Începe de la început
" ကိုယ်ပေးထားတဲ့ black cardကို မသုံးဘူးလား....''
အာ...၊ ရှန်းရီက သူမကို လက်ထပ်တဲ့နေ့တုန်းက ပေးထားခဲ့သည်လေ။
" သုံးပါတယ်...၊ ရှုလန်လာလည်တုန်းက ပီဇာ နှစ်ဗူးနဲ့ ကြက်ကြော်မှာတာကို အဲ့တာနဲ့သုံးလိုက်တယ်....''
" .........''
" ဘာ..?''
သူက... သူမကို ရှော့ပင်ထွက်တာတို့ဘာတို့ လုပ်ဖို့ အတွက် black cardကို ပေးလိုက်တာလေ။ ဒီအစားအသောက်လေးပဲ ဝယ်တာလို့ ဘယ်သူက ထင်မိမှာတုန်း.....
လုချင်းယီက ဒီလောက် ငွေတွေအများကြီးကို မသုံးဘဲထား ထားသည်တဲ့လား.....
ချင်းယီက သူမကိုယ်ကို ပစ်လှဲချလိုက်ကာ မျက်လုံးမှိတ်လိုက်ပြီး တိတ်တိတ်​နေလိုက်၏။
ဒါပေမယ့် သူမဗိုက်က မတိတ်ဘဲ ဂလုံးဂလွမ်းနဲ့ သံစုံတီးနေတော့ ရှန်းရီ ရယ်နေချေ၏။ သူမက ဗိုက်ဆာနေပြန်ပြီလား....
" ကိုယ်နဲ့ အပြင်သွားမလား...''
သူမရဲ့ နွမ်းနယ်နေတဲ့ မျက်လုံးတွေက ပွင့်လာပြီး သူ့ကို ကြည့်လိုက်၏။
" အပြင်သွားမယ်....? အလုပ်ကိစ္စနဲ့လား...ဒါမှမဟုတ် ဒိတ်လုပ်ချင်လို့လား...?''
" ဒုတိယ တစ်ခု...''
သူ ပြန်ဖြေလိုက်၏။
လုချင်းယီကတော့ သူမစိတ်ကို အမျိုးမျိုးလုပ်နေတဲ့ ရှန်းရီကို စိုက်ကြည့်လိုက်ပြီး....
" တကယ်ပြောနေတာလား...?''
သူနဲ့ နောက်တစ်ဆင့်တက်ဖို့က သူမအတွက် မဝံ့ မရဲ ဖြစ်စေသည်။
" အင်း...''
သူက လက်မှာပတ်ထားတဲ့ နာရီကို ကြည့်လိုက်တော့ ညစာစားဖို့ စောနေပေမယ့်..... သူတို့ လမ်းနည်းနည်းလျှောက်ရဦးမည်။
" ကောင်းပြီ...ဒါဆို ရှင် ကျွန်မကို အစားကောင်းကောင်းတွေ ကျွေးရမယ်....''
" မင်း..ကိုယ့်ကို အဲ့တာအတွက် သတိပေးစရာကို မလိုတာ..၊ အချစ်လေး...''
ထို့နောက် လုချင်းယီက အိပ်ယာပေါ်က ထလိုက်ကာ အပျင်းလိမ်လိုက်ပြီး အပြင်သွားဖို့ အတွက် ပြင်ဆင်တော့သည်။
Unicode.......
၄၀။ အချစ်ဆုံး သူငယ်ချင်းကြောင့် ဝမ်းနည်းရခြင်း....
စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Unde poveștirile trăiesc. Descoperă acum