၄၀။ အချစ်ဆုံး သူငယ်ချင်းကြောင့် ဝမ်းနည်းရခြင်း....
Start from the beginning
" ကျွန်မ...''
သူမ..ပြောစရာစကားတွေ ပျောက်ဆုံးကုန်သည်။ သူမ ဘာကို ထပ်ပြောရမလဲ..? ရှန်းရီကလည်း သူမကို လိမ်နေတဲ့ပုံ မပေါ်ဘူး...
သူမ.. လျှေက်လွှာဖြည့်တုန်းက အရမ်းစိတ်လှုပ်ရှားခဲ့တာကို သတိရသွားပြီး မန်ကျောက်က လျှောက်လွှာသွားတင်ပေးမယ်ဆိုပြီး ယူသွားခဲ့တာကိုလည်း သတိရသွားတော့သည်။
သူမရဲ့ အချစ်ဆုံးသူငယ်ချင်းက နောက်တစ်ကြိမ် သစ္စာဖောက်ခဲ့တာလား...?
ကုန်းယီကျွင်းကို မြူစွယ်ရုံတင်မကပဲ ငါ့ကို အဲ့လိုလုပ်သွားခဲ့ပါလား......
" ဘာလို့ ငိုနေတာလဲ....?''
မန်ကျောက်က ယောင်္ကျားတစ်ယောက် အတွက်နဲ့ သူငယ်ချင်းဆိုတဲ့ သံယောဇဉ်ကိုတောင် မထောက်ပါလား.......လုပ်ရက်လိုက်တာ...!
သူမတို့ဟာ တစ်ကျောင်းထဲ အတူတက်ခဲ့ပြီး ၁၅နှစ်တောင် သူငယ်ချင်းအဖြစ် ရှိခဲ့ကြသည်။
သူမရဲ့ မိဘတွေ ဆုံးပြီးကတည်းက ပထမဆုံး တွယ်တာရတဲ့ သူငယ်ချင်းဟာ မန်ကျောက် ဖြစ်ခဲ့သည်။ သူမတို့ အရွယ်တွေပြောင်းလာတဲ့ အလျှောက် တစ်ယောက်ကိုတစ်ယောက် ဖေးမရင်း ဘဝကို ဖြတ်သန်းလာခဲ့သည်။ ဒါပေမယ့် သူမတို့ ဘဝထဲကို ကုန်းယီကျွင်း ရောက်လာပြီး နောက်ပိုင်းမှာ မန်ကျောက်ဟာ စတင်ပြောင်းလဲလာတော့သည်။
ထို့နောက် သူမရဲ့ မျက်ရည်တွေကို သုတ်ပစ်လိုက်ပြီး....
" ကျွန်မ အဆင်ပြေပါတယ်....၊ မန်ကျောက်က ကျွန်မကို အဲ့လိုလုပ်ရက်တယ်ဆိုပြီး နည်းနည်း စိတ်မကောင်းဖြစ်သွားရုံပါ...''
" သူမကို မေ့ပစ်လိုက်တော့...၊ သူ့လမ်းသူလျှောက်သွားတာပဲ....!''
သူပြောလာ၏။
" ဒါနဲ့ မင်း အားရင်..ကိုယ့်ရဲ့ လက်ထောက်ခဏဝင်လုပ်ပေးပါလား....၊ အခု ​ချောင်ဟဲ ကလည်းမရှိ​တော့....မင်းက ကိုယ့်ရဲ့ အချိန်ဇယားတွေကြည့်ပေးနိုင်ရင် ပို အဆင်ပြေသွားတာပေါ့....''
" ရပါတယ်....ကျွန်မလည်း အားနေတာပဲ....
ဒါနဲ့ ကျွန်မက ပေါ့ပေါ့ပါးပါးဝတ်စုံတွေပဲ ထည့်လာတယ်....ကျွန်မက ဒီတိုင်း နေရမှာထင်လို့လေ...''
စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now