LMSA 37

61.9K 2.7K 91
                                    

Unicode

စစ်နဲ့ မင်းခန့်လည်း ဟန်နီနိုင်ရှိတဲ့ဆီကို ထွက်လာခဲ့လိုက်ကြသည်။ မင်းခန့်က​တော့ အပြင်ကပဲ ရပ်​စောင့်​နေပြီး စစ်ကပဲ အထဲကို၀င်သွားသည်။ စစ် ရောက်သွား​တော့ ဟန်နီနိုင်က ၀မ်းသာအားရနဲ့ ...

" ကိုကို ဟန်နီ့ဆီကိုလာတာလား ။ ခက်နဲ့ကွာရှင်းပြီးသွားပြီ​ပေါ့ ဟုတ်လား "

" ငါ့သား​လေးကိုသတ်တာ မင်းလား ။ မင်းလုပ်ခဲ့တာလား ဟန်နီနိုင် "

" ကိုကို .. ကိုကိုဘာ​တွေ​ပြော​နေတာလဲ။ ဟန်နီတစ်ခုမှနားမလည်ဘူး "

" မင်း ငါ့ကိုညာမ​နေနဲ့​တော့ ဟန်နီနိုင် ! ငါအကုန်သိပြီးသွားပြီ။ ခက်က ငါ့ကိုအကုန်​ပြောပြီးပြီ "

" ဘာ .. ခက်ထန်က​ပြောတာ ဟုတ်လား ။ သူက ဘာလို့အဲ့လို​ပြောတာလဲ "

" မင်းပဲ ခက်ရှိတဲ့​ဆေးရုံအထိ လိုက်သွားပြီး ​အကုန်​ပြောခဲ့တာမဟုတ်ဘူးလား ဟမ် !!! ဘာလို့ မသိချင်​ယောင်​ဆောင်​နေရတာလဲ "

" ဟက် ! ဟုတ်တယ် ဟန်နီခိုင်းခဲ့တာ။ ကိုကို့ကို လိုချင်လွန်းလို့ ဟန်နီလုပ်ကြံခိုင်းခဲ့တာ။ အခု က​လေးက​ သေသွားပြီဆို​တော့ ကိုကိုလည်း သူနဲ့ကွာရှင်းပြီး ဟန်နီနဲ့တူတူ​နေလို့ရပြီ​လေ။ ပြီး​​တော့ သူက ရဲကိုမတိုင်ရဲပါဘူးကိုကိုရဲ့။ သူ့ကိုတိုက်သွားတဲ့ကားက ကိုကို့ကားမလို့​လေ "

ဟန်နီနိုင့်ရဲ့ စကား​ကြောင့် စစ် ​ပြောစရာများပင် ​ပျောက်ရှသွားရသည်။

" ဟန်နီနိုင် ... မင်း .. မင်း ..​ တော်​တော်ယုတ်မာပါလား "

" ဟုတ်တယ် ဒါ​တွေအကုန်လုံးက ကိုကို့ကိုချစ်လို့ ! ကိုကို့ကို ပိုင်ဆိုင်ချင်လို့ လုပ်ရတာ "

" မဟုတ်ဘူး ! မင်းက ငါ့ကိုချစ်​တာမဟုတ်ဘူး ! မင်းက အတ္တကြီး​နေတာ။ မင်းလုပ်ခဲ့တာ​တွေအတွက် မင်းပြန်​ပေးဆပ်​စေရမယ် "

" ဘာလဲ ရဲတိုင်မလို့လား လုပ်လိုက်​လေ။ ကားပိုင်ရှင်က ကိုကို​နော်။ ရဲနဲ့တိုင်လည်း ကိုကိုကခိုင်းတာပါလို့ ​ပြောလိုက်ရုံပဲ။ ခက်ထန်က​ရော ကိုကို့ကို ရဲနဲ့တိုင်ရဲလို့လား ။ ဟန်နီ သူ့ကိုသွား​ပြောလိုက်လို့ တိတ်တဆိတ်ထွက်သွားမယ်ပဲထင်​နေတာ။ အခုလို ကိုကို့ကို ပြန်​ပြောလိမ့်မယ်လို့ ဘယ်ထင်မလဲ။ ဟက် .. သူက အဲ့လောက်ထိ သတ္တိ​တွေရှိသွားတာလား "

Let Me Start Again [Completed]Where stories live. Discover now