အခန်း ၇၈

4.5K 421 4
                                    


အိုး... မင်းမရိုးသားဘူးမလား?

ှုလုရဲ့စကားတွေကြောင့် ​ချောင့်နှလုံးသားထဲမှာ ပေါ်နေခဲ့တဲ့ မီးပွားလေးတစ်ခု ပျောက်ကွယ်သွားသည်။

ရှောင်မန်းပြန်ပြောလိမ့်မည်ဟု သူမယုံခဲ့သည်။

ဒါပေမယ့် လုဟာ နှစ်အတော်ကြာတဲ့အထိ ဝါရင့် သမ္ဘာရင့်သရုပ်ဆောင်မင်းသားတစ်ယောက်ဆိုတာ သူမဘယ်လိုမေ့နိုင်ခဲ့မလဲ?

သူရေထဲခုန်ဆင်းတာစိတ်ပူလို့မှ မဟုတ်ခဲ့တာ သူမသရုပ်ဆောင်တာကို လိုက်ဘက်အောင်သရုပ်ဆောင်ခဲ့တာပဲ။

ချောင်ဟာ ရေအေးထဲမှာကျခဲ့တာကြောင့် တစ်ကိုယ်လုံး အရောင်မရှိတဲ့ စက္ကူရွက်လေးတစ်ရွက်လိုဖြစ်နေခဲ့ပြီး သူမကိုယ်သူမတည်ငြိမ်အောင်လုပ်ခဲ့သည်။

သူမနောက်က မတ်တပ်ရပ်နေခဲ့တဲ့ရှောင်မန်းကတော့...

"ဒီမှာဦးလု ချောင်ချောင်က ရေထဲမဆင်းချင်ခဲ့ပါဘူး...သူ့ဒေါက်ဖိနပ်တွေကျိုးသွားလို့သာ ဟန်ချက်မထိန်းနိုင်ဘဲကျသွားခဲ့တာပါရှင်...ဒါကြောင့်အလိုက်သင့်သရုပ်ဆောင်ခဲ့တာ..."

လုဟာ ချောင် ခြေဗလာဖြစ်နေခဲ့တာကို သဘောပေါက်သွားပြီး မျက်မှောင်ကြုတ်သွားခဲ့သည်။

မျက်လုံးတွေဝင်းဝင်းတောက်တဲ့အထိ မျက်မှောင်ကြုတ်ရင်းကြုတ်ရင်း...ရှောင်မန်းစကားမဆုံးသေးခင် ရေစိုအဝတ်တွေနဲ့ပဲ ထွက်သွားခဲ့၏ ။

လုနောက်ကျောကိုကြည့်ရင်း ရှောင်မန်းနူတ်ခမ်းစူနေခဲ့ပြီး..."အရမ်းမိုက်ရိုင်းလိုက်တာဟယ်"

ချောင်ကတော့ တိတ်နေခဲ့ပြီး သူမမျက်နှာကို ရေသုတ်ခဲ့သည်။

ရှောင်မန်းနဲ့အတူတူ ရိုက်ကူးရေးကနေထွက်ပြီး အဝတ်လှဲခန်းကို သွားခဲ့သည်။

သူမဟော်တယ်အပြန်လမ်းမှာ ရိုက်ကူးရေးအဖွဲ့က မိန်းကလေးတစ်ယောက်နဲ့ ဝင်တိုက်မိ၏ ။

သူမဟာ ချောင့်ကို "အစ်မချောင်" ဟုအော်ပြီး ချိုသာစွာ ပြုံးခဲ့သည်။

ချောင်လည်းသူမကို ပြန်ပြုံးပြလျက် ခေါင်းငြိမ့်လိုက်သည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now