အခန်း ၈၁

4.9K 415 4
                                    

အိုး... မင်းမရိုးသားဘူးလား?

"ဟုတ်တယ်... အဲဒါ ငါပဲလေ" ဟု လင်ရှီးရီက ပေါ်တင်ဖြေသည်။

တိတ်တဆိတ်လန့်သွားခဲ့ပေမယ့် ချောင်က ရိသဲ့သဲ့ လှောင်ပြုံးပြုံးလိုက်သည်။

အဲ့အပြုံးနဲ့ပဲ ပြောသည်။

" အိုး ... မင်းမရိုးသားဘူးလား? "

"မင်း သိအောင်ပြောရရင် ဒို့ကမင်းကိုမကြောက်လို့ကို လုပ်ရဲတာ"

နူတ်ခမ်းနီကို ဆိုးပြီး အရောင်ပြန့်အောင် ပါးစပ်ကို ဖိရွှေ့သည်။

ချောင်ကို လှည့်ကြည့်ပြီး အိတ်ထဲက မက်စကာလာကို ထုတ်၏ ။

"ဘာလဲ? ဒို့မင်းကိုလုပ်ကြံတာ သိသွားလို့ ပြန်ကလဲ့စားချေဖို့ ဂွင်စောင့်နေတာလား? ဒါမယ့် ဘယ်လိုပြန်ကလဲ့စားချေမှာလဲ? ဆေးခတ်ပြီးတော့လား? ဒါမှမဟုတ် ဒို့ကိုအပြတ်ရှင်းဖို့ ဒေါက်ဖိနပ်က ဒေါက်တွေပြန်ချိုးမှာလား? "

လင်ရှီးရီက မျက်နှာတိမျက်နှာထားနှင့် ပြောသည်။

"လုပ်လေ...မင်းလုပ်နိုင်ရင် လုပ်ကြည့်ပေါ့"

ချောင်က တခစ်ခစ်ရယ်သည်။

"မလင်ရှီးရီရယ်... အရမ်းအတွေးလွန်နေတာပဲ။ ကျွန်မသာ ရှင့်ကိုလက်စားချေကြေးဆို သူများသုံးပြီးသားနည်း မသုံးပါဘူးရှင်။ ပြီးတော့ လက်စားချေဖို့တောင် မတွေးမိပါဘူးနော်။ ကျေးဇူးတောင် တင်ရဦးမယ်။ ရှင့်ကြောင့်သာမဟုတ်ရင် လူတွေတပုံကြီး ဒီနေ့ခင်းက ကျွန်မသရုပ်ဆောင်တာကို လာကြညိ့ကြမှာ မဟုတ်သလို ဒါရိုက်တာကြီး ခဏခဏချီးမွမ်းတာလည်းခံရမှာမဟုတ်ဘူးရယ်။ ဒါ့ကြောင့် ကျေးဇူးပါပဲနော် မလင်ရှီးရီ"

ချောင့်စကားလုံးတိုင်းက လင်ရှီးရီ နှလုံးကို ထိမိလှ၏ ။

သူမက ချောင့်ကို အပြတ်သတ်ချေမူန်းပစ်ခဲ့ချင်လို့ လုပ်ကြံခဲ့ပေမယ့် အဲဒါက ချောင့်ကိုပိုတောင် မျက်နှာပန်းလှအောင် လုပ်မိစေခဲ့ရုံမက ဒါရိုက်တာရဲ့လေးစားမှုကိုပါ ရခဲ့၏ ။

အံကိုကြိတ်ပြီးသာ "ရပါတယ် မချောင်" ဟုပြန်ဖြေခဲ့သည်။

လင်ရှီးရီ ပြောပြီးပြီး သူမအိတ်ကိုဆွဲကာ ထွက်သွားမည်အလုပ် ထုတ်လုပ်သူ ဆန်းဟာ ချောင့်ကို အမြဲတမ်းဂရုစိုက်ခဲ့တဲ့ပုံကို မြင်ယောင်ရင်း ခြေလှမ်းတွေရပ်ပြီး ချောင့်မျက်နှာဘက် လှည့်ခဲ့သည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now