အခန်း * ၁၉၁ - ၂၀၀*

2K 113 15
                                    


ဘာလို့ ကိုယ်မဖြစ်နိုင်ခဲ့တာလဲ?


သူ့စိတ်ထဲမှာ တွေးနေခဲ့တာက သူမနှင့်အတူတူ အထက်တန်းကျောင်းကို တစ်ကျောင်းထဲ တက်ချင်ခဲ့သည့်အချိန်ကို သတိရမိပြီး ၊

အလုပ်လုပ်ခဲ့ရင်း နေပူကျဲကျဲဒဏ်ကို ခံခဲ့ရတာကိုပါ ပြန်မှတ်မိလာသည် ။

အထက်တန်းနှစ်နှစ်တုန်းက သူမရဲ့မွေးနေ့မှာ ရှီကျားမူက ရုတ်တရက် လုပ်စရာတစ်ခုခုရှိလို့ လု ကို ကိတ်မုန့်မှာပေးဖို့ တောင်းဆိုခဲ့သည် ။

ဂဏန်းငါးလုံးတန်ကိတ်မုန့်သည် ထိုစဉ်က သူ့အတွက် ကောင်းကင်ကြီးလောက် ဈေးမြင့်ခဲ့သော်လည်း သူ့ရှိစုမဲ့စုငွေအားလုံးနှင့် ဝယ်ပေးခဲ့သည် ။

ရှီကျားမူက သူ့ကို ကတ်တစ်ကတ် ပေးခဲ့ပေမယ့် တစ်ပြားမှ မသုံးခဲ့ပေ ။

ရုပ်ရှင်လောကမှာ အနိုင်ကျင့်ခံရတဲ့ချိန်တွေ ၊ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတဲ့အချိန်တွေကို မှတ်မိခဲ့သည် ။

ထိုအချိန်၌ သူ့ဘက်က တစ်ကမ္ဘာလုံးကို ရန်သူကြီးလို သဘောထားခဲ့ပြီး သူ့စိတ်ထဲမှာ ချောင်သာရှိခဲ့သည် ။

သူမအပေါ် ထားရှိခဲ့တဲ့ချစ်ခြင်းမေတ္တာက သူမအတွက်ဆိုရင် အရာရာတိုင်းဟာ ထိုက်တန်လျက် ။

"မတရားဘူး။ နောက်ဆုံးတော့ ကိုယ် မင်းကို ဆုံးရှုံးလိုက်ရတယ်။ တောင်းပန်ပါတယ် ။ ကိုယ်ကြိုးစားခဲ့ပေမဲ့ ။"

"ကိုယ် ဘယ်တော့မှ အရှုံးမပေးခဲ့ဘူး ။ မင်းကို ရှောင်နေခဲ့ရင် မထိခိုက်နိုင်ဘူးထင်နေလို့ ။"

သို့ပေမယ့် သူဘယ်လောက်ပဲ ရှောင်ရှောင် သူမကို လက်မလွှတ်နိုင်ခဲ့ပါ ။

ချောင် ဟန်ဂျိုးကို သုံးကြိမ်အလည်လာခဲ့ကြောင်း သူသိခဲ့လည်း သူမနှင့်တွေ့ဖို့ ငြင်းပယ်ခဲ့သည်။

ထိုအချိန်များမှာ လု သူမကို မချစ်ခဲ့တော့လို့မဟုတ်ဘဲ သူမကို မတွေ့ခဲ့သရွေ့ ဖြည်းဖြည်းချင်း မေ့သွားနိုင်ပြီး နာကျင်နေရခြင်းကနေ ရပ်တန့်ခဲ့လို ရပ်တန့်ခဲ့ငြား ... ။

"ဝမ်းနည်းစရာကောင်းတာက ကိုယ်တို့မဖြစ်နိုင်တော့ဘူး၊ ငိုနေတာကပဲ ပိုဆိုးစေတယ်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now