၂၄။ ကိုယ့်ရဲ့ အရသာရှိတဲ့ ခန္ဓာလေး အပေါ်ရော....?

Magsimula sa umpisa
                                    

" မင်း...ခုနတုန်းကလို ကြည့်ရတာကို ကြိုက်တယ်လို့ ဝန်ခံလိုက်စမ်းပါ...''
သူမရဲ့ နား အနားကို ကပ်လိုက်ပြီး သူတို့ နှစ်ယောက်သာကြားနိုင်တဲ့ လေသံ မျိုးနှင့်ပြောလိုက်၏။

" မဟုတ်ဘူး..!''
သူမ.. ဒေါသထွက်စွာ ပြောလာချေ၏။

" ကိုယ့် ရဲ့ အရသာရှိတဲ့ ခန္ဓာကိုယ်လေး အပေါ်ရော...?''

".....''

" ရှင် အရှက်မရှိဘူးလား..?''

" အာ..အချစ်ကလေးကလည်း...''
ထို့နောက်.. သူက သူမရဲ ့နှာခေါင်းထိပ်ကို ဖမ်းညှစ်လိုက်သည်။
သူ..အခုဘာလုပ်လိုက်တာလဲ..?
ပြီးနောက်...သူရဲ့ ကြီးမားတဲ့ လက်တွေနဲ့ သူမခေါင်းကို ရှုပ်ပွအောင်လုပ်လိုက်ပြီး ရှူးရှူး ရှဲရှဲဖစ်နေတဲ့ သူ့မိန်းမကို ပေးသွားလိုက်တော့သည်။

" ရေသွားချိုးတော့...၊ မနက်စာစားရအောင်..
ကိုယ်အောက်ထပ်မှာ စောင့်နေမယ်နော်..''

❤💛💚💙💜

မီးဖိုချောင်မှာ တော့ တစ်ယောက်ယောက်က ချက်ပြုတ်နေပြီး...အနံ ့လေးက...ဧည့်ခန်းအထိ
မွှေးပြန့်နေ၏။ ရှန်းရီက အလုပ်သွားဖို့ ပြင်ဆင်ပြီးတာနဲ့ သူတို့နှစ်ယောက်အတွက် မနက်စာ ပြင်နေတဲ့ သူ့ရဲ့ ဇနီးလေးဆီကို လှမ်းလာခဲ့သည်။
သူမက အဖြူရောင် ရှပ်အကျႌ နဲ့ ဂျင်း ဘောင်းဘီကို ဝတ်ဆင်ထားပြီး သူမရဲ့ ကောက်ကြောင်းနဲ့ လိုက်ဖက်စွာ။ သူရဲ့ ခွေးနှစ်ကောင်က ကြမ်းပြင်မှာ လှဲလျက် လုချင်းရီကို ကြည့်နေပြီး သူ့ကိုတော့ မေ့နေဟန်တူသည်။

" ဘာကြော်နေတာလဲ? "
သူက အကျႌကော်လံကို ပြင်ကာ နက်ကတိုင်ကို ချည်ရင်း ပြောလိုက်၏။

" ထမင်းကို ဒီအတိုင်းပဲ ရိုးရိုးရှင်းရှင်းလေး ကြော်လိုက်တာ...''

" မင်း...ချက်ပြုတ်တတ်မှန်း ကိုယ်မသိခဲ့ဘူး..''
သူမက ဝက်သားဆားနယ်ခြောက်ကို ယူ၍ ဒယ်အိုးထဲ ထည့်ကာ ထမင်းနှင့်ရော မွှေလိုက်၏။
သူမက ယောက်မကို မယူဘဲ တူနှစ်ချောင်းနဲ့ မွှေနေတာကို သူ..သတိထားမိ၏။ ထို့နောက်... အရွက်အနည်းငယ်၊ ဆားနည်းနည်းနှင့် ပဲငံပြာရည်ထည့်ကာ မွှေနေပြန်သည်။

နောက်ဆုံးတော့ သူမရဲ့ ထမင်းကြော်လေးဟာ ပြီးစီးသွားခဲ့လေပြီ။ လုချင်းယီ...ပန်းကန်လုံးနှစ်ခုထဲ ထည့်လိုက်ပြီး...

"ပြီးပြီ....စားကြရအောင်..!''
သူ...ထိုင်ခုံမှာ ထိုင်လိုက်ပြီး သူမရဲ့ လက်ရာကို မြည်းစမ်းနေ၏။

လုချင်းယီက ချက်ပြုတ်တတ်တာလား?
သူမကို လက်ထပ်လိုက်တာက သူ့အတွက် ထီထိုးလိုက်သလိုပင်။ အရင်တုန်းက ဒီလို ထမင်းကြော်မျိုးကို စားခဲ့ဖူးပြီး ကြိုက်လည်း မကြိုက်ပေ။
အရင်က စားခဲ့ဖူးတဲ့ ထမင်းကြော်က အရမ်းငံ ၊အရမ်း စေး ပြီး မလတ်ဆတ်တဲ့ အသီးအရွက်တွေနဲ့ ခဲဖျက်လို မာတဲ့ အသားတွေကြောင့် သူ.... မစားနိုင်ဖြစ်ခဲ့ရသည်။

" ရှင် ...မကြိုက်ဖူးလား..?''
သူက မစားဘဲ ရပ်နေတော့ သူမမေးလိုက်ခြင်းပင်။ ရှန်းရီ...တွေဝေနေရာက ရပ်လိုက်ပြီး တူကိုယူကာ စားလိုက်၏။ သူ ဝါးနေတဲ့ အချိန်မှာ လုချင်းယီကတော့ အသက်တောင်မရှူနိုင်ဘဲ စိတ်ဝင်တစား ကြည့်နေ၏။ သူ့ရဲ့ မျက်နှာကို တကယ်ဖတ်လို့ မလွယ်ဘူးပဲ။

ရှန်းရီ...သူမရဲ့ လက်ရာကို မြည်းကြည့်တော့ အရမ်းကောင်းလွန်းနေသည်။ အရင်က သူ..စားဖူးတာနဲ့လုံးဝ...လုံးဝ ကွာလွန်းနေသည်။
လုချင်းယီရဲ့ ထမင်းကြော်က ကြည့်လိုက်ရင် ရိုးရှင်းပေမယ့် စားကြည့်မှ ထူးခြားမှန်းသိရသည်။

"ဘယ်လိုလဲ..?စားကောင်းလား..?''
သူမ မေးလိုက်၏။ သူမရဲ့ ထမင်းကြော်က အရမ်းရိုးရှင်းနေတဲ့အတွက် သူ... မကြိုက်မှာစိုး၍ မေးလိုက်ခြင်းပင်။

" အရမ်းအံသြဖို့ကောင်းတယ်....၊ ရိုးရှင်းပေမယ့် အရမ်းကောင်းတယ်...!''

သူ့လို ဂျေးများတဲ့ သူဆီကနေ အခုလို အဖြေမျိုးကြားရန် ခက်ခဲလှသည်။ လုချင်းယီ... သူ့ဆီကနေ ချီးမွမ်းခံရတော့ ပိုတောက်ပတဲ့ အပြုံး ပန်ဆင်လိုက်ပြီး သူမရဲ့ပါး​လေးတို့ ပန်းရောင် သန်းသွားတော့သည်။

မှတ်ချက်။ Unicode နဲ့Zawgyiအပြောင်းအလဲတွေကြောင့်စာလုံးတစ်ချို့ မှားနေတတ်သည်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Tahanan ng mga kuwento. Tumuklas ngayon