၃၉။ သွား...ရေချိုးဇလုံမှာ သွားအိပ်... !

Start from the beginning
                                    

" အရမ်းနူးညံ့ တာပဲ....၊ ရှန်းရီ...ကျွန်မ ဒါကို အိမ်ပြန်ယူသွားလို့ရမယ် ထင်လား...?...ကျွန်မ ဒါကို ကြိုက်တယ်....''
လုချင်းယီ ခေါင်းအုံးကို ပွတ်သပ်ရင်း ပြုံးလိုက်မိသည်။ ထိုအပြုံးက ရှန်းရီကို မိန်းမော တွေဝေသွားစေသည်။
ရှန်းရီ ခေါင်းကို ခါလိုက်ပြီး ခုနက သူမပြောခဲ့တာကို အံ့ သြမိ၏။

" မင်းကတော့လေ ဖြစ်ရမယ်...''
ရှန်းရီကတော့ သူ့ဇနီးလေးရဲ့ ဆန္ဒတွေ ဖြည့်ဆည်းပေးဖို့ နောက်ထပ် ပိုက်ဆံအများကြီးရှာဖို့သာ အတွေးဝင်သွားတော့သည်။

" ကျွန်မက ဆင်းရဲတယ်...ရှင့်လို မဟုတ်ဘူး...''

" မင်းပဲ ပြောတယ် ကိုယ်က မင်းရဲ့ ဘဏ်တိုက်ဆို....''

" ကျွန်မက ဟာသအနေနဲ့ ပြောလိုက်တာ...၊ အရိုးသားဆုံးပြောရရင် ကျွန်မက ရှင့်အတွက် အောင်မြင်မှုတွေ ယူဆောင်ပေးတဲ့ ဇနီးလည်း မဟုတ်ဘူး...''

" ရှင့်လိုလူက ချမ်းသာပြီး အရမ်းလှပတဲ့ မိန်းကလေးနဲ့ပဲ လိုက်ဖက်တယ်လေ....''
သူမကတစ်ချက်လှိမ့်လိုက်ပြီး ခေါင်းအုံးကို ဖက်ထားပြန်သည်။

" မင်းဘယ်လို ပြောလိုက်တာလဲ...?...မင်းလည်း လှပါတယ်....''

"နောက်ပြီး ကိုယ်တို့က တစ်ခန်းထဲမှာနော်....မင်းရဲ့ အလှနဲ့..ကိုယ့်ကို လာဆွဲဆောင်ရင်တော့.... ''

" ရှန်းရီ...!''

" ဘာလဲ...?''

" ရှင်က ဂေးလို့သာ နာမည်ထွက်တာနော်.... တကယ်တမ်းတော့ နှာဘူးအကြီးစားပဲ.....''

" ချင်းယီ...၊ ကိုယ်က ယောင်္ကျားလေ....ယောင်္ကျားဆိုတော့....''
ရုတ်တရက် သူမမျက်နှာရဲတက်လာပြီး..

" တော်ပြီး စကားမလွှဲနဲ့တော့.....၊ ဒီ ကုတင်မှာ ကျွန်မပဲ အိပ်မယ်....''
ဒီလူကြီးက ဒီလောက်ရဲတင်းနေမှတော့ သူမက တစ်ကုတင်ထဲ အိပ်ရဲမှာတဲ့လား...

" ကိုယ်က မင်းယောင်္ကျားဆိုတာကို မေ့သွားပြီလား...?''

" ရှင်..ကျွန်မကို အိပ်ယာ​ပေါ်မှာ အသားယူလို့ မရစေရဘူး...!''လုချင်းယီ ရာဇသံ ပေးလာ၏။

" မင်းကို ဘယ်သူက အိပ်ယာပေါ်မှာ အသားယူမယ်လို့ ပြောလို့လဲ...?''
ရှန်းရီကတော့ မျက်နှာမှာ အပြုံးတုကို ပန်ဆင်လျက်....

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now