အခန်း ၂၇ - မင်းကိုဘယ်သူဝင်ခွင့်ပေးလို့လဲ?

6.6K 660 3
                                    


သင်္ဘောတစ်စင်းလုံး သမုဒ္ဒရာထဲသို့ နစ်မြှုပ်သွားသကဲ့သို့ ချောင်အန်းဟောင်ရဲ့ နှလုံးသားသည်လည်း ထိုနည်းတူပင် ဖြစ်ပေသည်။

ကနဦးအစပိုင်းတွင် သူ့ကိုချစ်နေသည်ကို သိမည်စိုးသောကြောင့် ရုပ်ရှင်ကားတွင် ဇာတ်ကောင်တစ်ကောင်စာပေးဖို့ တောင်းဆိုခဲ့ခြင်းဖြစ်၏ ။

ယခုတွင်မူ သူသည် သူမအား အလိုဆန္ဒပြည့်စုံဖို့အတွက် သူမခန္ဓာကိုယ်ကို အသုံးချနေသော မိန်းမတစ်ယောက်လို့ သူမြင်နေပေ၏ ။

ချောင်အန်းဟောင် စကားပြောဖို့ လုပ်နေရင်းက သူမနူတ်ခမ်းများကို ခပ်နာနာ ဖိကိုက်ချလိုက်သည်။

လုကျင်းညန် စောင့်နေခဲ့၏ ။ သို့သော်လည်း သူတွေ့နေရသည်က သူမ စကားပြောဖို့ပင် မပြင်ဆင်နိုင်ခဲ့ခြင်းပင်ဖြစ်ပေသည်။

တိတ်ဆိတ်နေသော အခြေအနေမှာ လုကျင်းညန်ရဲ့ စကားကြောင့် ပျက်စီးသွားတော့၏ ။

မင်း ဘာလို့ ဘာစကားမှ မပြောတော့တာလဲ?

ဒီနေရာကို မတွေ့တွေ့အောင်ရှာတယ် ... ငါ့ကို ဂရုစိုက်ပြီး ဆေးတွေတိုက်ပြီး ကြိုးစားပမ်းစားလုပ်ခဲ့ပြီးမှ ရသင့်ရထိုက်တဲ့ အကျိုးအမြတ်ကို မတောင်းတော့ဘူးလား?

မင်း ငါ့ကိုပြောခဲ့တယ်နော် ... ငါနဲ့အိပ်ရတာကို မင်း စိတ်မဝင်စားဘူးဆိုပြီး ...

လုကျင်းညန် စကားရပ်လိုက်သည်။

သူ ပြောနေတာတွေက တစ်ခုခုလွဲနေသည်ဆိုတာ သူနားလည်လိုက်သည်။

ပြန်တိတ်ဆိတ်သွားသည့်အခါ သူတံတွေး မျိုချသည်။

ချောင်အန်းဟောင်၏ မျက်လုံးများဆီ တည့်တည့်စိုက်ကြည့်ရင်း သူမ စိတ်ကို ဖတ်နေခဲ့၏ ။

ခံစားချက်မဲ့သွားသည့် အသံဖြင့် သူစကားဆက်ပြောခဲ့သည်။

" မင်း ဒီကို ဘာအကျိုးအမြတ်အတွက်မှ မလာခဲ့ရင် ... "

ချောင်အန်းဟောင် သူမစိတ်ကို လွယ်လွယ် ဖတ်နိုင်ခဲ့လိမ့်မယ်လို့ သူမ မျော်လင့်မထားခဲ့ပေ။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now