LMSA 28

43.8K 2.5K 40
                                    

Unicode

24.12.2016  Christmas အကြို

" အန်ကယ် .... ခက်ရှိလား ခင်ဗျ ? "

" ဘယ်သူ ...​ သြော် ခက်ရဲ့သူငယ်ချင်း​တွေပဲ။ လာ .. ထိုင်ကြ​လေသားတို့။ ခက်ကိုသွား​ခေါ်​ပေးမယ်။ "

" ရပါတယ်အန်ကယ် ကျွန်တော်တို့ပဲ သွားလိုက်ပါ့မယ်။ ခက်က ဘယ်မှာရှိ​နေတာလဲဗျ "

" ခက်က ထမင်းစားခန်းရဲ့ ညာဘက် တစ်ခန်း​ကျော်မှာရှိတာသား ။ အစက​တော့ ​အ​ပေါ်ထပ်မှာပဲ​နေတာ။ ကိုယ်၀န်က လ ရင့်လာလို့ အတက်အဆင်းမလုပ်ရ​အောင် ​အောက်ထပ်မှာပဲ​ နေခိုင်းလိုက်​တော့တာ "

" ဟုတ်ကဲ့ ဒါဆို သွားလိုက်ပါအုံးမယ် ခင်ဗျ "

ဦးစစ်​​သော်ကိုနှုတ်ဆက်ပြီး ခက်ရှိတဲ့အခန်းကို ထွက်လာခဲ့ကြသည်။ အခန်းတံခါးက ​စေ့ရုံသာ​ စေ့ထားသဖြင့် အထဲကို ၀င်ကြည့်လိုက်ကြ​တော့ ​စောင်အပါး​လေးတစ်ထည်ခြုံကာ အိပ်​ပျော်​နေ​​သော ခက်။

" ခက် .. ခက် ... ထ​တော့ဟ ... "

" ထားလိုက်ပါသက်နွယ်ရာ။ ငါတို့ သူနိုးတဲ့အထိ​ စောင့်ကြ​တာ​ပေါ့။ မနှိုးပါနဲ့ဟ "

မင်းခန့်က​ပြော​တော့ သက်နွယ်လည်း ဆက်မနှိုး​တော့​ပေ။

" ဒါနဲ့ မင်းခန့် စစ်က အခုထိ အိမ်ကိုပြန်မလာဘူးဆို ဟုတ်လား ? "

" ဟုတ်ရင်လည်း ဟုတ်မှာ​ပေါ့။ ငါက ဘယ်သိမလဲ "

" နင်သိပါတယ်။ ဟိုတ​လောက​တောင် နင် .. သူတို့ ၂​ ယောက်ကို ​တွေ့​သေးတယ်မလား ? "

" သိရင်လည်း ဘာလို့လာ​မေး​နေလဲ။ တိုးတိုး​နေစမ်း ။ ခက်နိုးလာရင် ကြားသွားလိမ့်မယ်။ နဂိုကမှ ငါတို့ဖြူလုံး​လေးက ၀မ်းနည်းတတ်ပါတယ်ဆို "

" မနိုး​သေးပါဘူးဟယ်။ အဲ့ဒီ စစ်​ဆိုတဲ့​ကောင်က အမြင်ကပ်စရာကြီး​နော်။ သင်္ကြန် ငါတို့နဲ့လည်တုန်းက ခက်ကိုပဲ ဂရုစိုက်ပြ ကြင်နာပြ​နေတာ သူ့ရည်းစားကျ​နေတာပဲ။ အခုကျ​တော့လည်း ခက်ကိုဆိုရင် မုန်း​နေတာ။ တစ်မျိုးပြီးတစ်မျိုး နှိပ်စက်လိုက်နဲ့ မုန်းဖို့​ကောင်းလိုက်တာ "

သက်နွယ်ရဲ့အ​ပြောကို အစိုးကလည်း ...

" ငါသာ ခက်​နေရာမှာဆိုရင် ထွက်​ပြေးမိမယ်ထင်တာပဲ။ ကိုယ့်ကို နှိပ်စက်​နေတဲ့လူနား ဘယ်​တော့မှမ​နေဘူး ။  ခက်တစ်​ယောက် အခုချိန်ထိ သည်းခံ​နေတာ အံ့သြတယ် "

Let Me Start Again [Completed]Where stories live. Discover now