အခန်း ၃၄ - ရုပ်ရှင်အဖွဲ့ထဲ တရားဝင်ပါခြင်း

5.7K 578 16
                                    


ဆောင်ရှန်စီ တစ်ယောက်သာ မီနူးကို ယူခဲ့သည်။

ခပ်ကျော့ကျော့ဖြင့် မီနူးကို ဖွင့်လိုက်ပြီးနောက် သူမအကြိုက်ဆုံး ဟင်းပွဲနှစ်ပွဲကို မှာသည်။

ချောင်အန်းဟောင်သာ သူမရှေ့ မီနူးရောက်သည့်အချိန်မှ ပြန်အသိဝင်သွား၏ ။

စားပွဲထိုးကို မီနူးပြန်ပေးပြီး သူမ ဘာမှမမှာချင်ဘူးဆိုတာကို လက်ရမ်းပြရင်း ခပ်ရေးရေးလေး ပြုံးပြ၏ ။

စားပွဲထိုးထွက်သွားပြီးနောက် သူမရှေ့တည့်တည့်မှာရှိတဲ့ လုကျင်းညန်ကိုကြည့်ဖို့ ခေါင်းမော့လိုက်သည်။

ဧည့်ခန်းမှာကြီးဟာ မီးရောင်နွေးနွေးများဖြင့် မသဲမကွဲ လင်းနေပြီး အလင်းရောင်ခြည်တန်းတစ်ခုက လုကျင်းညန် မျက်နှာဆီကို ထိနေသည်။

သူ့ဘေးမှာတော့ 'ညို့ယူဆွဲဆောင်ချိန်' ရဲ့ ဒါရိုက်တာ ထိုင်နေ၏ ။

လုကျင်းညန် ဟာ ဒါရိုက်တာပြောသမျှကို ခေါင်းတညိမ့်ညိမ့်ဖြင့် နားထောင်နေခဲ့သည်။

ချောင်အန်းဟောင် သူ့ကိုစိုက်ကြည့်နေသည်ဟု ခံစားရသဖြင့် သူရုတ်တရက် လှည့်ကာ သူမကို တည့်တည့်ကြည့်လိုက်သည်။

ချောင်အန်းဟောင် လန့်ဖျပ်ပြီး ရှောင်မန်းကို စကားပြောဟန်ဆောင်လိုက်သည်။

သူမ ကြည့်နေသည်ကို မိလုနီးပါးပင်။

လုကျင်းညန် ကို နောက်ထပ် ထပ်မကြည့်ရဲတော့ပါ။

ဤကဲ့သို့ ညစာစားပွဲမှာ အရက်ကတော့ ကျိန်းသေပေါက် ပါလိမ့်မည်။

လုကျင်းညန် ရှိသောကြောင့် ထုတ်လုပ်သူဆန်းဟာ သဘောမနောကောင်းစွာ တော်ဝင်ဆလော့ ဝီစကီ နှစ်ပုလင်းကို မှာလိုက်သည်။

စားပွဲထိုးဟာ ထုတ်လုပ်သူဆန်းတို့ဝိုင်းက လူတိုင်းအတွက် ၂ ကြိမ် ၃ ကြိမ်ထိ တစ်ခွက်ချင်းစီ ငှဲ့ထည့်ပေးခဲ့သည်။

အားလုံးက အကင်တွေကို လှမ်းယူခဲ့ကြပေမယ့် လုကျင်းညန် ကတော့မယူဘဲ သူ့ခွက်ကိုသာ လူပ်ရမ်းနေခဲ့လျက်။

ကျန်တဲ့လူတွေ လာနူတ်ဆက်ကြပေမယ့် ခေါင်းသာညိတ်ပြသည်။

တခြားကမ္ဘာမှ လာခဲ့သော ဂြိုဟ်သားပမာ သူ့မျက်နှာကတော့ ရေခဲရိုက်ထားသလိုဖြစ်ပြီး ခံစားချက်သည် ဗလာနတ္ထိ။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now