၂၈။ ကျွန်မ လဲကျရင် ရှင် ဖမ်းပေးမှာလား..?

Start from the beginning
                                    

" ရှန်းရီ...၊ ကျွန်မတို့... တစ်ယောက်အကြောင်းတစ်ယောက်သိဖို့အတွက် ၁နှစ်ဆိုတဲ့ အချိန်ကျန်သေးပါတယ်...၊ကျွန်မတို့ အခြေအနေတွေကို မြန်မြန်ဆန်ဆန်လုပ်စရာ မလိုပါဘူး..'' လုချင်းယီ...လေးနက်စွာနဲ့ ပြောလာ၏။

တစ်ယောက်ကို တစ်ယောက် ကျီစယ်ကြရင်းနဲ့
လုချင်းယီ...သူ့နဲ့ ပိုပြီး ရင်းနှီးလာပါပြီ။တစ်အိမ်ထဲမှာ အတူတူ နေတာက သူမထင်သလောက်လည်း မခက်ခဲခဲ့ပါဘူး...။

" ကိုယ်သိပါတယ်....၊နောက်ပြီး ကိုယ်က မင်းကို အဆင်မပြေတာလုပ်မိရင်လည်းပြောပါ၊
နောက်ထပ် မင်းကို မနာကျင်စေတော့ပါဘူး..''

သူ သေချာ စဉ်းစားကြည့်လိုက်တော့ သူဟာ
စာရွက်မှာတင် မဟုတ်ဘဲ သူမရဲ့တကယ့် ခင်ပွန်းလိုပါ ခံစားလာရသည်။

'ချင်းယီ...၊ ကိုယ် မင်းကို ထာဝရ ပိုင်ဆိုင်ထားလို့ ရလား..?' ဒီမေးခွန်းကို သူတကယ် မေးလိုက်ချင်သည်။ ဒါပေမယ့် သူမဘယ်လို တုံ့ပြန်မလဲဆိုတာက သူ့အတွက် ဝန်လေးစေသည်။
သူမပြောတာလည်း မှန်ပါတယ်။ ဒါက အရမ်းစောသေးတယ်။ သူမရဲ့ နှလုံးသားက နောက်တစ်ယောက်ကို ထပ်ချစ်ဖို့အတွက် ဘယ်လို အဆင်သင့်ဖြစ်နေပါ့မလဲ။

" ဖိနပ်ကြိုးကို သေချာချည်အုံး....တစ်ယောက်ယောက် အပေါ်လဲကျတာ မဖြစ်စေနဲ့....''
ရှန်းရီက စကားလွှဲလိုက်၏။

"အဲတာ အတွက် စိတ်မပူပါနဲ့....ဒါနဲ့ ...
ကျွန်မ လဲကျသွားရင် ရှင် ဖမ်းပေးမလား...?''
ရုတ်တရက် နှစ်ယောက်လုံး တိတ်ဆိတ်သွား၏။
သူမရဲ့ စကားတွေ....
သူမ ဘာကို ဆိုလိုတာလဲ.... ?

ရှန်းရီ..သူမဆီမှ လုံးဝ အကြည့်မလွှဲပဲ နောက်တစ်ဆင့်တက်တဲ့ အနေနဲ့ သူမရဲ့ လက်ကို ကိုင်လိုက်၏။ ထို့နောက် သူမရဲ့ လက်ဖမိုးကို
နမ်းလိုက်ကာ သူ့ရဲ့ ပါးနားကပ်လိုက်သည်။

" အမြဲတမ်းပေါ့.... !''
သူ...တိုးတိုးလေး ပြောလိုက်၏။

" ကျွန်မ ကြောက်တယ်...''
သူမက ဒီလို လက်ထပ်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူးလေ။ သူမရဲ့ ဆုံးဖြတ်ချက်က မှားသွားပြီလား..? ဒီအခြေအနေက အရင် ရည်းစားဘဝထက် ပိုပြီး စိတ်ဒုက္ခ ရောက်စေသည်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now