၄၀။ အချစ်ဆုံး သူငယ်ချင်းကြောင့် ဝမ်းနည်းရခြင်း....

Start from the beginning
                                    

အိပ်ယာကိစ္စနဲ့ ငြင်းခုန်ကြပြီးနောက် လုချင်းယီတစ်ယောက် ရှန်းရီကို အိပ်ယာပေါ်မှာ အိပ်ခွင့်ပြုလိုက်ရတော့သည်။ သူပိုက်ဆံ ရှင်းထားရတဲ့ အခန်းကို သူမက ကောင်းကောင်းအိပ်ခွင့်မပြုခဲ့တာကိုလည်း သူမကိုယ်သူမ အပြစ်ရှိသလို ခံစားလာရသည်။ ။ ဒါပေမယ့် သူတို့နှစ်ယောက်လုံး သဘောတူထားတဲ့ အချက်က သူတို့ကြားမှာ ခေါင်းအုံး ခံထားဖို့ပင်။

သူမက နေ့လည်စာ စားပြီးသောက်ပြီးလို့ တစ်ရေးမှိန်းလိုက်တော့ ညနေစောင်းရောက်သွားသည်။ သူမနိုးလာတော့ ရှန်းရီက သူမနားမှာ လှဲနေပြီး သူမရဲ့ ဆံပင်တွေကို ဆော့ကစားနေသည်။ ဒါပေမယ့် သူ့ကို ကြည့်ရတာတော့ အတွေးထဲမှာ မျောနေပုံပင်။ သူ့မျက်လုံးတွေက အေးစက်တဲ့ အရိပ်အရောင်တွေပေါ်နေပြီး အထူးသဖြင့် အလုပ်ကိစ္စတွေ စဉ်းစားတဲ့အချိန်မှာ ပိုဆိုးသည်။
သငေ်္ဘာခရီးစဉ်ပြီးကတည်းက သူဟာ သူမကြားထားတဲ့ ပုံစံမျိုးမဟုတ်ဘဲ သူမကို မခံချင်အောင် ပိုစနောက်လာသည်။  သူ့ကိုယ်သူ အရမ်းထိန်းချုပ်ထားတဲ့ပုံစံမဟုတ်ဘဲ အိမ်မှာ လွတ်လွတ်လပ်လပ်နေတယ်ဆိုပြီး သူမကဖြေသိမ့်လိုက်ပါတယ်.....

"ဘာလုပ်နေတာလဲ....? "
သူမမေးလာ၏။

" တစ်ခုခု ဖြစ်လို့လား...?''

" Silver Leaf မှာ မင်းရဲ့ လျှောက်လွှာ အကြောင်းကို စုံစမ်းပြီးသွားပြီ.....''
သူက သူမဆံပင်ကို ထိကိုင်လျက် လေးလေးနက်နက်ပြောလာ၏။

" သူတို့ရဲ့ မှတ်တမ်းတွေထဲမှာ မင်းရဲ့ လျှောက်လွှာကို မတွေ့ဘူးတဲ့..''

" ဘာ...?''
သူမရုတ်တရက် ထလိုက်ပြီး သူနဲ့ မျက်နှာချင်းဆိုင်လိုက်၏။ ရှန်းရီရဲ့ အကြည့်တွေက သူမရဲ့ ဆံပင်ပေါ်မှာပဲ ရှိနေပြီး သူကတော့ လဲလျောင်းလျက်....

" ဒါပေမယ့်..... ၊ မဖြစ်နိုင်လိုက်တာ.. ...မန်ကျောက်ရဲ့ လျှောက်လွှာနဲ့ အတူတွဲတင်တာလေ...''

" မင်းပြောတာ သေချာလား...?''
နောက်ဆုံးတော့ သူ့ရဲ့ အကြည့်တွေက သူမဆီ ရောက်လာ၏။

" ဒါဆို ဘာလို့ သူတို့က သူမနာမည်ကိုပဲတွေ့ရပြီး လုချင်းယီဆိုတဲ့ နာမည်ကို မတွေ့ရတာလဲ...?''

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now