အခန်း ၃၇ - ပြဿနာဖြစ်မှာစိုးတယ်

6K 634 17
                                    

ညစာစားကြပြီးနောက် ချောင်အန်းဟောင် သန့်စင်ခန်းထဲကနေ ထွက်ခဲ့သည်။

သူမ ခန်းမကိုပြန်ရောက်ချိန်တွင် ၊ လူအများစုမှာ ထွက်ခွာသွားကြလေပြီ။

ကားပါကင်တွင်လည်း ကားများပြည့်နေသည်ကို တွေ့ခဲ့ရာ ရှောင်မန်းမှာ ကားကို အဝေးတစ်နေရာ၌ ပါကင်ထိုးထား၏ ။

ဟော်တယ်တံခါးသို့ရောက်သည်အထိ ရှောင်မန်းမှာ ကားဖြင့်သူမကို လာမကြိုသေးပေ။

သူမ စောင့်ဆိုင်းနေတုန်း ဟော်တယ်မှ ထွက်လာနေသော လုကျင်းညန်ကို မြင်လေတော့သည်။

သူမ၏ လက်ရှိအနေအထားမှာ ဟော်တယ်ရှေ့တည့်တည့်ပင်။

လုကျင်းညန် လမ်းလျှောက်လာပါက သူမကိုသေချာပေါက် ဝင်တိုက်ပေလိမ့်မည်။

လုကျင်းညန်မှာ သူမနှင့် လူရှေ့သူရှေ့ တွေ့ရသည်ကို မကြိုက်။

ပြီးလျှင် သူမကို သူ ဘယ်အချိန်တွေ့တွေ့၊ ပါးလွှာသောလေဟာနယ်ပမာ (ကိုယ်ပျောက်နေသကဲ့သို့) သူမကို ချေမိုးသွားတတ်၏ ။

သူ ချေမိုးတာ ခံရမည်ကို သိသိကြီးနှင့် စောင့်နေမည့်အစား ၊ သူမမြင်အောင်သာ ပုန်းလိုက်သည်။

သူ တစ်ခြားကိုအာရုံရောက်နေတုန်း ချောင်အန်းဟောင် ဖြည်းဖြည်းလေး လှည့်ထွက်ခဲ့သည်။

သူမ ခပ်လှမ်းလှမ်းမလျှောက်ခင်မှာပဲ ကားတစ်စီးမှာ သူမဘေးတွင် လာရပ်၏ ။

ကားပြတင်းမှန် ချလိုက်သည့်နောက်တွင် 'ချောင်အန်းဟောင်' ဟု သူမနာမည်ခေါ်သံ ကြားလိုက်ပြီး ...

နောက်လှည့်ကြည့်သော် ယာဉ်မောင်းထိုင်ခုံနောက်က ထုတ်လုပ်သူ ဆန်းကို တွေ့လိုက်သည်။

သူမ ယဉ်ကျေးစွာ ပြန်နူတ်ဆက်လိုက်သည်။

" ဆရာ ဆန်း "

ထုတ်လုပ်သူ ဆန်း မှာ ကားပြတင်းမှန်ပြင်ကို ခေါင်းထွက်ပြီး ...

" ချောင်အန်းဟောင် ၊ ဘာလို့ ဒီမှာတစ်ယောက်ထဲဖြစ်နေတာလဲ? ကားမပါဘူးလား? "

ထုတ်လုပ်သူ ဆန်းမှာ စကားပြောပြီး ချောင်အန်းဟောင်ကို နောက်တံခါးဖွင့်ပေးဖို့ ကားထဲကနေ ထွက်လာတော့သည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now