စားပွဲပေါ်မှာအခန့်သားရှိနေတဲ့ ဟောင်းနွမ်းဆွေးမြေ့စပြုနေပြီဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ဓါတ်ပုံဟောင်းလေးရှေ့မှာ ဆောင်းဦးဝေ ဒူးထောက်ထိုင်ချလိုက်ရင်းငိုကြွေးလိုက်တယ်။ မြေပြင်နဲ့ထိလုမကပ်ငုံ့မိုးထားတဲ့ဦးခေါင်းက သူငယ်ချင်းနှစ်ယောက်ရှေ့မှာ သူတို့သားအား ရိုကျိူးစွာတောင်းခံနေသလို။ 

"ဘော့စ် အကိုလေးတို့မင်္ဂလာအချိန်နီးနေပြီ သွားဖို့ပြင်သင့်ပြီ "

မလှမ်းမကမ်းကနေ ဆောင်းဦးဝေကို လှမ်းအကဲခတ်နေတဲ့ကျော်နောင်က ခပ်တိုးတိုးပင် မေးလိုက်သည်။ တစ်ချိန်လုံး တငိုငိုတရီရီဖြစ်နေတဲ့ ဘော့စ်ကို ကြည့်ရင်းသူရော ဒေါ်ချောပါ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။ အကိုလေးကို ဒီလောက်ချစ်နေရင်နေလည်းအစကတည်းကဖွင့်ပြောခဲ့ပါတော့လေား ဘော့စ်ရာ ။ အခုမှတော့ ဘာထူးတော့မှာလဲ ။

" ကျော်နောင်ရယ် အန်တီချောတော့ ဆရာ့ကိုသနားလွန်းလို့ဘယ်လိုလုပ်ရမှန်းကို မသိတော့ပါဘူးကွယ်" 

ဘော့စ်ကိုကြည့်ရင်း သူ့ဘက်လှည့်ပြောလာတဲ့ အန်တီချောရဲ့မျက်ဝန်းမှာတောင် မျက်ရည်စတွေအပြည့်နှင့်။ အကိုလေးကို ဘော့စ်ဘယ်လောက်ချစ်တယ်ဆိုတာ အနီးကပ်ရှိနေတဲ့ သူနဲ့အန်တီချော အသိဆုံးမဟုတ်လား။ ဘော့စ်ဟာ သူ့ဘေးနားမှာ အချိန်ပြည့်ရှိနေတဲ့ ဆရာမကိုတောင် ကျော်ပြီး အကိုလေးကိုမှ စွဲစွဲလမ်းလမ်းဖြစ်ခဲ့တာ မဟုတ်လား။

"ဒါပေမဲ့ အန်တီချောရယ် ဟိုမှာအကိုလေးက မင်္ဂလာဆောင်တော့မှာလေဗျာ ဘော့စ်က အကိုလေးရဲ့အဖေနေရာကနေပေးရမှာ ဘော့စ်မသွားရင် အကိုလေး ဘက်မှာဘယ်သူမှမရှိဘဲ တစ်ယောက်တည်းအားငယ်နေရမှာ  ဟိုဘက်က ခန့်ထည်တို့အသိုင်းအဝိုင်းက ဆွေကြီးမျိူးကြီးတွေ အကိုလေးမှာက ဘော့စ်တစ်ယောက်ပဲရှိတာ ဘယ်လောက်ပဲအကိုလေးကို ချစ်တယ်ပြောပြော အကိုလေး မျက်နှာပျက်အောင်တော့မလုပ်သင့်ဘူးလေဗျာ  "

ကျော်နောင်က ဘော့စ်ကိုသနားပေမဲ့ အကိုလေးအရှက်တကွဲဖြစ်မှာကိုတော့မလိုလားပါ။ မင်္ဂလာ
ဆောင်မှာအကိုလေးတစ်ယောက်တည်းဘယ်လိုမျက်နှာမျိူးနဲ့ရင်ဆိုင်နိုင်မှာလဲ။

Loving Lies ( Completed )Where stories live. Discover now