အခန်း ၃၆ - ရုပ်ရှင်အဖွဲ့ထဲ တရားဝင်ပါခြင်း

7.2K 670 17
                                    

ညစာ စားပွဲ ပတ်ဝန်းကျင်မှာ သံသယ အငွေ့အသက်တွေ လွှမ်းမိုးလာ၏ ။

လူတွေကလည်း ချောင်အန်းဟောင်ကို တစ်ချက် တစ်ချက် လှမ်းကြည့်ကြသည်။

အားလုံး ဘာတွေးနေကြသလဲဆိုတာကို သူမသတိထားမိပေသည် ။

သူမ ခန္ဓာကိုယ်ကို ရင်းခဲ့ပြီး ဤ ဒုတိယဇာတ်လိုက်
နေရာရောက်လာတယ်လို့ပေါ့ ဆိုသော အကြည့်များ ...

သူမသည်လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုကင်းမဲ့သွားပြီး ဘယ်လိုတုန့်ပြန်လို့ တုံ့ပြန်ပြောဆိုရမယ်မှန်းလဲ မသိတော့ချေ ။

အမူအယာလည်း ကြောက်လန့်နေသယောင်။

ကိုယ်အပြစ်မလုပ်ထားပဲနှင့် လျှို့ဝှက်ချက်ပေါ်သွားမည်ကို ကြောက်နေရသည့် မျက်နှာမျိုးဖြစ်နေသည်။

စားပွဲ ရှိ လူများ၏ အခြေအနေမှာတော့ ငြိမ်သက်နေသည်။

လူအများကြီးရှေ့မှာ ယခုလို အရှက်ကွဲရသည်ကို ချောင်အန်းဟောင်ခံပြင်းသည်။

အလွန်နာကျင်ရသည်။

သူမရဲ့ မန်နေဂျာ ရှောင်မန်း ကတော့ အခြေအနေကိုထိန်းနိုင်ဖို့နည်းလမ်း ရှာဖွေနေလေသည်။

အားလုံးရှုပ်ထွေးနေချိန်မှာပဲ ရှေ့မှာထိုင်နေသည့် လုကျင်းညန်က ချောင်အန်းဟောင်ကို မျက်လုံးပင့်ကြည့်လိုက်၏။

သူမ မျက်လုံးမှိတ်ကာ စိတ်ငြိမ်အာင်ထိန်းနေသော်လဲ တင်းတင်းဖိကိုက်မိထားသည့် နှုတ်ခမ်းတစ်စုံက သစ္စာဖောက်လျက်ရှိချေပြီ။

သူမကို ငါးစက္ကန့်မျှ စိုက်ကြည့်ပြီးနေပြီးနောက် လုကျင်းညန် မျက်နှာလွှဲလိုက်သည်။

ထို့နောက်အေးစက်စွာပဲပြောလိုက်သည်။

''အစ်မ လင်း ဒီလောကမှာ ဆိုရိုးရှိတယ်လေဗျာ ... ကံကောင်းခြင်းဆိုတာလည်း အရည်ချင်းတစ်မျိုးရှိတာပါပဲဆိုတာ ... "

လုကျင်းညန်ရိုးရိုးလေး ပြောသည်ကို လူအားလုံးရိပ်မိကြ၏။

ချောင်အန်းဟောင် ဤ ဒုတိယဇာတ်လိုက် နေရာရခဲ့သည်မှာ ကံ ကြောင့် မဟုတ်ပဲ သရုပ်ဆောင်ကောင်း၍သာဖြစ်သည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now