LMSA 32

46.7K 2.4K 88
                                    

Unicode

သား​လေး စစ်ထက်နိုင်ရဲ့ ရက် ၁၀၀ ပြည့်ကို
မလာခဲ့​သောစစ်ဟာ သားရဲ့ ၁ နှစ်ပြည့်​မွေး​နေ့ကို​တော့ ​ရောက်လာခဲ့သည်။
​အ​ကြောင်းမှာကား ခက်ကို ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးခိုင်းဖို့တဲ့​လေ။

" လက်မှတ်ထိုး​ပေး ခက်ထန်။ ငါတို့ကွာရှင်းကြရ​အောင်။ ငါလည်း မင်းနဲ့​နေရတာ မ​ပျော်ဘူး ။ ဟန်နီနဲ့ငါနဲ့ ၂​ ယောက် အတူတူ​နေ​တော့မယ် "

" စ ... စစ် ... ငါ .. ငါ​ ..​ တောင်းပန်ပါတယ်စစ်ရယ်။ ငါ ... ငါ .. မကွာရှင်းနိုင်ဘူး ။ ပြီး​တော့ ... ပြီး​တော့ သား​လေးမျက်နှာ​တော့ ​ထောက်​ပေးပါအုံး "

" သား​လေးမျက်နှာ​ထောက်​နေလို့ပဲ ငငါမင်းကို ကောင်း​ကောင်းမွန်မွန်​ပြော​နေတာ ခက်ထန်။ ငါတို့ ၂​ ယောက်ကွာရှင်းပြီး​တော့ သားကို ငါနဲ့ဟန်နီနဲ့က ​စောင့်​​ရှောက်မယ်။ မင်းကို​တော့ မင်းအ​ဖေပိုင်တဲ့ company အပြင် နစ်နာ​ကြေးလည်း​ ပေးအုံးမှာပါ "

" ငါက .. ငါက .. ဘာလို့ သားကို သူများလက်ထဲထည့်​ပေးရမှာလဲ .. ငါ ... ငါ ... ကွာရှင်းမ​ပေးနိုင်ဘူးစစ် "

" မင်း ဘာလို့ အတ္တကြီး​နေရတာလဲ ခက်ထန်။ တကယ်ဆိုရင် ဟန်နီ့ကို​တောင် ​​ကျေးဇူးတင်သင့်တာ။ သူ့​သွေးသားမဟုတ်ပဲနဲ့ ​ငါ့ရင်​သွေးဆိုတဲ့ အသိတစ်ခုထဲနဲ့ ​အ​မေ​နေရာက​ နေ​ပေးမယ်ဆိုတဲ့ ဟန်နီ့ကို​တောင် ​ကျေးဇူးတင်ရမှာ "

" ဟုတ်တယ် .. ငါက .. ငါက .. အတ္တကြီးတယ်စစ်။ မင်း​ဘေးနားက ငါ့​နေရာကို ငါ .. ငါ .. ဘယ်သူ့ကိုမှ မ​ပေးလိုက်နိုင်ဘူး။ သား​လေးရဲ့ မိဘ​နေရာကို​ရောပဲ "

" အဟက် !! ဒါဆို မင်းက ငါတို့သား​လေးကို
ငါငယ်ငယ်တုန်းကလိုမျိုး အ​ဖေ ၂​ ယောက်ရှိတဲ့သားဆိုပြီး အနှိမ်ခံရမှာကို ထိုင်ကြည့်​နေမယ်​ပေါ့ ဟုတ်လား ? မင်း တကယ်စိတ်ပျက်ဖို့​ကောင်းတယ်။ မင်းအခုလိုလုပ်​နေတာနဲ့ပဲ ငါ့ကိုပိုင်သွားပြီလို့ထင်​နေတာလား ? "

" ငါ .. ငါ .. မင်းကိုပိုင်တယ်လို့ တစ်ခါမှမထင်မိပါဘူး စစ်ရယ်။ ငါက ... ငါက .. မင်းကိုမပိုင်ရလည်း မင်းရဲ့သက်ဆိုင်သူ​နေရာမှာ ​နေချင်ရုံ​လေးတင်ပါ "

Let Me Start Again [Completed]Where stories live. Discover now