LMSA 16

37.5K 2.4K 32
                                    

Unicode

" ဘာ​တွေများ လက်​ဆောင်​ပေး​နေကြတာလဲ ?? "

အသံကြားရာ လှည့်ကြည့်လိုက်​တော့ စကပ်ဒူးဖုံးနှင့် အင်္ကျီလည်ဟိုက်ကို တွဲ၀တ်၍ pencil heel ကိုစီးကာ ကြွကြွရွရွ​လျှောက်လာ​သော ဟန်နီနိုင်။

" ဒီ​နေ့က ခက်ရဲ့​မွေး​နေ့လား ? ကိုကိုက ဟန်နီ့ကို​တောင် ဘာမှမ​ပြောဘူး ။ သိရင်​တော့ လက်​ဆောင်ယူလာမှာ​ပေါ့။ "

" ဟန်နီက ဒီကို ဘယ်လိုလုပ်​ရောက်လာတာလဲ ? "

စစ်က​ မေး​လေသည်။

" သူငယ်ချင်း​တွေနဲ့လာရင်း ကိုကို့ကို​တွေ့လိုက်လို့​လေ။ ခက်​မွေး​နေ့ဆိုတာ ကိုကိုက ဟန်နီ့ကို​တောင် အသိမ​ပေးဘူး​နော် "

" ကိုယ်လဲ စကားမဆက်ဖြစ်လို့ မ​ပြောဖြစ်တာပါ။ လာ ... ထိုင်​လေ ဟန်နီ "

" ဒါနဲ့ ဟန်နီနိုင့်အတွက် ဘာမှ​တောင်မကျန်​တော့ဘူး ... အားနာလိုက်တာ "
ဟု ခက်က​ပြော​လေသည်။

" ရပါတယ် ကိစ္စမရှိပါဘူး ။ ဟန်နီက အခုပဲပြန်​တော့မှာ " ဟုဆိုသဖြင့် စစ်က

" ဒါဆို ကိုယ် ၀င်​ပေါက်ထိ လိုက်ပို့​ပေးမယ် "

" ဟုတ်ကဲ့ကိုကို "

ဟန်နီထွက်သွားခါနီး ခလုတ်တိုက်မိသလိုဖြစ်ကာ (တကယ်က သူ့ဘာသာ တမင်သက်သက်လုပ်တာ) စစ်ရဲ့နှုတ်ခမ်းကို နမ်းမိ​လေသည်။ စစ်ကလည်း ရုတ်တရက်ဖြစ်​နေသဖြင့် ​ကြောင်​နေကာ မရုန်းမိ။ မင်းခန့်က​တော့ မျက်​တောင်မခပ်တန်း​ကြောင်ကြည့်​နေတဲ့ ခက်ရဲ့မျက်စိကို လက်နဲ့ကွယ်​ပေးထား​လေတယ်။ ​

နောက်ပိုင်းမှာ​တော့ စစ်လည်း ခက်တို့ရှိ​နေတာကိုပင်​ မေ့သွားကာ ဟန်နီ့အနမ်း​တွေကို ပြန်လည်တုံ့ပြန်​လေသည်။ ဒါက သူတို့နှစ်ယောက်ရဲ့ first kiss မလား ။ ဆိုင်ကို​ရောက်လာတဲ့သူ​တွေကလည်း ၀ိုင်းကြည့်လို့။

၅ မိနစ်​လောက်ကြာ​တော့ မင်းခန့် သည်းမခံနိုင်စွာပင် ...

" မင်းတို့ကလည်း လူ​ရှေ့သူ​​ရှေ့​လေး​တော့ ​ရှောင်ကြအုံးမှ​ပေါ့။ အရှက်မရှိလိုက်ကြတာ "

ဟု​ ဒေါသသံဖြင့်​အော်​လေသည်။ ထိုအခါမှ လူရှိ​သေးမှန်းသတိရကာ နှ​စ်​ယောက်သား နှုတ်ခမ်းချင်းခွာလိုက်​လေသည်။ ဟန်နီနိုင်က​တော့ ခက်ရဲ့​ရှေ့မှာ စစ်ကိုနမ်းလိုက်ရသလို ခက်ရဲ့ထိန်းမရ​အောင် ပျက်ယွင်း​နေတဲ့မျက်နှာအား မြင်လိုက်ရသဖြင့် ဂုဏ်ယူမဆုံး ။

Let Me Start Again [Completed]Where stories live. Discover now