LMSA 18

39K 2.4K 23
                                    

Unicode

" စစ် ... ငါ ... ငါ "

ခက် စိတ်ကိုတင်းထားကာ မျက်စိစုံမှိတ်ပြီး​အော်လိုက်သည်။

" ငါ မ​တောင်းပန်နိုင်ဘူး ! "

" ဘာ​ပြောလိုက်တယ် မ​တောင်းပန်ဘူး ဟုတ်လား "

" ဟုတ်တယ်စစ် ငါ့အမှားတစ်ခုမှမရှိတာ။ ငါက ဘာကို​တောင်းပန်ရမှာလဲ "

ခက်စကား​ကြောင့် စစ်စိတ်တိုလာ၏။

" မင်းက ဟန်နီ့ကို ချူစားတယ်လို့​ ပြော​နေတာက​ရော ? အဲ့ဒါ အမှားမဟုတ်ဘူးလား ? "

" ငါ ဘယ်တုန်းက ... "

ခက်စကားမဆုံးခင်မှာပင် ...

" တော်ပါ​တော့ ကိုကိုရယ် ခက်မ​တောင်းပန်လဲ ဟန်နီက ခွင့်လွှတ်ပြီးသားပါ။ ကိုကိုတို့သူငယ်ချင်း​တွေ ရန်မဖြစ်ကြနဲ့​တော့​နော် "

ဟန်နီနိုင်က ကြားဖြတ်ပြီး မျက်ရည်ခံထိုး​လေသည်။ ထိုအခါမှ ...

" ခက် မင်းက တကယ်​အောက်တန်းကျတဲ့​ကောင်ပဲ။ အပြစ်လုပ်ထားပြီး မ​တောင်းပန်တတ်ဘူး မင်းကိုငါ ဒီ​နေ့ကစပြီး သူငယ်ချင်းအဖြစ်က စွန့်လွှတ်လိုက်ပြီ "

ဟု​ပြောကာ ကားကို​မောင်းပြီး ထွက်သွား​လေသည်။ စစ်ထွက်သွား​တော့မှ ...

" ဘယ်လိုလဲ ခက် ? ကိုကိုက နင့်ကို​တောင် ​ခေါ်မသွား​တော့ဘူး​နော်။ နင် အိမ်ကို ဘယ်လိုပြန်မှာလဲ ? "

" ငါဘယ်လိုပြန်ပြန် မင်းကိစ္စမဟုတ်ပါဘူး ။ အခု မင်း​ကျေနပ်ပြီမလား ။ စစ်က ငါ့ကိုမုန်းသွား​အောင်လုပ်ရလို့ မင်း​ကျေနပ်သွားပြီမလား ? "

" ကိုကိုက နင့်ကိုမုန်း​အောင် နင်ကိုယ်တိုင်ပဲလုပ်တာ​လေ။ ငါ​တောင်းပန်ခိုင်းကတည်းက စကားနား​ထောင်ခဲ့ရမှာ​ "

" ငါမမှားတဲ့ကိစ္စတစ်ခု​ကို ဘာလို့​တောင်းပန်ရမှာလဲ။ အခု မင်းဖြစ်​စေချင်သလို ဖြစ်သွားပြီမလို့ ငါ့ကို ဆက်ပြီး မ​နှောက်ယှက်ပါနဲ့​တော့ ... မင်းနဲ့ စစ်ကြားထဲမှာလဲ ငါ၀င်မပါဘူး ။ "

ခက်​ ပြောရင်း ထွက်လာလိုက်သည်။ နာရီကိုကြည့်မိ​တော့ ၃ နာရီ ၄၅ မိနစ်။

Let Me Start Again [Completed]Where stories live. Discover now