အခန်း ၇၂

4.4K 410 6
                                    

ဝက်ဝက်ကွဲလူကြိုက်များပြီး တန်ဖိုးအနှစ်သာရရှိသော သရုပ်ဆောင်ချက်

ရုပ်ရှင်ရိုက်မှု ပြီးဆုံးခဲ့ပြီ။

ဒါရိုက်တာက 'Cut' လို့အော်တာကို စောင့်နေကြသဖြင့် အကုန်လုံးငြိမ်နေသည်။

ချောင့်လက်ချောင်းလေးတွေ လုရဲ့မျက်နှာပေါ် ကြင်နာစွာပွတ်သပ်နေသည့် အခိုက်အတန့်က လုတစ်ကိုယ်လုံးကို တောင့်တင်းသွားစေသည်။

သူ့ကိုယ်ပိုင်ပြင်းထန်တဲ့ထိန်းချုပ်မှုကို ပြန်မလုပ်ရင်
အိပ်နေသည့်အတိုင်းသရုပ်ဆက်ဆောင်လို့ မရပေ။

ချောင့်အသံနုနုလေးဖြင့်
"အစ်ကိုချစ်တဲ့လူက ဘာ့ကြောင့်ညီမမဟုတ်တာလဲဟင်?" လို့မေးတုန်းက ကင်မရာနဲ့ခပ်ဝေးဝေးမှာ သူ့ခန္ဓာကိုယ်အနေအထားကို တင်းဆုပ်ခဲ့သည်။

သူမ သူ့ရင်ဘတ်ပေါ်မှီချလိုက်တော့ သူ့နှလုံးခုန်သံမြန်နေတာတွေကိုတောင် ကြားရပြီး အသက်ရှူမမှန်တော့တာတွေတောင် ဖြစ်လာ၏ ။

့မကြာခင် သူ့အင်္ကျီပေါ်မှာ အစိုဓာတ်ကို ခံစားမိလာသည်။

ဒါ သူမရဲ့မျက်ရည်တွေလား?

လု ဘယ်လိုမှတောင့်မခံနိုင်တော့ဘဲ သူ့မျက်လုံးတွေဖွင့်လိုက်ပြီး ချောင်ငိုနေတာကို တည့်တည့်ကြည့်မိသည်။

သူမရဲ့ခံစားချက်က သူ့အတွက်တကယ်ဖြစ်နေတာလို့ ခံစားမိရအောင် အလွန်စစ်မှန်သည်။

စိတ်ထဲကနေ သူမ သူ့ကိုတကယ်ချစ်ခဲ့တာလား?

သူမတကယ်ပီပီပြင်ပြင် အစ်အမှန်သရုပ်ဆောင်နိုင်တဲ့အထိလေ?

လုလည်ချောင်း လူပ်ရှားလာပြီး သူ့လက်ချောင်းတွေက သူမမျက်ရည်တွေကို အလိုအလျေညက်သုတ်ပေးဖို့ မထိန်းချုပ်နိုင်တော့ပေ။

ဒါရိုက်တာက "Cut"လို့အော်တော့ ချောင်ဟာ လုရင်ဘတ်ပေါ် တစ်စက္ကန့်လေးတောင် မနေတော့ဘဲ အမြန်ထွက်သွားသည်။

အဲဒီလိုမျိုးဖြစ်သွားတော့ လုလက်က လေထဲမှာ တန့်သွား၏ ။

သူ ချောင့်ကို ဂရုတစိုက် လေ့လာကြည့်ခဲ့ပေမယ့်လည်း ဝမ်းနည်းနေတဲ့အရိပ်အယောင်တွေကို သတိမပြုမိပေ။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now