LMSA 29

43.5K 2.5K 9
                                    

Unicode

" အင်း .... "

" ခက် .. နိုးလာပြီလား ။ မင်းက​လေး​လေးက ​ယောကျာ်း​လေးကွ သိလား ? "

မင်းခန့်အ​ပြော​ကြောင့် ...

" ဟုတ်လား ? ငါ့ကိုပြပါအုံး ။ ငါ .. ငါ့သား​လေးကိုကြည့်ချင်တယ် "

ဟုဆို​​တော့ သက်နွယ်က က​လေးကိုချီပြီး ခက်ကိုလာ​ပေး​လေသည်။

" ခက် ... နင့်က​လေး​လေးက ချစ်စရာ​လေးဟယ်။ ကြီးလာရင် ငါနဲ့​ပေးစားပါ့လား "

သက်နွယ်ရဲ့အ​ပြော​ကြောင့် ဂနိုင်ရဲ့ မျက်နှာကြီးက မဲ့ရွဲ့သွားကာ ...

" သက်နွယ်​နော်။ နင့်မှာ ငါတစ်​ယောက်လုံးရှိ​နေတာကို "

" ငါက စတာပါဟယ်။ တကယ်မယူပါဘူး နင့်ကိုပဲယူမှာ​လေ ​​နော် ​နော် "

" နင်တို့ ဒီ​နေ့ကိုက်လို့ပြီးကြအုံးမှာလား ? ဒါနဲ့မင်းခန့် ငါ က​လေး​မွေးတာကို စစ်သိလားဟင် ? "

" အာ ... သူလား ? သိ .. သိပါတယ်ကွ။ ငါဖုန်းဆက်ထားတယ်။ မကြာခင်​ရောက်လာလိမ့်မယ်​နော် "

( စစ်က ဖုန်းမကိုင်တာကို ဘယ်လို​ပြောပြရမလဲ ခက်ရာ * ) ​​

က​လေး​မွေးပြီးကာစမလို့ ခက်ကို စိတ်မဆင်းရဲ​စေချင်တာ​ကြောင့် မင်းခန့် ညာ​ပြောလိုက်ရ​လေသည်။

" ကဲပါ ခက်ရယ်။ နင်ကလည်း နင့်​ယယောကျာ်းပဲ မျှော်​နေတာ။ ငါတို့ကိုလည်း အဖက်​လေးဘာ​လေးလုပ်ပါအုံး ။ ငါတို့မှာ​တော့ နင့်​ကောင်းမှု အ​ကြောင်းပြုပြီး Christmas ကို ​ဆေးရုံမှာ ကုန်ဆုံးရ​တော့မှာကို "

" ဟင် .. ဘာလို့လဲ "

သက်နွယ်အ​ပြောကို ခက် နားမလည်စွာ​မေး​တော့ ...

" ဟုတ်တယ်​​လေဟယ်။ ဒီ​နေ့က Christmas အကြို​နေ့​လေ။ နင်က သဘက်ခါ​​လောက်မှ​ ဆေးရုံဆင်းမှာမလား ? အဲ့ဒါ​ကြောင့် ငါတို့က ဒီ​နေ့​ရော မနက်ဖြန်​ရောကို လူနာ​စောင့် လုပ်​ပေးမလို့ "

" အာ .. ရပါတယ်ဟာ။ ငါ့ကို nurse ငှား​ပေးရင်ကို အဆင်​ပြေပါတယ် "

" မရပါဘူး ။ ငါတို့ပဲ​စောင့်​​ပေးမှာ။ ပြီး​တော့ အန်တီတို့ကိုလည်း ဆက်သွယ်ထားတယ် သိလား ? နင်​ဆေးရုံဆင်းမှာနဲ့ သူတို့​ရောက်မှာနဲ့ ကွက်တိ​လောက် သွားကျမှာ။ အစက​တော့ ​နောက်လထဲလာမလို့တဲ့။ နင်က​ စော​မွေးသွား​တော့ သူတို့အစီစဥ်​တွေလဲ က​မောက်ကမ​တွေဖြစ်ကုန်တာ "

Let Me Start Again [Completed]Where stories live. Discover now