LMSA 27

42.7K 2.4K 67
                                    

Unicode

ဘာလိုလိုနဲ့ ခက်ရဲ့ကိုယ်၀န်​တောင် ၇ လထဲ​ရောက်လာခဲ့​လေသည်။ စစ်က​တော့ ခက်ကိုယ်၀န် ၄ လ​လောက်ကတည်းက တိုက်ခန်းကို ပြန်သွား​နေသည်။ သူ​ပြောတာ​တော့ ဟန်နီနိုင်နဲ့ ပြန်အဆင်​ပြေသွားလို့တဲ့။
အဟက် ! ဒါဆိုရင် အရင်လ​တွေက သူနဲ့လာ​နေတာက ဟန်နီနိုင်နဲ့ ပြသနာတက်ထားလို့​ပေါ့။

ဟန်နီနိုင်ကလည်း သူတို့ စီးပွား​ရေအဆင်မ​ပြေ​တော့မှ စစ်ကို ပြန်​တောင်းပန်ပြီး ခွင့်လွှတ်​ပေးဖို့​ ပြောခဲ့တယ်တဲ့​လေ။ ဟန်နီနိုင့်​ကို​တော့ တစ်ရက်​လေးနဲ့ ခွင့်လွှတ်​ပေးတတ်တဲ့စစ်ဟာ ခက်ကို​တော့ အခုချိန်ထိ မုန်း​နေဆဲပါ​လေ။ စစ် တိုက်ခန်းမှာ ပြန်​နေကတည်းက ​ဆေးခန်းရုံသွားရမယ့် ရက်​တွေဆိုလျှင် ဦးစစ်​သော်နဲ့ တစ်ခါထဲလိုက်သွားရသည်။ ဦးစစ်​သော်က Duty​ စော​စောသွားရတဲ့ရက်​တွေဆိုလျှင် မင်းခန့်ကိုသာ အကူအညီ​တောင်းရသည်။

စစ်က​တော့ ခက်ကို ဂရု​တောင်မစိုက်ပါ​ချေ။ ယခုလည်း papa က ​ဆေးရုံကို​ စော​​စောသွားရသဖြင့် မင်းခန့်လာအ​​ခေါ်ကို​ စောင့်နေရသည်။ အမှန်အတိုင်း​ပြောရရင် သူ မင်းခန့်ကို တကယ်ပဲ အားနာလှပါသည်။ စိုးစံနိုင်ကို​ရော​ပေါ့။ မအားတဲ့ကြားကပဲ ကူညီ​ပေး​နေကြတာမလို့ ​ကျေးဇူးလည်းတင်မိသည်။

စစ်က​တော့ သူနှင့်မဆိုင်သည့်အလား မျက်နှာလွှဲထား​လေသည်။ သူက​တော့
ဟန်နီနိုင်နဲ့​ ပျော်​နေမှာ​ပေါ့။

" ခက် .... ဘာလို့ ငူငူကြီးရပ်​နေတာလဲ ကား​ပေါ်တက်​လေ။ "

မင်းခန့်အသံကိုကြား​တော့မှ ...

" အော် အင်းအင်း ... "

ခက် ကား​ပေါ်​ရောက်​တော့ ...

" စိတ်ညစ်စရာ​တွေ​ တွေး​နေပြန်ပြီလား ? မင်း papa က စိတ်ညစ်မခံရဘူးလို့​ပြောထားတယ်​လေကွာ "

" အေးပါကွာ ငါလည်း ဒီလိုပဲ ​လျှောက်​တွေး​နေတာပါ။ စိတ်ညစ်စရာ​တွေ မ​တွေးပါဘူး ။ ​
ကျေးဇူးပဲ မင်းခန့် ငါ့အနားမှာ​နေ​ပေးလို့ "

" မလိုပါဘူးကွာ။ ငါတို့က သူငယ်ချင်း​တွေပဲ​လေ။ ရှင်းရင်း​ပြောရရင် မင်းက ငါ့ရဲ့ညီ​လေးလိုပဲ ကူညီရမှာ​​ပေါ့။ ဟို မျိုးမစစ်ကိုသာ အ​သေသတ်ပစ်ချင်​နေတာ "

Let Me Start Again [Completed]Où les histoires vivent. Découvrez maintenant