အခန်း ၁၄ - မေတ္တာတရားရဲ့လူပ်ရှားမှုအသေးအဖွဲများ

7.3K 783 12
                                    

ချောင်အန်းဟောင်အနေဖြင့် လုကျင်းညန် သူ၏ဖုန်းကို တစ်ခါတစ်ခါ အသံတိုးတိုးဖြင့်သုံးနေသည်ကို ရှင်းရှင်းလေးလေး ကြားနေရသည်။

အချိန်ကြာသွားပြီးနောက် သူ့ဖုန်းကို Lock ချလိုက်၏ ။ လုံးဝတိတ်ဆိတ်နေသော အခန်းထဲသို့ လျို၍ဝင်လာသည်။

သူ့ရဲ့အသက်ရှူထုတ်သံများ ကြားနေရသည်ထိကို တိတ်လွန်းနေပေသည်။

ချောင်အန်းဟောင် အလျင်အမြန် လဲအိပ်ခဲ့သည်။

သူမ သက်တောင့်သက်သာ ဖြစ်မနေသည့် အနေအထားတွင် ရှိခဲ့သော်လည်း သူမမလူပ်ခဲ့ပါ။

သက်တောင့်သက်သာဖြစ်အောင် အခြားနေရာပြောင်းလှည့်အိပ်တာတောင် ဂရုစိုက်ပြီး လှည့်အိပ်ခဲ့သည်။

အခုလောက်ထိ သေချာသတိထားအိပ်နေတာတောင် လုကျင်းညန်ကို အနှောင့်အယှက်ပေးသလို ဖြစ်နေသေး၏ ။

လုကျင်းညန် ဒေါသအိုးပေါက်ကွဲပြီး ရုတ်တရက် အားပါပါနှင့် ဘေးစောင်းလှည့်အိပ်သွားသည်။

သူထိုကဲ့သို့ ဘေးလှည့်သွားသည့်အတွက် သူမ လန့်သွားရုံမက တုပ်တုပ်ပင် မလူပ်ရဲတော့ပေ။

လုကျင်းညန် စိတ်မကြည်နေသည့်အနေအထားထဲမှာ ရှိနေ၏ ။

အကြောင်းတစ်ခုခုကြောင့် သူ့ကိုဒေါသထွက်စေနေဘိသကဲ့သို့ (ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်) လူးလွန့်နေသည်။

သူလုပ်နေသမျှကို အာရုံရောက်နေသောကြောင့် သူမလည်း အိပ်မပျော်တော့ပါ။

ရုတ်တရက်ဆိုသလို ထ ထိုင်လိုက်၍ သူ့စောင်ကို ဆောင့်ဖယ်လိုက်တော့သည်။

ချောင်အန်းဟောင်ခမျာ သူ့ကို ဖိတ်ဖိတ်တုန်အောင် ကြောက်နေရှာသည်။

မျက်လုံးများ မဖွင့်ရဲသည်အထိပင်။ လူပ်လည်း မလူပ်ရဲတော့။

ခြေသံများ ၊ မီးညှိနေသည့်အသံများကို ရေးတေးတေးကြားနေရ၏ ။

ဖြည်းဖြည်းချင်း ဆေးလိပ်ဖွာသည့်အနံ့များက တစ်ခန်းလုံးပျံ့လာခဲ့တော့သည်။

သူမ မှတ်မိသလောက် လုကျင်းညန်က ဆေးလိပ်သောက်တတ်သည့်သူ မဟုတ်ပေ။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now