Chapter 165 Silencing Witnesses ( Z & U)

Start from the beginning
                                    

နှစ်ဦးနှစ်ဖက် စကားအနည်းငယ် ပြောဆိုကြသည်။ ၀တ်ရုံအနက်နှင့် လူငါးယောက်က အလောင်းများဘေးတွင် ဆောင့်စောင့်ထိုင်ချလိုက်သည်။ ၀တ်ရုံအနက်ထဲကနေ လက်များ မည်းနက်လှသော လက်များ တစ်ချောင်းပြီး တစ်ချောင်းထွက်လာကာ အလောင်းတွေ တစ်ခုပြီး တစ်ခုကို ဆွဲကာ  သူတို့ရဲ့ ၀တ်ရုံအနက်ထဲကို ဆွဲသွင်းကာ ဂျိုးဂျိုးဂျွတ်ဂျွတ် အသံများထွက်လာသည်။ အရိုးများ ကို တစ်ဖြည်းဖြည်း တစ်စစီ ကိုက်ဝါးနေသံကို အတိုင်းသာ ကြားနိုင်သည်။ သူ့တို့ခြေထောက်အောက်ကနေ နီရဲနေသော သွေးများစီးထွက်လာသည်။ ကိုက်ဝါးလက်စ လက်တစ်ဖက်က ၀တ်ရုံအနက်၏ အတွင်းကနေ ပြုတ်ကျလာသည်……….

VIOLENT SCENE BEGIN

“အု!!!”

တစ်ယောက်ယောက် အန်နေတယ်။ အဲဒိလူက…………

“ဘယ်သူလဲ”

ကြယ်ဆယ့်တစ်ရဲ့ မျက်နှာ ပြောင်းသွားတာ မြင်နိုင်သည်။ သူ့ရဲ ထက်မြတ်ပြီး စူးရှသော အကြည့်က အန်နေသော အသံထွက်လာသည့် ဘက်ကို တန်းရောက်သွားသည်။

အဲဒိဘက်က သေချာပေါက်ကို You XiaoMo နှင့် Ling Xiao ရှိနေသော နေရာဖြစ်သည်။ ပြီးတော့ အန်နေသော သူကလည်း You XiaoMo ပဲပေါ့။ ၀တ်ရုံနက်နှင့် လူငါးယောက်က အလောင်းတွေ စားနေတာက သူ့ကို မရပ်မနားကို အန်ထွက်စေသည်။ သူ့မှာ ခက်ခက်ခဲခဲနဲ့ သွေးရဲသံရဲ မြင်ကွင်းများကို ကျင့်သားရခါစ ဖြစ်နေသေးသည်။

ကြယ်ဆယ့်တစ် တစ်ယောက်တည်းက အဲဒိအသံကို ကြားတာ မဟုတ်ပေ။ ၀တ်ရုံအနက်နှင့် လူငါးယောက်လဲ ကြားသည်။ သူတို့စားနေတာကို ချက်ချင်းရပ်လိုက်ကာ အချို့ဆိုရင် တစ်ဝက်တစ်ပျက်စားနေတာတွေကိုတောင် လွှင့်ပစ်လိုက်သေးသည်။

အလောင်းအချို့က အပေါ်ပိုင်း တစ်ဝက်စားပြီးသား၊ အချို့က အောက်ပိုင်းတစ်ဝက် စားပြီးသား နဲက အချို့ဟာတွေက ခြေတံလက်တံ လေးချာင်းသာ ကျန်တာနဲ့…………

ကြောက်ရွံ့စရာမြင်ကွင်း ပုံစံပေါင်းစုံ အလွန့်အလွန် သွေးရဲ သံရဲ အော်ဂလီဆန်တာထက်တောင် လွန်နေသေးသည်။ ဖြူဖျော့ဖျော့ အူတွေ ဦးနှောက် တွေ……. အားလုံးက စီးထွက်လာကာ …………..

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now