၄၅။ ကိုယ် ....အခု မင်းကို နမ်းလို့ရလား...?

Začít od začátku
                                    

" မရဘူး....!''
သူမက အခု အရမ်းကို ဗိုက်ဆာနေ၍ နည်းနည်းလေးမှ မစောင့်နိုင်တော့ပေ။ သူမရဲ့ အစာအိမ်လေးကလည်း အသံမြည်နေပေပြီ..။

" ထတော့....၊ ကျွန်မ ဗိုက်ဆာနေပြီ......ရှင်လည်း တွေ့ဆုံပွဲအတွက် ပြင်ဆင်ရဦးမယ်မလား....?''

ရှန်းရီ သက်ပြင်းချလိုက်ပြီး သူမကို ဖြေလျော့ပေးလိုက်၏။

" ကောင်းပြီလေ...၊ မင်း ရေချိုးရင်လည်းသွားချိုးတော့.... ကိုယ်ပြီးရင် အပြင်မှာ စောင့်နေမယ်....''
ရှန်းရီက ခုံမှာထိုင်ပြီး သူ့ရဲ့ မျက်နှာကို ပွတ်သပ်ရင်းပြောလိုက်၏။

ထို့နောက် လုချင်းယီ မြန်မြန်ရေသွားချိုးလိုက်ပြီးသူမရဲ့ ဆံပက်ရှည်ကို ဖြီးသင်လိုက်၏။ နာရီဝက်လောက်ကြာတော့ သူမ ပြင်ဆင်လို့ ပြီးသွားချေ၏။ သူမက နက်ပြာရောင် ဝတ်စုံ ကို ဝတ်ဆင်ထားပြီး ဒေါက်ဖိနပ် အမဲ စီးထား၏။ မိတ်ကပ်ကိုလည်း အရမ်းမထူဘဲ ပေါ့ပါးတဲ့ ပုံစံပဲလိမ်းထားပြီး သူမရဲ့ နှုတ်ခမ်းသားလေးကတော့ ကြွရွ ပြီး ရွှန်းစိုလျက်.....

ရှန်းရီကလည်းပြင်ဆင်ပြီးနေပြီး နက်ကတိုင်ကို ကိုင်ကာ သူမကို စောင့်နေ၏။ သူက မျက်မှောင်ကြီးကြုတ်ထားတော့ သူမ မရယ်မိအောင် ကြိုးစားလိုက်ရသည်။
ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ...? စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်က သူ့ရဲ့ နက်ကတိုင်ကိုတောင် မချည်တတ်ဘူးတဲ့လား.....

" ဒီကိုလာ....''
လုချင်းယီ သူ့ကို ခေါ်လိုက်၏။

" ကိုယ့်ကို ချည်ပေးပါဦး...''

" သိပါတယ်.....ရှင့်မျက်နှာကို ကြည့်ကတည်းက....''
သူမငြီးတွားလိုက်ပြီး သူနဲ့ နီးနီးကပ်ကပ်နေလိုက်ကာ သူ့လက်ထဲက နက်ကတိုင်ကို ယူလိုက်သည်။ ထို့နောက် ရှန်းရီက သူမအဆင်ပြေအောင် ရှေ့တိုးပေးလိုက်၏။

သူ့ရဲ့ မျက်လုံးတွေက ရှေ့က ညှို့ငင်အားကောင်းလွန်းတဲ့ အလှလေးဆီရောက်နေ၏။ သူက သူမရဲ့ ရိုးသားမှုကို ဖော်ပြနေတဲ့ မျက်လုံးတွေနဲ့ ပွစိပွစိပြောတတ်တဲ့ ပါးစပ်လေးကို သိပ်သဘောကျနေလေသည်။ ကုန်းယီကျွင်းက ဒီလောက် နှစ်လိုဖွယ်ကောင်းတဲ့ မိန်းကလေးမျိုးကို ဘာလို့ ပစ်ထားရက်လဲဆိုတာတော့ သူလည်းနားမလည်တော့ချေ။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Kde žijí příběhy. Začni objevovat