အခန်း ၇၉

Start from the beginning
                                    

"အဲဒီလိုပြောတာနဲ့တင် လွန်နေပြီလေ...အဲဒါကိုများ ဒါရိုက်တာကို အစ်မလိုကလိမ်ကကျစ်သက်တော်စောင့်မင်းသမီးတွေအစား အသိတရားရှိတဲ့မင်းသား သက်တော်စောင့်တွေ ထပ်ခန့်ပေးပြောထွက်သေးတယ်...လူရှေ့သူရှေ့မှာပြောတာနော်"

"အခန်းထဲမှာ လူတွေအများကြီးရှိနေတာကို သူကများအစ်မကို သက်တော်စောင့်လို့ခေါ်သေး...အရေးမပါတာ."






******

ိ
အိုး... မင်းမရိုးသားဘူးမလား?


ချောင် လှောင်ပြုံးလေးပြုံးနေခဲ့သည်။

ညစာစားပြီးနောက်မှာ အဖွဲ့ဟာ အောက်ဘက်လှေကားက နားနေခန်းထဲမှာ ကတ်တွေကစားကြတာ သီချင်းဆိုနေကြတာ ဒါမှမဟုတ် လေ့ကျင့်ခန်းလုပ်ကြရင်း အပန်းဖြေလေ့ရှိကြသည်။

ညစာစားပြီးတဲ့အခါ ချောင်နှင့်သူမရင်းနှီးခဲ့သောမင်းသားများက ကတ်ကစားဖို့တွေ့ရန် ၈နာရီမှာချိန်းဆိုခဲ့ကြသည်။

ထို့ကြောင့် ချောင်ဟာ ညစာစားပြီးတဲ့အခါ ဟော်တယ်နောက်က ဥယျာဉ်ထဲ ရှောင်မန်းနဲ့အတူလမ်းလျောက်ထွက်ခဲ့ပြီးနောက် လှေကားအောက်က နားနေခန်းထဲ သွားခဲ့သည်။

အဲဒီကိုရောက်ခဲ့တဲ့အခါ ဘယ်သူမှမရှိသေးတာကြောင့် ချောင်ဟာလူအနည်းငယ်နဲ့စကားပြောခဲ့ပြီး အိမ်သာထဲသွားခဲ့သည်။

ဟော်တယ်ထဲက အိမ္သာဟာ လှပခမ်းနားစွာ ပြင်ဆင်ထား၏ ။

ချောင်ဟာ အဆင်ပြေတဲ့အခန်းငယ်ထဲ ဝင်သည်။

သူမလည်း တံခါးလော့ချပြီး ခြေသံတွေကိုကြားရသည်။

လူနည်းနည်းဝင်လာတဲ့ပုံပင်။

ချောင် အိမ်သာတက်ဖို့ အဆင်သင့်လုပ်နေတုန်း အပြင်ဘက်ကအသံတစ်ခုကို ရှင်းလင်းစွာကြားခဲ့၏ ။

"လုကြီးက အရမ်းဆိုးတာပဲ...သူမို့အကြမ်းတမ်းဆုံးပြောထွက်ရက်တယ်.."

ချောင် သေချာနားထောင်နေခဲ့သည်။

"ဟုတ္တယ္မလား? သူကအတော်ဆုံးမင်းသားဆိုပြီး မေလးမစားလုပ္တာ"

အစ္မ ရှီးရီက ဘာမှမလုပ်ခဲ့ပါဘူး... လူတိုင်းလိုလို သီချင်းဆိုနေကြတာလေ...အစ်မလည်း တစ်ချိန်လုံးတစ်ယောက်ထဲထိုင်နေခဲ့တဲ့ လုကိုမြင်တော့ ဂရုဏာနဲ့သီချင်းဆိုမလားမေးလို့ရမလားခင်ခဲ့တာပဲရှိတာကို...သူက ကြောက်စရာကောင်းအောင်ပြောထွက်တယ်..မကြားဝံ့မနာတာ..."

ချောင်ဟာ လင်ရှီးရီနာမည်ကြားတာနဲ့ ပျော်သွား၏ ။

"ဟုတ္တယ္မလား? ဘာလို့ယောကျာ်းတကာကို ထိချင်နေရင် ရုပ်ရှင်မရိုက်ဘဲ နိုက်ကလပ်သွားလို့ပြောထွက်ရတာလဲ? "

"အဲဒီလိုပြောတာနဲ့တင် လွန်နေပြီလေ...အဲဒါကိုမ်ား ဒါရိုက်တာကို အစ်မလိုကလိမ်ကကျစ်သက်တော်စောင့်မင်းသမီးတွေအစား အသိတရားရှိတဲ့မင်းသား သက်တော်စောင့်တွေ ထပ်ခန့်ပေးပြောထွက်သေးတယ်...လူရှေ့သူရှေ့မှာပြောတာနော်"

"အခန်းထဲမှာ လူတွေအများကြီးရှိနေတာကို သူကမ်ားအစ္မကို သက်တော်စောင့်လို့ခေါ်သေး...အေရးမပါတာ."

"ဒါပေမယ့် ညီမလေးတို့ လုကြီးဒီနေ့ ထူးဆန်းနေတာကိုသတိထားမိကြလား...ခါတိုင်းဆို သူဒီလိုသီချင်းဆိုပွဲတွေ မတက်တဲ့လူက ဒီနေ့ပေါ်လာတယ်...သူ့ဘေးလာကပ်တဲ့လူတွေလည်း ပလစ်ပြီးတော့ပေါ်လာတာ...သူ့စကားတွေကလည်း စိတ်ဆိုးစရာအရမ်းကိုကောင်းနေတယ်...ဘာကိစ္စကြောင့် သူဒီလိုဖြစ်နေတာလည်း သိချင်လိုက်တာနော်..."

"ဒါ့ကြောင့် စိတ်မကြည်နေလို့သာ လူတွေကိုမထီမဲ့မြင်စော်ကားနိုင်တာပါလေ"

"ဟုတ်ပြီ...အစ်မရှီးရီ ပျော်ပျော်သာနေ"

အားလုံးက သူမကို ဝိုင်းအားပေးကြပေမယ့် လင်ရှီးရီကတော့ တုန်တုန်ယင်ယင်ငိုသံဖြင့်...

"အစ်မအဆင်ပြေပါတယ်...အားလုံးပြေတယ်..သွားကြစို့နော်"

******

ိိ

ိိ

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now