LMSA 3

51.3K 3.3K 9
                                    

Unicode

" သားပြန်လာပြီလား "
" ခင်ဗျားအပူမပါဘူး ... ​ကျေးဇူးပြုပြီး ကျွန်တော်နဲ့မဆုံ​အောင်​​ နေ​ပေးပါလား ... ခင်ဗျားကိုမြင်​ရရင် ​ဒေါသက အလိုလိုထွက်လာလို့ "
စစ်ရဲ့အ​ပြော​ကြောင့် ဦးစစ်​သော်မျက်နှာပျက်သွား​သော်လဲ ချက်ချင်းပြန်ပြုံးလိုက်ကာ ...
" သားက papa ကို အခုထိ ခွင့်မလွှတ်နိုင်​သေးတာလား "
" ဘာ papa လဲ ခင်ဗျားကို လက်မခံနိုင်ပါဘူးလို့​ ပြောထားတယ်​လေ "
ပြောရင်းနဲ့ စစ် ​ဒေါသ​တွေထွက်လာသည်။ အခု​လေးတင် ခက်နဲ့မင်းခန့်ကို နှစ်ယောက်ထဲ​တွေ့လာခဲ့လို့ စိတ်ကတို​နေပါတယ်ဆို ...
( ငါဘာဖြစ်​နေတာပါလိမ့် ... အရင်ကလဲ အဲအဲ့နှစ်ကောင်ကို နှစ်ယောက်ထဲ​တွေ့တာ​တွေလဲ ရှိတာပဲကို ... အခုမှ ဘာလို့စိတ်​တွေတို​နေတာလဲ ? အာ ... ငါ့ကိုပလစ်ထားလို့​ ဒေါသထွက်​နေတာ ဟုတ်တယ် * )
" အဲ့ဒါဘာဖြစ်​နေကြတာလဲ "
ဦးမင်းထက်၏အသံကြားမှ စစ်လဲ သတိပြန်၀င်လာသည်။
" ဘာမှမဖြစ်ပါဘူးအကိုရာ "
" ဘာကိုဘာမှမဖြစ်ရမှာလဲ ... စစ် ... မင်းကို မင်းအဖွားမ​သေခင်က အ​ကြောင်းစုံ အကုန်ရှင်းပြပြီး​ တောင်းပန်ခဲ့တာပဲ ... မင်း papa ကို အခုထိမုန်း​နေတုန်းလား ... မင်း papa မှားတာတစ်ခုမှ မရှိတာကို​လေ "
" ဘာကိုမမှားရမှာလဲ ... ငယ်ငယ်ကတည်းက အ​မေမရှိပဲ အ​ဖေနှစ်ယောက်ပဲရှိတဲ့ ကျွန်တော့်ကို ဝိုင်း​လှောင်ခံရတာက​ရော ဘာမှမဟုတ်ဘူးလား "
" အဲ့ဒါဆို မင်း papa က​ရော ? မင်းကို လွယ်ထားကတည်းက ​ယောက်ျားကိုယ်၀န်​ဆောင်ဆိုပြီး ဝိုင်းရှုံ့ချခံ​နေရတဲ့ကြားထဲက မင်းကို​မွေး​ပေးခဲ့တာ​လေ ... အဲ့ဒါ​တောင် မင်းက အခုထိ အသိမှတ်မပြုနိုင်​သေးဘူးလား "
ပြောရင်းနဲ့ ဦးမင်းထက်​ ဒေါသ​တွေထွက်လာသည်။
" ဘယ်သူက ဇွတ်အတင်း​တွေ​ မွေးခိုင်း​နေလို့လဲ ... အခုလို​​မွေး​​ပေးလဲ ကျ​နော်က ​ကျေးဇူးတင်မ​​နေဘူး အဲ့ဒီအစား မ​မွေးခဲ့ရင်​တောင် ​ကောင်းအုံးမယ် "
" မင်း ... မင်း ​ပြော​လေကဲ​လေပါလား ... မိဘကိုမိဘမှန်းမသိတဲ့​ကောင် " ​
ပြောရင်းနဲ့ ဦးမင်းထက်ရဲ့လက်သီးတစ်ချက်က စစ်ပါး​ပေါ်​ ရောက်သွား​လေသည်။
" အကို ... အကို မလုပ်ပါနဲ့​တော့အကိုရယ် သား .. သားလဲ သွား​တော့​နော် "
" အဟက် အဲ့ဒါ​ကြောင့်မလို့ gay​ တွေကိုမုန်းတာ ... Daddy နဲ့ ကျွန်တော်ပြသနာတက်တိုင်း ခင်ဗျားကြောင့်ပဲ ... ခင်ဗျားကို တစ်သက်လုံးခွင့်မလွှတ်ဘူး "
ပြောရင်းနဲ့ အပြင်ကို ပြန်ထွက်လာ​လေသည်။
" အကိုရာ ကျွန်တော့်ကြောင့် သားနဲ့ ထပ်ပြီး စကားမများပါနဲ့​တော့ ... သူလဲ ဘယ်လိုလုပ်ပြီး လက်ခံနိုင်အုံးမှာလဲ "
" မင်းသားဘက်ကပဲ ကာ​ပြော​ပေးမ​နေနဲ့ အ​သော် ... အခုပဲ သူ့အသက် ၁၆ နှစ်​​ကျော်​နေပြီ သူစဥ်းစားတတ်​နေပြီ​လေ ... အ​မေမ​သေခင်တုန်းကလဲ သူ့ကို အကုန်ရှင်းပြပြီးသွားပြီ အဲ့ဒါ​တောင် မင်းကိုလက်ခံ​သေးလို့လား ...  မင်းအစား ငါရင်နာတယ်ကွ သိရဲ့လား "
" နောက်ကျရင်​တော့ သူနားလည်လာမှာအကိုရယ် "
" နောက်ကျရင် ... ဟုတ်လား ... အဲ့​နောက်ဆိုတာ ဘယ်​တော့လဲ ... ငယ်ငယ်တုန်းက​တော့ အ​မေတို့​သွေးခွဲထားလို့။ ဒါပေမဲ့ မနှစ်တုန်းက အ​မေမဆုံးခင် သူ့ကိုရှင်းပြခဲ့တယ်​လေ။ ၁၀နှစ် ... သူမင်းကို အသိမှတ်မပြုတာ ၁၀ နှစ်ရှိပြီကွ မင်းသိရဲ့လား ! ! "
" အကိုရာ "
ဦးစစ်​သော် ဘာမှဆက်မ​ပြောဖြစ်​တော့​ပေ။

Let Me Start Again [Completed]Où les histoires vivent. Découvrez maintenant