LMSA 45

63.3K 3K 182
                                    

Unicode

ဘာလိုလိုနဲ့ စစ် ခက်ကို ခိုး​ပြေး .. ( အင်း ခိုး​ပြေးတယ်ပဲ ထားပါ​တော့ * ) လာတာ ၁ ပတ်​တောင်ရှိ​သွားပြီ။ တစ်ပတ်အတွင်း ခက်ဟာ စစ်ကို စကား​တစ်ခွန်း​တောင် မ​ပြောခဲ့​ပေ။ သူ့ဘာသာသူ အခန်းထဲမှာပဲ ​နေသည်။ စစ်နဲ့ မျက်နှာချင်း​တောင်မဆိုင်ပေ။

" ခက် ... ထ​အုံး​လေ။ အချိန်တိုင်း အိပ်​နေရင် ​ခေါင်းကိုက်လိမ့်မယ် ခက်ရဲ့ "

စစ်ကသာ ​ပြော​နေတာ ခက်က​​တော့ တုပ်တုပ်မျှမလှုပ်။  စစ် သက်ပြင်းတစ်ချက် ရှိုက်လိုက်ရင်း ...

" ခက် ..​ မောင်​တောင်းပန်ပါတယ် ခက်ရယ်။ ​မောင့်ကို အခုလို ဘာမှမ​ပြောပဲနဲ့​တော့ မ​နေပါနဲ့။ ခက်​ မောင့်ကို ရိုက်ချင်ရင် ရိုက်လိုက်ပါ။ အခုလိုကြီး ... အခုလိုကြီး ​မောင့်ကို လျစ်လျူရှုမထားပါနဲ့ ခက်ရယ်။ ​မောင်​တောင်းပန်ပါတယ်ကွာ ​နော် "

" ထွက်သွား "

တစ်ပတ်လုံး​နေမှ ခက် သူ့ကို ​ပြောလာတဲ့ ပထမဆုံး​သောစကားဟာ ထွက်သွားတဲ့​​လေ။

" ခက် ...​ မောင့်ကို ​မောင့်ကိုကြည့်ပါအုံး "

စစ် ​ပြော​နေရင်းနဲ့ ခက်ရဲ့ မျက်နှာ​လေးကို သူ့ဘက်ကို အသာအယာလှည့်လိုက်​သော်လည်း ခက်က တစ်ဖက်ကို မျက်နှာလွှဲသွားပြန်သည်။

" မောင့်မျက်နှာကို မမြင်ချင်​တော့ဘူးလားဟင်။ ခက်​ မောင့်ကို တကယ်ပဲ သူစိမ်းတစ်​ယောက်လို မြင်​နေပြီလား ။ ​မောင့်ကို ...​ မောင့်ကို မချစ်​တော့ဘူးလား ခက်ရယ်။ ခက်​​ မောင့်ကို စကား​မ​ပြော​တော့တာ ၁ ပတ်ရှိပြီခက်ရဲ့ ။ ​မောင်​တောင်းပန်ပါတယ်။ ​မောင့်ကို စကား​လေး​တော့ ပြန်​ပြောပါအုံး ။ ​မောင် ...​မောင်က ခက်နဲ့ ထပ်ပြီးမခွဲနိုင်​တော့လို့ အခုလိုလုပ်ခဲ့တာပါ "

" ထွက်သွား​ မင်းစစ်​မောင်။ အခုချိန်မှာ မင်းရဲ့မျက်နှာကို ငါမမြင်ချင်ဘူး ။ ချစ်လို့ဟုတ်လား ။ ဘယ်လိုလူကများ ကိုယ်ချစ်တဲ့သူကို မင်းလိုမျိုး အကျယ်ချုပ်ချထားလို့လဲ ဟမ် !! အခု မင်းက ငါ့ကို ​အကျယ်ချုပ်ချထားတာ​လေ။ မင်းအပြင်သွားရင် ငါ့ကို အခန်းထဲမှာ ပိတ်ပြီး ​သော့​ခတ်ထားတယ်။ မင်းရှိ​နေရင် ငါ့ကို မျက်စိ​ဒေါက်​ထောက်ကြည့်​နေတယ်။ ​ပြောစမ်းပါအုံး ဘယ်လိုအသိတရားရှိတဲ့လူက မင်းလိုလုပ်ရပ်မျိုး လုပ်ဖူးလဲလို့ "

Let Me Start Again [Completed]Where stories live. Discover now