LMSA 6

42.3K 2.8K 30
                                    

Unicode

" ငါ toilet သွားလိုက်အုံးမယ် "
ဟု​ပြောကာ စစ် ထွက်လာခဲ့သည်။ မင်းခန့်ကလည်း ...
" ငါလဲ toilet လိုက်သွားလိုက်အုံးမယ် ... ခက် မင်းတစ်​ယောက်ထဲ အဆင်​ပြေမလား ငါဗိုက်နာလာလို့ "
" ဘာမ​ပြေစရာရှိလဲ ကိုမင်းခန့်ရဲ့ ဟန်နီတစ်​ယောက်လုံးရှိ​နေ​သေးတာပဲကို "
( နင်ရှိ​နေလို့ကို ငါ့သူငယ်ချင်းကို စိတ်မချတာ * )
စိတ်ထဲမှာသာ ​ပြောဖြစ်ပြီး အပြင်မှာ​တော့ ...
" အာ ဟုတ်သားပဲ ကျွန်တော်က ဟန်နီရှိ​နေတာကို​​ မေ့သွားတာ ... ဒါဆို ကျွန်တော့်သူငယ်ချင်းကို ခဏထားခဲ့မယ်​နော် "
အိမ်သာ​လေး ခဏသွားတက်မှာကို ၁ နှစ်​လောက် ခရီးထွက်ရမယ့် အ​ဖေက သူ့သားကို အိမ်အကူနဲ့ထားခဲ့ရမှာ စိတ်မချတဲ့ပုံစံမျိုးလာလုပ်​နေတဲ့ မင်းခန့်ကို ဟန်နီ သိပ်စိတ်မရှည်ချင်​တော့။
" သွားမှာသာသွားစမ်းပါ ကျွန်မက ရှင့်သူငယ်ချင်းကို ကိုက်စားမှာကျ​နေတာပဲ "
" သွားပါ မင်းခန့်ရာ "
" အေးပါ ဒါဆိုသွားပြီနော် "
တကယ်တမ်းလဲ ခက်ကို ဟန်နီနဲ့ထားခဲ့ရမှာစိတ်မချနိုင်ပါ။ ဟို​မြွေ​ခွေးမက ကိုယ့်သူငယ်ချင်း ဖြူ​လုံးလေးကို ဘာလုပ်မယ်မှန်းမှမသိတာ။

ဟုတ်တယ် သူငယ်ချင်း ... ခက်က စစ်ကိုချစ်​နေမှန်းသိကတည်းက သူ့ဘက်က ခက်ကို သူငယ်ချင်းထက်မပို​တော့။ စစ်ထက်ပိုပြီး ဂရုစိုက်​ပေး​နေတာက ချွင်းချက်ပေါ့လေ။ အဲ့ဒါကလဲ ခက်ဆိုတာက သူနဲ့အိမ်ချင်းလဲနီးသလို ငယ်ငယ်​လေးကတည်းက ကစား​ဖော်ကစားဖက်​တွေ။

ခက်ရဲ့​​မေ​မေကိုယ်တိုင်ကလည်း ခက်​ အသက် ၁၃ နှစ်မှာ​ ဆေးရုံတက်ရပြီးကတည်းက သူနဲ့စစ်ကလွဲပြီး တခြားသူ​တွေနဲ့ မ​ပေါင်းခိုင်း​တော့ဘူး​လေ။ ဘာ​လို့လဲ​တော့မသိ။ စစ်နဲ့က ၆ တန်း​လောက်မှ စစ် သူတို့​ကျောင်းကို​ပြောင်းလာလို့ ခင်သွားတာ။ စစ်က​တော့ အဲ့ကတည်းက gay ကိုမုန်းတယ်ချည့် ပြော​နေတာပဲ အ​ကြောင်းရင်းလဲ မသိရဘူး ။

သူတို့နှစ်ယောက်က အဲ့လို လျှို့၀ှက်ချက်ကိုယ်စီနဲ့။ ခက်အတွက်​တော့ ရင်​လေးတယ်။ ​တွေးရင်း​တွေးရင်းနဲ့ toilet ကို​ကျော်သွား​သော မင်းခန့်ပါ​လေ။
" ဟ toilet​ တောင်​ ကျော်သွားတာပဲ ဗိုက်နာပါတယ်​ဆို​နေမှ "

Let Me Start Again [Completed]Where stories live. Discover now