၃၄။ သူက ကျွန်မ ခင်ပွန်းလေ....

Start from the beginning
                                    

"ချင်းယီ...၊ကိုယ်ပြောထားတယ်လေ..အိမ်ကို စောစောပြန်လာလို့...''
ထို့နောက် သူ့ရဲ့မျက်နှာ အရောင်ပြောင်းသွား၍
ယီကျွင်းနဲ့ မန်ကျောက်ဆီ..စူးရှတဲ့အကြည့်တွေ ပစ်လွှတ်လိုက်သည်။ လုချင်းယီ သတိပြုမိသွား၍.....

" ကျွန်မ ပြန်တော့မလို့.... ''

မန်ကျောက်တစ်ယောက် လုချင်းယီ ဘေးမှာ လာရပ်တဲ့ ခပ်ချောချော လူကြီးကို ကြည့်လိုက်သည်။ သူက အရမ်းချောပြီး ချမ်းသာတဲ့ပုံပေါ်၏။ ဒီလူကြီးကို မြင်ဖူးနေပေမယ့် ဘယ်မှာတွေ့ဖူးလဲဆိုတာကို မန်ကျောက် စဉ်းစားမရ ဖြစ်နေသည်။ လုချင်းရဲ့ နာမည်ကို တရင်းတနှီး ခေါ်လိုက်ကတည်းက အရမ်းရင်းနှီးလို့ဖြစ်ရမည်။
ဒါပေမယ့် ထိုလူကြီးက လုချင်းယီရဲ့ခါးကို ဖက်လိုက်တော့ ချင်းယီ လန့်သွားတာကို သူမသေချာ မြင်လိုက်သည်။

ချင်းယီက အချိန်တိုလေးအတွင်းမှာ တစ်ခြားယောင်္ကျားတစ်ယောက်ကို ရှာလိုက်တာလား...
ဘယ်လိုမိန်းမမျိုးလဲ....!
(😏😒)
လုချင်းယီရဲ့ခါးကို တစ်ခြားယောင်္ကျားလေးတစ်ယောက်က လာဖက်တော့ ကုန်းယီကျွင်း မနာလိုဖြစ်လာပြီး မယုံကြည်ခြင်းများစွာနဲ့ မေးလာ၏။

" ချင်းယီ..၊သူက ဘယ်သူလဲ...?ဘာလို့ မင်းခါးကို ဖက်ထားရတာလဲ..?''

လုချင်းယီ ပြုံးလိုက်ပြီး ရှန်းရီရဲ့ မျက်နှာကို ကြည့်လိုက်ကာ ......

" သူက ကျွန်မ ခင်ပွန်းလေ...''

ဘာ..! ခင်ပွန်း..? ချင်းယီက သူနဲ့ ပြတ်ပြီးတာနဲ့ လက်ထပ်လိုက်တာလား..? ဘယ်လိုမှ မယုံကြည်နိုင်ဘူး...
ယီကျွင်းက ချင်းယီကို ကြည့်နေပြီး စိတ်တို့ရှုပ်ထွေးနေသည်။ သူကတော့ လုချင်းယီကို တကယ်ပြန်လိုချင်သည်။ သူ့ရင်ထဲမှာ အရမ်းနာကျင်လာ၏။ ဘယ်လို ဟာသမျိုးလဲ...? သူမက သူ့ကို နာကျင်အောင်လုပ်နေတာလား...?
ဒါမှမဟုတ် သူ့ကို သဝန်တိုအောင် လုပ်နေတာလား...?
သူမနဲ့အတူရှိတုန်းက သူမမှာ Sun မိသားစုက
သဘောတူထားတဲ့သူ ရှိပြီး သူမက ငြင်းဆိုခဲ့တယ်လို့ ပြောဖူးသည်။ ဒါဆို သူက ချင်းယီနဲ့ သဘောတူထားတဲ့သူလား..?

လုရှုလန်တစ်ယောက် ချင်းယီရဲ့ဘေးမှာ ရှိနေတဲ့ အမျိုးသားကို ကြည့်ပြီး အံ့ အားသင့်နေ၏။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now