Unicode
ခက် သူ့ရဲ့နှုတ်ခမ်းပေါ်က စိုစွတ်စွတ်အထိအတွေ့ကြောင့် မျက်လုံးဖွင့်ကြည့်မိတော့ သူ့အပေါ်မှ အုပ်မိုးကာ နှုတ်ခမ်းကို နမ်းနေတဲ့ စစ်။ ခက်နိုးလာတာကိုတွေ့တော့ စစ်လည်း ခက်ရဲ့အပေါ်ကနေ ဖယ်ပေးလိုက်ပြီး ခက်ရဲ့ဘေးမှာ၀င်လှဲလိုက်သည်။ ခက်ခေါင်းလေးကို သူ့လက်မောင်းပေါ် ခေါင်းအုံးစေရင်းနဲ့ပေါ့။
" မောင့်ကြောင့်နိုးသွားတာလား "
" အွန်း .... "
ရင်ခွင်ထဲမှာနေရင်း အပျင်းကြောဆန့်နေတဲ့ ဖြူလုံးလေးကို စစ် အသည်းယားစွာ ကြည့်မိသည်။
" ကြည့်ပါအုံးကွာ ... ပျင်းနေလိုက်တာ။ မောင်မရှိလို့ ပျင်းနေတာလား ။ နောက်နေ့တွေ အလုပ်မသွားပဲ နေလိုက်တော့မယ် "
" အာ ... အလုပ်ကတော့ သွားရမှာပေါ့ အစိုးတစ်ယောက်ထဲ အားနာစရာကြီး "
" မောင့်ပူတူးလေး သဘောအတိုင်းပါပဲဗျာ။ ကဲ အိပ်ရေး၀ရင် ထတော့နော်။ ခက်မှာလိုက်တာတွေ အကုန်၀ယ်လာခဲ့တယ်။ ထစားတော့ "
" အွန်း ချီ "
ခက်က လက်လေးနှစ်ဘက်ကို ဆန့်တန်းပေးတော့ စစ်လည်း အလိုက်တသိပဲ ခက်ကိုချီလိုက်သည်။ ခက်ရဲ့ ခြေထောက်လေးတွေကို သူ့ခါးမှာခွထားစေပြီး ခက်ကို မျက်နှာချင်းဆိုင် ချီထားတာကြောင့် သူ့ပူတူးလေးရဲ့ မျက်နှာအမူအရာလေးတွေကို တွေ့နေရသည်လေ။ နှုတ်ခမ်းလေးက စူပုတ်နေတော့ ကြည့်ရတာ အိပ်ရေးမ၀သေးဘူးထင်တယ်။
" ခက် ... အိပ်ရေးမ၀သေးဘူးလား ။ စူပုတ်နေတာပဲကွာ။ "
ပြောနေရင်းနဲ့ ခက်ရဲ့နှုတ်ခမ်းလေးကို အသာလေးနမ်းလိုက်ပြန်သည်။
" အွန်း .. အိပ်ချင်သေးတယ်။ ထမင်းစားခန်းထဲရောက်ရင်ပြောနော် "
ဟုဆိုကာ စစ်ရဲ့ပုခုံးပေါ် မေးတင်ပြီး မျက်လုံးမှိတ်ထားလေသည်။
ခက်ကိုချီထားရင်း ထမင်းစားခန်းထဲ၀င်ခဲ့ပြီး ချီထားလျက်နဲ့ပဲ ၀ယ်လာခဲ့သမျှကို ပန်းကန်ထဲပြောင်းထည့်နေရသည်။
YOU ARE READING
Let Me Start Again [Completed]
RomanceStart Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်းတွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထွက်ပြေးပါရစေ 'ခက်ထန်' ငါအရမ်းမုန်းနေတုန်းက တွယ်ကပ်နေပြီး အခုကျထွက်ပြေးတော့မလို့လား အရင်ကမှားခဲ့တာတွ...