LMSA 31

46.8K 2.4K 74
                                    

Unicode

ခက် က​လေးကို​ချော့သိပ်​နေရင်း စစ်ရဲ့ဖုန်းမြည်သံကြားရလေသည်။ စစ်က​ ရရေချိုးခန်းထဲ ရောက်​နေသဖြင့် သူ့ဖုန်းလာတာကိုမသိ။ အစက​တော့ ခက်လည်း ဒီအတိုင်းထားလိုက်မလို့ ပြင်​နေ​သေးသည်။ သို့​သော် Screen​ ပေါ်မှာ ​ပေါ်လာတဲ့ 💖 Honey 💖ဆိုတဲ့ name​ ကြောင့် ဖုန်းကိုကိုင်လိုက်မိသည်။

" Hello ကိုကိုလား ? ကိုကို ဟန်နီ့ဆီကိုမလာတာ ဘယ်​လောက်ကြာ​နေပြီလဲ ? ဟန်နီက​တော့ ကိုကို့ကို သတိရလိုက်ရတာ။ ကိုကိုက​တော့ ဟန်နီ့ကို​မေ့ပြီး ဟို​တစ်​ယောက်နဲ့​ပျော်မြူး​နေတယ်​ပေါ့။ ကိုကို ဟန်နီ့ကို မချစ်​တော့ဘူးလားဟင် ? "

" စစ်က အခု​ရေချိုး​နေတယ် ဟန်နီနိုင်။ ပြီး​တော့ သူက မင်းဆီကို ရုံးဆင်းချိန်တိုင်း လာ​နေတာပဲ​လေ မင်း မ​ကျေနပ်နိုင်​သေးဘူးလား ? "

" ခက်ထန် ?  အဟက် ! နင်က ကိုကို့ဖုန်းကို​တောင် ယူကိုင်​နေပါလား ။ ​တော်​တော်အတင့်ရဲ​နေတာပဲ "

" စစ် ​ရေချိုး​နေလို့ ငါကိုင်လိုက်မိတာ။ မင်း​ပြောစရာရှိတာ​ပြော​လေ ငါပြန်​ပြော​ပေးပါ့မယ် "

" ငါက နင်နဲ့မ​ပြောချင်ဘူး ။ ကိုကိုနဲ့ပဲ​ ပြောချင်တာ။ ပြီး​​တော့ ငါ​ပြောမယ့် စကား​တွေကလည်း ငါတို့ ၂​ ယောက်ကြားပဲ​ ပြောလို့ရမှာ​လေ။ နင်က နား​ထောင်ချင်လို့လား ? "

" ဟန်နီနိုင် !!! မင်း  မင်း !! "

" အဲ့ဒါ ဘာလုပ်​နေတာလဲ !! "

အသံကြားရာကို လှည့်ကြည့်မိ​တော့ သူ့ကိုစိုက်ကြည့်​နေတဲ့ စစ်။

" စ .. စစ် .. ဖုန်း .. ဖုန်းလာလို့ ကိုင်​ပေးတာ "

ခက်ဆီက ဖုန်းကို လုယူလိုက်ပြီး တဖက်က​ခေါ်တဲ့သူကို ကြည့်လိုက်​တော့ ဟန်နီ။

" မင်းနဲ့ ​နောက်မှဆက်ရှင်းမယ် ခက်ထန် "

ခက်ကို​ပြောပြီးတာနဲ့ ဟန်နီနိုင်နဲ့ ဖုန်း​ပြောဖို့ ထွက်သွား​လေသည်။

( စ .. စစ်က ငါ့ကို အထင်လွဲသွားတာလား ? သူက ငါ ဟန်နီနိုင့်ကိုအော်တာ​ ကြားလိုက်လို့ စိတ်တိုသွားတာလား ? ဒါမှမဟုတ် သူ့ဖုန်းကို ယူကိုင်မိလို့ စိတ်တိုသွားတာလား ? * )

Let Me Start Again [Completed]Where stories live. Discover now