်းသို့ ခြေလှမ်းသွာသည်။
အဆက်မပြတ် အော်ငိုနေသော အသံစူးစူး တစ်ခုက ပျံ့လွင့် လာသည်...။အမျိုးသားက လျင်မြန်သော အရှိန်ဖြင့် အိပ်ရာဘေးသို့ ကပ်သွားသည်..၊
"မိန်ကျီ ဘယ်လိုနေလဲ.."
ဝင်လာသောသူကိုမြင်သောအခါ အမျိုးသမီးက နှုတ်ခမ်းများကို ပြုံးဖို့ အားယူလိုက်သည်။အမျိုးသမီး၏ နက်မှောင်သော ဆံနွယ်များက သူမမျက်နှာတွင် ကပ်ငြိနေပြီး..၊အသားအရေက ဖျော့တော့နေသည်..။ဒါပေမဲ့ သူမ အားနည်းနေပုံပေါ်သော်လည်း
တောက်ပရွှန်းစိုနေသောအရိပ်အားသူမမျက်လုံးထဲတွင်ရှင်းလင်း စွာ မြင်နေရသည်။
အမျိုးသမီးက တိုးညင်းသောအသံဖြင့်
"Khagun" ..နူးညံမှုဖြင့် ခေါ်လိုက်သော အသံက မြက်ခင်းလွင်ပြင် လူမျိုးစုအသံမပေါက်ပေ..။
အမျိုးသားမှာ အလွန်အရပ်မြင့်မားပြီး သန်မာသောကိုယ်ဟန်ရှိသည်၊ဒါကြောင့် သူက အိပ်ရာဘေးသို့ ဒူးတစ်ဖက်ထောက်ပြီးထိုင်ချလိုက်သည်။ကြီးမား
သောသူ့လက်ချောင်းများက အမျိုးသမီး၏ မျက်နှာကို
အသာအယာပွတ်သပ်ကာ ချွေးများကို ဖယ်ရှားပေးလိုက်သည်။ကြမ်းထော်နေသာ လက်ချောင်းများနှင့်
နူးညံ့သော အသားအရေ က သိသာစွာ ကွာခြားနေသည်။
"ကိုယ် ခနနေ ပြန်လာခဲ့မယ်"..
"Khagun ကလေးက ယောက်ျားလေးလား..မိန်းကလေးလား.."
အမျိုးသား၏အကြည့်က ဘေးသို့ တချက်ဝေ့သွားသည်။
"ယောက်ျားလေး..ကိုယ်တို့ရဲ့ ပထမဆုံးကလေးက
ယောက်ျားလေး.."
အမျိုးသမီးမှာ စိတ်အကြီးအကျယ် သက်သာရာရသွားဟန်ဖြင့် သူမအပြုံးမှာ ပွင့်လန်းလာသည်။
ထို့နောက်မှာတော့ သူမမျက်လုံးများတဖြည်းဖြည်းဖျော့တော့စွာ ပိတ်ကျသွားသည်၊ အမျိုးသားမှာ ရုတ်တရက်ထိတ်လန့်သွားပြီး သူမ အသက်ရှူ နှုန်းကို စမ်းသပ်ပြီး စိတ်အေးသွားသည်။ ထို့နောက် အမျိုးသားက သားမွေးစောင်ကို သူမကိုယ်ပေါ်သို့ လွှမ်းခြုံပေးလိုက်သည်။