အခန်း ၁၇ - မေတ္တာတရားရဲ့လူပ်ရှားမှုအသေးအဖွဲများ

7.3K 772 14
                                    


တစ်နေ့ ရှီကျားမူကနေ ချောင်အန်းဟောင်ကို လုကျင်းညန်တွင် သူကြိုက်နေသည့်တစ်စုံတစ်ယောက်ရှိနေခဲ့သည်ကို ပြောပြခဲ့၏ ။

ထို့ကြောင့် လုကျင်းညန်နှင့် ဝင်တိုက်မိပြီး ဆုံခဲ့သည့်အခါ သူ့အား သူကြိုက်နေသော မိန်းကလေးဘယ်သူလဲဆိုတာကို မေးခဲ့လေသည်။

ယခင်က လုကျင်းညန် သူမကို စိတ်မရှည်သည့်အရိပ်အယောင်များပြခဲ့ပေမယ့် ထိုနေ့တွင်မူ မပြခဲ့ပါ။

နှစ်အတော်ကြာနေခဲ့တာတောင် ထိုအခိုက်အတန့်ကို ထင်ထင်ရှားရှား မှတ်မိနေခဲ့သေးသည်။

သူမ သူ့ကို အဲဒီလို မေးခဲ့တာ့ သူပြန်ပြောခဲ့သည်က ...

" ငါ ဘယ်သူ့ ကြိုက် ကြိုက် မင်းကဘာလို့ သိပ်စိတ်ဝင်စားနေရတာလဲ? ငါကြိုက်တာ မင်းမှ မဟုတ်တာ "

ထိုအချိန်တည်းက သူ သူမကို တကယ်ကြီး မုန်းနေခဲ့သည်ဟု နောက်ဆုံးသဘောပေါက်သွားခဲ့သည့် အချိန်ပင် ။

သူဘာလို့ မုန်းနေခဲ့ရသည့် အကြောင်းရင်းကို သေချာမသိခဲ့ပေမယ့်လည်း ထိုနေ့ကစပြီး သူ့ကို ရှောင်ရန် စတင်ခဲ့တော့သည်။

သူမ ရှောင်မန်းကို ပြောခဲ့သည့်အတိုင်း သူတို့နှစ်ယောက် ထိုနေ့မှစ၍ ခေါ်ပြောဆက်ဆံခြင်း မရှိကြတော့ပေ။

သူတို့ တွေ့သည့်အချိန်မှာလည်း စကားများများမပြောခဲ့ကြသလို ပြောတိုင်းလည်း သူ့စကားများမှာ အမြဲတမ်းနာကျင်စရာများသာ ။

ထိုနာကျင်စရာစကားများကိုပင် သေချာနားထောင်ခဲ့သည် က သူမ သူ့ကို အချစ်ကြီးဖြင့် ချစ်မိခဲ့သောကြောင့်ပင် ။

သူ နှင့် တွေ့ရမှာ စကားပြောရမှာကို တစ်ချိန်လုံး စကြောက်နေရကတည်းက သူစကားပြောလိုက်တိုင်းမှာ သူ့စကားတွေက သူမကို စော်ကားပြောခဲ့သည်ချည်းသာ ။

သူမတို့နှစ်ယောက် ဆက်ဆံရေးကျဲသွားထဲက သူစိမ်းနီးပါး ဖြစ်ခဲ့ကြ၏ ။

တစ်နေ့ ကံကြမ္မာက အမှတ်မထင် သူမတို့နှစ်ယောက်ကို ဖူးစာဆုံပေးခဲ့သည်။

သူမ သူနှင့် လက်ထပ်ရတော့မည်ကို သိသွားသည့်အချိန် သူမ ဘယ်လောက်ပျော်ခဲ့ရသလဲဆိုတာ ဘုရားပဲ သိပေလိမ့်မည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now