အခန်း ၁၉ - မေတ္တာတရားရဲ့လူပ်ရှားမှုအသေးအဖွဲများ

6.8K 698 8
                                    

ရှောင်မန်းသည် စိတ်သဘောထားဆိုးသောလူမဟုတ်သော်ငြား လက်တွေ့သမားဖြစ်၏ ။

သူမသည် အချောင်သမားမဟုတ်ပါ။ အနာဂတ်တွင် လုကျင်းညန် သူမ သူငယ်ချင်းကို ထားပစ်ခဲ့ရင်တောင် သူမအနေဖြင့် တစ်ကိုယ်တည်း အဆင်ပြေပြေနေနိုင်စေရန် ရုပ်ရှင်လေကမှာလည်း လုကျင်းညန်ရဲ့ အဖွဲ့အစည်းများတွင် ပါဝင်လာနိုင်ပြီး
သူမ သူငယ်ချင်းကောင်းစားဖို့အရေးကိုသာ မျော်လင့်သူဖြစ်ပေသည်။

မိန်းမတစ်ယောက်အတွက် သူမရှေ့ရေးကို ကြိုတွေးထားသည်က မမှားပါ။

ချောင်အန်းဟောင်ကတော့ ထိုကဲ့သို့ အတွေးမျိုးမရှိခဲ့ ။

သို့သော် လုကျင်းညန်၏အမုန်းသည် သူ့ကို သူမလာသည်တာကိုတောင် သည်းမခံနိုင်သည်အထိ အမုန်းတရားပြင်းထန်လာခဲ့သည်။

သူမ မျက်တောင်များသည် နိမ့်ဆင်းသွားပြီး နူတ်ခမ်းပွင့်ခဲ့သည်။

" သူက အခု ရောမမှာ ရုပ်ရှင်ရိုက်နေတာလေ မသိဘူးလား ... နင်က ငါနဲ့သူ ရောမကို အတူလိုက်သွားရမယ်လို့ မမျော်လင့်ထားဘူး ဟုတ်တယ်မလား? "

ရှောင်မန်း ကြက်သေသေသွား၏ ။

ချောင်အန်းဟောင်လည်း မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

" ဘာဖြစ်လို့လဲ "

" ချောင်ချောင်... နင်မသိဘူးလား?"

" ဘာကိုလဲ?"

ခဏအကြာမှာ ရှောင်မန်းပြောခဲ့သည်...

" လုကျင်းညန် ရောမကနေ ပြန်ရောက်နေတာ ၂ရက်ရှိပြီ ... သူအိမ်ပြန်မလာဘူးလား?"

သူ ပြန်ရောက်ခဲ့ပြီ ။ သို့သော် သူ့ မိန်းမဖြစ်သူ ... သူမက မသိပေ။

သူမပြုံးခဲ့သည်။

" သူပြန်မလာတာ ပုံမှန်ပဲ သူ့သတင်းမကြားရရင် အလွန်ဆုံး လပဲ အခု တစ်လ နီးပါးရှိနေပြီ "

ကားသံကြောင့် မဆူညံခင်ထိ ရှောင်မန်းပြန်မပြောခဲ့။

ထို့နောက် မနေနိုင်ဘဲ ပြောချလိုက်၏ ။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now