LMSA 46

66.3K 3K 128
                                    

Unicode

၂ နှစ်ခန့်ကြာ​သော် .....

✏ ခက်ထွက်သွားပြီး ပထမရက် ....
​    ​နောက်ဆုံး​တော့ ....​ နောက်ဆုံး​တော့ ... ခက်လည်း ​မောင့်ကိုထားခဲ့တာပါပဲ ....​မောင် ...​ မောင့်အမှား​တွေကို သိပါပြီ ခက်ရယ် ....​ မောင် ...​ မောင်​တောင်းပန်ပါတယ် ...​ မောင့်ဆီပြန်လာ​ပေး​နော် ✏

✏ ခက်ထွက်သွားပြီး တစ်လအကြာ .....
    ဒီ​နေ့ ​မောင်အိပ်မက်မက်တယ် ခက်သိလား ... ခက်က ..​ မောင့်ကို ထားသွားတယ်တဲ့ ....​ မောင် ...​ မောင့်အိပ်မက်ထဲကအတိုင်း တကယ်ဖြစ်လာမှာ​ အရမ်းကြောက်တယ်ခက်ရယ် .... ✏

✏ ဒီ​နေ့ ဟန်နီနိုင်တို့ကို ရုံးချိန်း​ခေါ်တဲ့​နေ့​လေခက်ရဲ့။ အပြစ်သား​တွေ တစ်​ယောက်ပြီးတစ်​ယောက်ကို တရားသူကြီးက ထိုက်တန်တဲ့အပြစ်ကို ​ပေးပါတယ်။ ဒါ​ပေမဲ့ ​​ဟောဒီက ​မောင်ဆိုတဲ့ အပြစ်သားကို ခက်​ပေးတဲ့ ပြစ်ဒဏ်က ကွာရှင်းတာတဲ့လား .... ✏

✏ လွမ်းလိုက်တာ .... ဒီထက်ပိုပြီး ထိ​ရောက်တဲ့စကားရှိရင် ​မောင် ​ပြောချင်ပါ​သေးတယ် ..... ခက်ကို တစ်ရက်​လေးမှ ​မေ့မရခဲ့ပါဘူး ....​ မောင့်ဆီ ...​ မောင့်ဆီကို ဘယ်​တော့ ပြန်လာမှာလဲ ဟင် .... ✏

✏​ မောင့်ရဲ့ အတ္တ​တွေ​ကြောင့် ခက်က အ​ဝေးကို ထွက်​ပြေးသွားတာလား .... ခက်သာ ... ခက်သာ ...​ မောင့်ဆီပြန်လာမယ်ဆိုရင် ​ခြေသုတ်ပုဆိုး ..​ မြွေ​စွယ်ကျိုးလိုမျိုး .... ခက်ရဲ့အနားမှာ ခစားပါ့မယ် ....​ မောင့်ရဲ့ မာန​တွေကို ခဝါချပြီး​တော့​ပေါ့ ... ✏

✏ ခက်သိလား ...​ မောင်​လေ ... ခက်ကို သတိရတဲ့အ​ကြောင်း​တွေ တစ်ရက်ကို တစ်မျက်နှာနှုန်းနဲ့​ ရေးထားတယ် ... အခု ဒီစာမျက်နှာ​လေး​ရော အပါအ၀င်​ပေါ့ ... ခက်ပြန်လာရင် ​မောင် ခက်ကို ဖတ်ပြမယ်​နော် .... ✏

✏​ မောင်တို့ ၂​ ယောက်က တကယ်ပဲ မဆုံရ​တော့ဘူးလား ခက်ရယ် .....​​ ကောင်းကင်ကို ​မော့ကြည့်မိတိုင်း ခက်ကိုပဲမြင်​နေရတယ် .... တခြား ဘယ်​နေရာကိုပဲကြည့်ကြည့် ခက်ကိုပဲမြင်​နေရတယ် ....​ မောင် ....​ မောင်ရူး​နေပြီထင်ပါရဲ့ .... ✏

✏​​ မောင်တို့က ၃ နဲ့ ၄ လိုမျိုး နီးလျက်နဲ့ ကျောခိုင်းထားသလိုများ ဖြစ်​နေပြီလား ... အဟက် !! နီးလျက်နဲ့လို့​ ပြောရ​အောင်လည်း ခက်က ဘယ်ဆီ​ရောက်​နေမှန်းမှ ​မောင်မသိရတာ ....​ မောင်က ​တော်​တော်ရူးတယ်​နော် .... ခက် ..​ မောင့်ကို ထားသွား​တော့မှ ပြန်လိုချင်​နေရတယ်လို့ .... ✏

Let Me Start Again [Completed]Where stories live. Discover now