အခန်း ၅၂

5.5K 493 9
                                    

အခန်း ၅၂

ကျွန်မတို့စတွေ့ခဲ့တုန်းက အကြောင်းပြန်တွေးရင်း...

အပြင်လူတစ်ယောက်အနေနဲ့ သူမက ရွှေပေါ်မြတင်နေရသူလို့ မြင်ပေမည်။

အခြားမိန်းကလေးများက ဖုန်းကို မဂ္ဂဇင်းတွေထဲမှာသာမြင်ဖူးနေကြချိန် သူမမှာ လှပတဲ့ဖုန်းလေးတစ်လုံးနှင့် အဝတ်အစားကောင်းများရှိသည်။

သူမက သမီးရင်းမဟုတ်ခဲ့သော်လည်း အဒေါ်နှင့် ဦးလေးသည် ညီအစ်မဝမ်းကွဲကို ဆက်ဆံသလိုမျိုး တင်းတင်းကျပ်ကျပ် မဆက်ဆံခံခဲ့ရပါ။

သူမတို့နှစ်ယောက် ရန်ဖြစ်ကြသည်ဆိုပါက သမီးရင်း အန်ရှားကိုသာ အပြစ်ပေး၏ ။

အန်ရှားကိုသာ ဆူပူ၏ ။

ကွဲပြားသောဆက်ဆံမှုက မွေးစားသမီးနှင့် သမီးရင်းဟူသော ထင်ရှားမှုကို ပေါ်လွင်ခဲ့သည်။

မည်သို့ပင်ဆိုစေ သူမကအမြဲတမ်း အပြင်လူပင်။

သူမရဲ့ ကိုယ်ကိုင်အိမ်နှင့်မိသားစုမှာ ၁၀ နှစ်သမီးတွင် အားလုံးပျက်စီးဆုံးရူံးသွားခဲ့လေပြီ။

ထိုမှစ၍ ချောင်သည် အန်ရှားကို ရန်မဖြစ်တော့ချေ။

သူမတွေးခဲ့သည်က သူမသည် လုနှင့် မဆုံခင်အချိန်ထိ လူငယ်ဘဝသည် အမြဲတမ်းထာဝရ အပြစ်ကင်းစင်နေခဲ့ပေလိမ့်မည်ကို။

ထိုနေ့... သူမနှင့် သူမသူငယ်ချင်းတွင် အခန်းသန့်ရှင်းရေးတာဝန်ရှိခဲ့၏ ။

အတန်းပြီးနောက် ကောင်းကင်သည် ကြည်လင်နေပြီး နေသာခဲ့၏ ။

စာသင်ခန်းတံခါးကို သော့ခတ်ပြီး လမ်းလျှောက်ထွက်ကြသည်။

ချောင်ဟာ သူမအိတ်ကို ပွေ့ပိုက်ပြီး ကားမှတ်တိုင်ဆီ တစ်ဟုန်ထိုးသွားသည်။

လမ်းတစ်ဝက်တွင် မိုးရွာစပြုလာလျက် ချောငအလည်း လွယ်အိတ်ကိုပိုက်ပြီး အနီးစပ်ဆုံးအမိုးအောက်တွင် မိုးဝင်ခို၏ ။

အခြားတစ်ယောက်လည်း ပြေးလာပြီး မိုးခို၏ ။

စပ်စပ်စုစုဖြင့် သူမခေါင်းကို မော့လိုက်ပြီး ထိုသုကို လျှပ်တစ်ပြက်ကြည့်မိသည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now