Chapter 156 The Legendary Master ( Z & U)

Start from the beginning
                                    

Unicode
C-156 The Legendary Master.

အခန်း ၁၅၆ ဒဏ္ဍာရီလာ အရှင်သခင်
Kong Wen ၏ အဆင့်အတန်းမှာ တောင်ထွတ်အရှင်သခင် သာဖြစ်သည်။ သူ့၏ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်းမှာ   Tang Fan လောက် မကောင်းသည်က သနားစဖွယ်ဖြစ်သည်။
You XiaoMo တစ်ယောက် Lin Xiaoနှင့် အတူ ပေါ်လာတော သူ့အနားက တပည့်အနည်းငယ်က သူ့စိတ်ခံစားချက်ကို ခံစားမိကြသည်။ ဖိနှိပ်ထားသော ဒေါသများနှင့် အထင်သေးခြင်းများကို အနည်းငယ်တောင် မဖုံးကွယ်နိုင်လောက်အောင် အတိုင်းသာ ဖော်ပြထားသည်။
You XiaoMo ၏ ရောက်ရှိလာခြင်းသည် လူတစ်ယောက်က လူမြင်ကွင်းမှာ သူ့မျက်နှာကို ရေဆိုးတစ်ပုံး လောင်းချလိုက် သည်နှင့် ညီမျှသည်။ အထူးသဖြင့်သူ့တပည့်အနည်းငယ်၏အရှေ့မှာ သူ့ကို မျက်နှာပျက်အောင် လုပ်လိုက်သလိုကို ခံစားရသည်။ သူ့ဒေါသတွေ ပြေပျောက်သွားအောင် အတင်းဖိနှိပ်ထိန်းချုပ်သော်လည်း သူမတတ်နိုင်ပေ။
သူမြေကမ္ဘာတောင်ထွတ်၏ ဆရာသခင်အဖြစ် တာဝန်ယူပြီးကတည်းက သူ့မျက်နှာက မျက်နှာဖုံးကို တစ်ယောက်ယောက် က လာပြီး ဆွဲခွာတာ ခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်လိမ့်မည်။ ပြီးတော့ ထိုသူက လည်း သူ ပုဂ္ဂိုလ်ရေးသက်သက် လက်ခံထားသော သတ္တမမြောက်တပည့်ဖြစ်နေသည်။ အဲဒိအချိန်က သူနဲ့ Ling Xiao ၏ ဆက်ဆံရေးကို အခြေခံပြီးတော့ သူလုပ်ခဲ့တာဖြစ်သည်။ သူ့တပည့်က သူ့ကို ဒီပုံစံနှင့် ပြန်ပေးဆပ်လိမ့်မည်ဟု သူဘယ်တော့မှ အထင်မှတ်ထားပေ။
Ling Xiao က You XiaoMo ကို Kong Wen ဆီသို့ ဆွဲခေါ်သွားသည်။ သူ့ကို တောက်တောက်ပပပြုံးကာ ပြောလိုက်သေးသည်။
“ ဦးလေးKong ဘယ်သူလဲလို့ကြည့်ပါဦး  ဂျူနီယာညီလေးYou က ကံတော်တော်ကောင်းတယ်။ ဆရာ တပည့် နှစ်ယောက် မမျှော်လင့်ပဲ ဆုံရတာပေ့ါ ဟ..”
သူ့စကားတွေကြားတော့ You XiaoMo နှုတ်ခမ်းတွေ တွန့်သွားသည်။ Ling Xiao ကို ဖျတ်ခနဲ ခိုးကြည့်လိုက်သေးသည်။ မင်းသူ့ကို ဒေါသထွက်အောင် တမင်လုပ်နေတာလား? အားး.. ကျွန်တော်တို့ပြန်ရောက်ရင် ကံဆိုးမယ့်သူက ကျွန်တော်လေ။
“ဆရာ ………”
You XiaoMo သူ့ခေါင်းသူကုတ်ပြီး Kong Wen ကို တောင် မကြည့်ရဲပေ။ သူ့ပုံက နည်းနည်းလည်း ရှက်နေပုံပေါ်သည်။
“ အမ်း… မင်းမှာ တကယ်ပဲ ကျွမ်းကျင်မှုလေးတွေ ရှိတာပဲ ကြည့်ရတာဆရာက မင်းကို လျော့တွက်မိပုံပဲ ”
Kong Wen က ငေါ့သံလေး မျဉ်းမျဉ်း ပေးပြီးမှ ၀ိရောဓိဖြစ်စေသော စကားအနည်းငယ်ကို ပါ ထပ်ထည့်လိုက်သည်။ သူဘာကို ပြောချင်သလဲဆိုတာ မရှင်းလင်းဘူးဖြစ်သွားသည်။
You XiaoMo သူ့ကို ဘယ်လိုတုန့်ပြန်ရမလဲ မသိတော့ပေ။ သို့သော် သူသေချာသိတာ တစ်ခုတော့ ရှိသည်။ Kong Wen ဒေါသထွက်နေသည်။ Ling Xiao ကို အကြည့်တစ်ချက် မပစ်လွှတ်ပဲ မနေနိုင်တော့………….ဘဲကြီး သူ စိတ်ဆိုးနေပြီ  ငါတို့ ဘာလုပ်ကြမလဲ?
Ling Xiao က သတ္တိရှိရှိနဲ့ ရှေ့တစ်လှမ်းတိုးကာ ခေါင်းညိမ့်ပြီး သဘောတူကြောင်းပြသည်။
“ဦးလေးKong ပြောတာ မမှားဘူး။ ဂျူနီယာညီလေးYouကံက ကောင်းတေ့ာ ဘယ်သူမှ မရပ်နိုင်ဘူး။ ဒီတစ်ခါသာ အကယ်လို့ဂျူနီယာညီလေး Zhou သာ ပြဿနာလေးတွေ အဲဒိအချိန်မှာ မရှိဘူးဆိုရင် ဂျူနီယာညီလေး You က အခွင့်အရေးလုံးဝ ရမှာ မဟုတ်ဘူး”
သူက တကယ်ကြီး ဒီလိုဖြစ်သွားသလို ပြောနေပေမယ့် သူနဲ့Zhou Peng ၏ ဆက်ဆံရေးက အရမ်းရင်းနှီးတာ မသိသူ အနည်းငယ်သာ လျှင် ယုံကြည်ကြလိမ့်မည်။ အကယ်လို့ သူသာ Zhou Peng ကို You XiaoMoအတွက် သူကနေရာကို တောင်းလျှင် Zhou Peng ကလည်း လက်ခံဖို့များသည် အချို့အရာများက သေချာပေါက်ပြောလို့မရပေမယ့်ပေါ့လေ။
သို့သော် အမှန်တရာကို သိသူ လူအချို့လဲ ရှိသည်။ ဥပမာ Fang ChenLe နဲ့ Fu ZiLin တို့ ဖြစ်သည်။ You XiaoMo က သူတို့ကို သူ့မှာ သုခဘုံနယ်မြေကို ၀င်ရန် နည်းလမ်းရှိသည်ဟု ပြောထားပြီးသာ ဖြစ်သည်။ ပြန်စဉ်းစားကြည့်ပြီး အခုမြင်ကွင်းနဲ့ ဆက်စပ်ကြည့်လျှင် အဖြေက ဒီလိုဖြစ်နိုင်သည်က ရှင်းလင်းနေသည်။ သို့သော် သူတို့ နှစ်ယောက်က Ling Xiao ၏ စကားများကို ပေါ်စေမည် မဟုတ်။
Kong Wen အနည်းငယ် မျက်နှာ မဲ့သွားပြီး You XiaoMo ကို အရေပြားတစ်ထောက်မျှသော အပြုံးတစ်ခုနှင့် ကြည့်လိုက်သည်။
“ သတ္တမမြောက်လေးရဲ့ ကံက အခြားသူတွေနဲ့ ယှဉ်ရင် တကယ့်ကို ကောင်းလွန်းတာပဲ”
You XiaoMo ပါးစပ်လေးပွင့်ပြီး ဘာမှ မပြောတာ ပိုကောင်းမည်ဟု ဆုံးဖြတ်ပြီးနောက် ပါးစပ်ပြန်ပိတ်သွားသည်။ Kong Wen ဘာတွေးနေလဲဆိုတာ သူနားမလည်နိုင်ပေ။
သူတို့တွေ စကားပြောနေတုန်းမှာ အခြားသောအဖွဲ့အနည်းငယ်မှ လူများကလည်း သူတို့ကို စူးစမ်းနေကြသည်။
Ling Xiao က အတော်ကို ထင်ပေါ်ကျော်ကြားသူဖြစ်သည်။ Luo ShuHe နှင့် အဆင့်တူထားပြီး သူတို့ နှစ်ယောက်ကို နှိုင်းယှဉ်ကာ ပြောဆိုကြသော လူအချို့လဲ အမြဲရှိသည်။ သို့သော် Ling Xiao က ပြင်ပတွင် အခြားတစ်ယောက်နှင့် အလွန်နီးကပ်စွာ နေသည်ကို တွေ့ရခဲလှသည်။ ဒီဟာကို ရုတ်တရက်တွေ့ပြီးနောက် သူတို့ အလွန်သိချင်သွားကြတာ ပုံမှန်ပဲ ဖြစ်သည်။
သိပ်မဝေးသော နေရာတွင် Luo Shuhe က သူ့အဖေဆီမှ အချက်ပြချက်ကို ရပြီးနောက် Ling Xiao ကို တိတ်တဆိတ် စူးစမ်းလျက်ရှိသည်။ သူက ကလေးဆန်တဲ့ခပ်ချောချောကောင်လေးကို အလွန်ရင်းနှီးစွာ ဆက်ဆံနေတာကို မြင်တော့ သူ့ရဲ့ ချောမောတဲ့ မျက်နှာလေးမှာ အံ့သြသွားသော အရိပ်အယောင် ဖျတ်ခနဲ ပေါ်သွားသည်။
သူ Lin Xiao ပေါ်မှာ ရှိသော ထင်မြင်ချက်က လူတိုင်းနှင့် ကောင်းမွန်စွာ ဆက်ဆံနိုင်ပြီး အားတက်အောင် ရယ်မောနိုင်ကာ စကားများပြောနို်င်သူတစ်ယောက် ဖြစ်ပေမယ့် အခြားသူများနှင့် သူ၏ ခြားနားချက်အတွက် ခွဲခြားမှုတစ်ခု ထားရှိသော သူလည်းဖြစ်သည်။ သူတို့က လူချင်းအမျိုးအစားတူတာကြောင့် မျက်နှာဖုံးနောက်ကွယ်ကိုသူမြင်နိုင်သည်။
ဒီနေ့ Ling Xiao၏ အပြုအမူပုံ ကို ကြည့်သည်နှင့် သူဟန်ဆောင်နေတာ သေချာပေါက် မဟုတ်မှန်း Luo ShuHe သိသည်။
Luo ShuHe၏ နှုတ်ခမ်းများ မသိမသာအပေါ်ကွေးတက်သွားသည်။ Ling Xiaoက သူ့အားနည်းချက်ကို လူတိုင်း ၏ရှေ့တွင် တကယ်ကြီး ကြေငြာလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။ သူသေချာ မစဉ်းစားပဲနဲ့လား ထိုလူငယ်လေးကို သူကာကွယ်နိုင်တယ်လို့ သေချာပေါက် ခံစားနေရလို့လားတော့ မသိ?
မသိနို်င်တဲ့ အကြောင်းပြချက်အချို့အတွက် သူရုတ်တရက် ထိုမြင်ကွင်းအတွက်ကို မျက်မြင်သက်သေ အရမ်းဖြစ်ချင်သွားသည် ဘယ်လိုမျိုးများ တွန်းလှန်လိမ့် မလဲ?
ဖြစ်နိုင်သည်က Luo ShuHe တစ်ယောက်ပဲ အဲဒိအတွေးကို ရှိပုံရသည်မဟုတ်။ အပေါ်ယံတောင် ဟန်မဆောင်နိုင်ပဲ ကြည့်နေသာ အခြားသော လူအများသည်လည်း သူ့တို့ရင်ထဲမှာ လျှို့ဝှက်ကြံစည်နေပြီးကြပြီဖြစ်သည်။
အဲဒိအချိန်မှာပဲ သုခဘုံနယ်မြေအနားမှ အကာအကွယ်များက စတင် လှုပ်ရှားလာကာ သိပ်မကြာခင် အကာအကွယ် ပွင့်တော့မည့်ဟန် ပေါ်လာသည်။
အကာအကွယ်က ပွင့်မည်ဆိုသော်လည်း အချိန်က တော့ သိပ်မကြာပေ။ သူ့ဘာသာသူ အလိုလျောက် ပြန်ပြီး နဂိုအတိုင်း ပြန်ဖြစ်သွားလိမ့်မည်။ အကာအကွယ် ကျိုးပေါက်ရာနေရာ တစ်ခုကို အရင်ဆုံးတည်ငြိမ်အောင်လုပ်ရမည် ဖြစ်သည်။ သို့သော် သူတို့က ထို ကျိုးပေါက်မှုကို တည်ငြိမ်အောင် လုပ်နိုင်သော်လည်း တစ်လကြာလျှင် အကာအကွယ်က သူ့ဘာသာ နဂိုအတိုင်း ပြန်ပိတ်သွားလိမ့်မည်။ ဒီတော့ သူတို့က တစ်လအတွင်း ပြန်ထွက်လာမှ ဖြစ်မည် မဟုတ်ပါက အထဲမှာ ပိတ်မိသွားမည် ဖြစ်သည်။ သူတို့တွေ နောက် နှစ်ငါးဆယ်အကြာမှာ ပြန်ထွက်လာနိုင်မ လားဆိုတာက သေချာသော အရာ မဟုတ်ပေ။
အကာအကွယ်ကို တည်ငြိ်မ်အောင် လုပ်မည့်သူမှာ Tang Fan နှင့် Luo ChengYuanတို့ဖြစ်သည် အဘယ့်ကြောင့်ဆိုသော် အင်ပါယာအဆင့် သိုင်းသမားများသာ လုပ်နိုင်သောကြောင့်ဖြစ်သည်။ ဒီအကြောင်းရင်းကြောင့် လည်း TianXin ဂိုဏ်းနှင့် QingChengဂိုဏ်းတို့က နေရာ လေးဆယ်မှ ငါးဆယ်အထိအရ ရှိပြီး အခြား XingLuo အဖွဲ့က နေရာ နှစ်ဆယ်ကျော်လောက်သာ ရခြင်းဖြစ်သည်။
သုခဘုံနယ်မြေ၏ အကာအကွယ်သည် နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင်၏ အတွင်းပိုင်းတွင် ဖြစ်သည်။ သူတို့က မလုပ်နိုင်ခင်မှာ နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင် အထဲကို ၀င်ရမည် ဖြစ်သည်။ ကံကောင်းစွာနဲ့ လွန်ခဲ့သော နှစ်များစွာက အင်အားကြီး အဖွဲ့များစွာက နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင်မှ အရှင်သခင်နှင့် သဘောတူညီချက် ကိုလုံခြုံစွာ လုပ်ထားကြသည်။ နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင်အရှင်သခင်က အင်ပါယာအဆင့်သိုင်းသမား နှစ်ယောက်၏ အမျက်ဒေါသကို မခံချင်ဘူးဆိုလျှင် ဒီလိုအခြေအနေမျိုးမှာ လူသားကျင့်ကြံသူများကို မတိုက်ခိုက်ရန် ဖြစ်သည်။
ဒီအချိန်ကို အခွင့်ကောင်းယူပြီး Tang Fan နှင့် Luo ChengYuan က အချင်းချင်းယှဉ်ပြိုင်ပြီး အကာအကွယ်ကို တည်ငြိမ်အောင်လုပ်ကြသည်။ You XiaoMo ကလည်း ထို ထူးဆန်းသော အခြေအနေကြီးကို ဖယ်ထုတ်နိုင်ရန်အတွက် Ling Xiao နှင့် စကားစပြောတော့သည်။
သိပ်မကြာခင်က သူက နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင်အကြောင်း ရှင်းပြခဲ့သည်။ နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင်က Long Xiaoတိုက်၏ တောင်ပိုင်းဒေသတွင် အန္တရယ်အများဆုံး နံပါတ်တစ်နေရာလို့ မှတ်ယူ နိုင်သည်။ သို့သော် ထိုသို့ ဖြစ်တည်ခဲ့ခြင်းမှာ လွန်ခဲ့သော နှစ်သုံးထောင်လောက်ကသာဖြစ်သည်။ အင်အားကြီး လာသည်ဟု မှတ်ယူနိုင်သည်။
ကောင်းကင်ထိအောင် ဆိုးယုတ်သော စပါးအုံးမြွေများဆိသို့လာရန် ကျင့်ကြံသူများက အကြံရှိသော်လည်း သူတို့ခန္တာကိုယ်၏ အစိတ်အပိုင်းတိုင်းကို ရတနာများကဲ့သို့ ယူဆကြသဖြင့် ဘယ်သူကမှ အဆင့်ကိုး ကောင်းကင်ထိအောင် ဆိုးယုတ်သော စပါးအုံးမြွေ အရှင်သခင်ကို သွားမစရဲခြင်းဖြစ်သည်။ အဲဒါက စပါးအုံးမြွေဂူကြီးက TianXinဂိုဏ်းနှင့် Qing Chenဂိုဏ်း တို့နှင့် ယှဉ်လုနီးပါး အဖွဲ့တစ်ခုဖြစ်လာခြင်းဖြစ်သည်။
သို့သော် You XiaoMo နားမလည် သူက အဓိကအဖွဲ့ကြီးများ ပူးပေါင်းခြင်းက အဆင့်ကိုးစပါးအုံးမြွေကို သေချာပေါက် သုတ်သင်နိုင်သားနဲ့ နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင်ဆိုပြီး ထင်ပေါ်မကျော်ကြားခင် အစပျိုးနေချိန်တည်းက ဘာလို့ မဖိနှိပ်သလဲ ဆိုတာပင်။ ဒီဟာသည် သူအကြိမ်တစ်ရာလောက် ပြန်စဉ်းစားတာတောင် နားမလည်နိ်ုင်သော အချိန်ဖြစ်သည်။
သူ့ဘေးတစ်ဖက်တင် ရှိနေသော Fang ChenLe က သူ့ရဲ့ စိတ်ရှုပ်ထွေးနေမှုကို ကြားသွားကာ ချက်ချက် အနားရောက်လာပြီး ပြောလေသည်။
“ညီငယ်လေး ဒီအကြောင်းတွေကို စာကြည့်တိုက် အရှေ့ဘက်အဆောင်မှာ မှတ်တမ်းတင်ထားတာတွေရှိတယ်လေ မင်း မဖတ်ဘူးလား?”
You XiaoMo, “………………..”
အရှေ့ဆောင်????? သူသွားနေကျက အနောက်ဆောင်ဖြစ်သည်။
အဓိက အရေးပါသော အင်အားစုများနှင့်နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင် တို့၏ သဘောတူညီချက်မှာ နှစ်သုံးထောင်သက်တမ်းရှိပြီး ဖြစ်သည်။ လွန်ခဲ့သော အချိန်များစွာက အပစ်အခတ်ရပ်စဲရေးအတွက် လျှို့ဝှက်ချက်ဖြစ်ကာ စာကြည့်တိုက် ဒုတိယထပ် အရှေ့ဆောင်တွင် ပေါ်ပေါ်ထင်ထင် ထားထားသည်။
“ ဒီကိစ္စက တကယ်တော့ နောက်ကြောင်းလိုက်ရင် လွန်ခဲ့သော နှစ်တစ်သောင်းက စတယ်။ အဲဒိအချိန်တုန်းက မင်းတောင် မမွေးသေးဘူး…….”
Fang ChenLe ကပြောနေရင်းနဲ့ တဟားဟား ထရယ်လေသည်။
You XiaoMo ပြောစရာ စကား မရှိဖြစ်သွားသည်။ လွန်ခဲ့သော နှစ်တစ်သောင်းမပြောနဲ့ သူက လွန်ခဲ့တဲ့ တစ်နှစ် ဆိုရင်တောင် မမွေးဖွားသေးဘူး..
“လွန်ခဲ့တဲ့ နှစ်တစ်သောင်းက ကျင့်ကြံသူတွေနဲ့ မှော်ဝင်သားရဲတွေက မုဆိုးနဲ့သားကောင်တွေပဲ။ ကျင့်ကြံသူတွေက မုဆိုးတွေ။ မှော်ဝင်သားရဲတွေက သားကောင်တွေ။ အချို့ကျင့်ကြံသူတွေက သူတို့ အင်အားတိုးမြှင့်ဖို့အတွက် ဒါမှမဟုတ် မှော်ဆေးပင်နဲ့ မှော်ဆေးလုံးတွေ ၀ယ်ဖို့ ငွေလိုတော့ မှော်ဝင်သားရဲတွေ ပေါ်လိုက် ပျောက်လိုက်ဖြစ်နေတဲ့ ပျက်စီးခြင်းတောအုပ်ကို ၀င်ပြီးတော့ သက်သက်မဲ့ အမဲလိုက်ကြတယ်။ အဲဒိအချိန်တုန်းက မှော်ဝင်သားရဲတွေရဲ့ ခွန်အားကလည်း အခုလောက် မသန်မာသေးဘူး။ ဒီတော့ မင်းတွေးကြည့်လေ မှော်ဝင်သားရဲတွေရဲ့ အလောင်းက စုပုံလိုက်ရင် တောင်တွေလောက် မြင့်နိုင်တာကို။ အကြမ်းဖက် ပေါက်ကွဲခြင်းကနေ အမြတ်အစွန်းတွေ အများကြီးရခဲ့ကြတယ်။ ဒါပေမယ့် လောဘကြီးတဲ့ ကျင့်ကြံသူတွေက အဆုံးကို မသိဘူး……………”
Fang ChenLe ၏ အသံက ပိုပိုပြီး ညင်သာလာသည်။
အဆုံးမရှိတဲ့ လောဘက အပြစ်ပေးခံရလိမ့်မယ်။
ထို ကျင့်ကြံသူအနည်းငယ်က လောဘကြောင့် အဆုံးမှာ နတ်ဆိုးငွေရောင်လမြေခွေးမျိုးနွယ်စု ကို စပြီး ပစ်မှတ်ထား တိုက်ခိုက်ကြသည်။
နတ်ဆိုးငွေရောင်လမြေခွေးမျိုးနွယ်စု ကို Long Xiaoတိုက်မကြီးတွင် ပိုပြီး သန့်စင်ကာ မြင့်မြတ်သော မှော်ဝင်သားရဲများ ဟု မှတ်ယူနိုင်သည်။ အဲဒါကလည်း ကောလဟာလ များအရ သူတို့က ရှေးကျသော သွေးကြောမှအမွေခံကြသည်ဟု ဆိုသည်။ ထိုအချိန်တုန်းက အဆင့် တစ်ဆယ်နှင့် အဆင့်ဆယ့်တစ် မှော်ဝင်သားရဲများ ဖြစ်နိုင်သော အခွင့်အရေး ၇ှိသော သူ များဟု လည်း ကောလဟာလများ ရှိသည်။
အဆင့်ဆယ့်တစ်သည် နတ်ဘုရားအဆင့် ကျင့်ကြံသူနှင့် အဆင့်တူသည်။
ရလဒ်အနေနဲ့ကတော့ ထိုကောလဟာလပျံသွားကာ ကျင့်ကြံသူများအားလုံး သွေးရူးသွေးတန်းတွေ ဖြစ်ကုန်သည်။ ထိုအချိန်တုန်းက နတ်ဆိုးငွေရောင်လမြေခွေးမျိုးနွယ်စု တွင် အဆင့်ကိုးအထက်မည်သူမျှ မရှိပေ။ သူတို့၏ အင်အားက နိမ့်ကျသော်လည်း သူတို့က အလွန်မာနကြီးသော မှော်ဝင်သားရဲများဖြစ်နေဆဲဖြစ်ကာ ကျင့်ကြံသူများစိတ်ကြိုက် မကပြနိုင်သဖြင့် သူတို့နှင့် ဆက်နွယ်ရန် ငြင်းဆိုကြသည်။
ငြင်းဆိုခြင်း၏ ရလဒ် အရ နတ်ဆိုးငွေရောင်လမြေခွေး အရေအတွက်သည် တစ်သောင်းကျော်မှ တစ်ရာကျော်အထိ သိသိသာသာ ကျဆင်းသွားတော့သည်။
အဖမ်းခံရသောသူများက အတင်းအကြပ်ဆက်နွယ်ခြင်းများနှင့် ကျွန်ပြုခြင်းများကို မခံရ ထိုအစား အရေခွံနွာခံလိုက်ရသည်။ ကျန်ရှိသော နတ်ဆိုးငွေရောင်လမြေခွေး အရေအတွက်မှာ တစ်ရာကျော်မျှသာ ရှိတော့သော်လည်း လောဘကြီးသော ကျင့်ကြံသူများက သူတို့ကို ဆက်ပြီး အမဲလိုက်ကြသည်။ သူတို့နဲ့ မဆက်နွယ်နိုင် ရင်တောင် မိုးထိအောင် မြင့်မားသော ဈေးများဖြင့် ရောင်းချနိုင်သည်။
ငွေရောင်မြေခွေး၏ သွေးမှာ တေဇောဓါတ်နှီးနွယ်နေသော ကျင့်ကြံသူများ အတွက် ကြီးမားသော အထောက်အကူ ဖြစ်စေသည် ဟု ဆိုနိုင်သည်။ ပြီးတော့ သူ၏ သားမွေး။ သားမွေးများကို ချပ်ဝတ်တန်ဆာအဖြစ် ပြောင်းလဲလိုက်လျှင် လူတစ်ယောက်၏ အသက်ကို ကယ်တင်နိုင်သည်။
ထိန်းမနိုင် သိမ်းမရနဲ့ ကျင့်ကြံသူများက ကျန်နေသော နတ်ဆိုးငွေရောင်လမြေခွေး တစ်ရာကျော်လောက်ကို ပျက်စီးခြင်းတောအုပ် အလယ်ရှိ ပရမ်းပတာနတ်ဆိုးတောင်ထွတ် သို့ အတင်းအကြပ် မောင်းသွင်းလိုက်ကြသည်။
ထို အချိန်တုန်းက ပျက်စီးခြင်းတောအုပ်မှာ အခုထက် အန္တရာယ် များစွာ နည်းလှသည်။ ထို အနည်းငယ်သော ငွေရောင်မြေခွေး များက ပရမ်းပတာနတ်ဆိုးတောင်ထွတ်တွင် အ၀ိုင်းခံလိုက်ကြရသည်။ မျှော်လင့်ချက်အကုန်လုံး လက်လျော့လိုက်ရမည့် အချိန်တွင် အံ့သြဖွယ် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။
ကောင်းကင်ဘုံကနေ တောက်ပသော အဖြူရောင် အလင်းတန်းကြီးက ရုတ်တရက် ကျဆင်းလာကာ ပရမ်းပတာနတ်ဆိုးတောင်ထွတ်ပေါ်ကို တန်းကျလာလာသည်။
အတုမရှိ ခမ်းနားလှသော ပုံစံနှင့် ယောက်ျားတစ်ယောက်က အဖြူရောင် အလင်းတန်းမှ ထွက်ပေါ်လာသည်။ ထိုအမျိုးသား၏ကိုယ်က အဖြူရောင်အလင်းအလွှာတစ်ခုနှင့် ရေချိုးထားသလိုဖြစ်နေသည်။ ထို အဖြူရောင်အလင်းအလွှာက သူ့ကိုယ်ထဲမှ လင်းထွက်လာသည်ဟု ထင်ရာ အခြားသူများ၏အပေါ်မှာ သူ့အလင်းတွေ တောက်ပအောင် ပြုလုပ်ထားသလိုဖြစ်ကာ နတ်ဘုရားတစ်ပါး မြေကမ္ဘာပေါ်သို့ သက်ဆင်းလာသည့်အလား အလွန့်အလွန်ကို တောက်ပြောင်လွန်းလှသည်။
ထို ရုတ်တရက်ပေါ်ပေါက်လာသော အမျိုးသားက နတ်ဆိုးငွေရောင်လမြေခွေးမျိုးနွယ်စုကို ကယ်တင်ခဲ့သည်။ သူက ထို နတ်ဆိုးငွေရောင်လမြေခွေးမျိုးနွယ်စုကို အမဲလိုက်နေသော ကျင့်ကြံသူများအားလုံးကို ရှင်းပစ်ခဲ့သည်။ ထိုလူများက သူ့အားလုံးဝ မယှဉ်နိုင်ပေ။ သူတို့ထဲက တစ်ယောက်မျှ အကွက် ငါးကွက်ထက်ပိုပြီး မခံနိုင်။ ပရမ်းပတာနတ်ဆိုးတောင်ထွတ်သည်  သွေးများကြောင့် အနီရောင်ဆိုးထားသလို ဖြစ်ကာ မရေမတွက်နိုင်သော မှော်ဝင်သားရဲများစွာကို ဆွဲဆောင်ခဲ့သည်။
ထိုလူပေါ်ပေါက်လာမှုက မှော်ဝင်သားရဲများကို သားကောင်အဆင့်မှတ်ယူထားခြင်းများမှ ဖယ်ရှားခံလိုက်ရစေကာ သူတို့ကို ကျင့်ကြံသူများနှင့် အဆင့်တူများ အချို့ဆိုလျှင် ပိုမြင့်သည့်အတန်းအစားများအဖြစ် ရပ်တည်နိုင်အောင် ခွင့်ပြုလိုက်သလို ဖြစ်သည်။ ထိုအချိန်မှ စကာ ပိုပြီးသန်မာလာသော မှော်ဝင်သားရဲများ စတင် ပေါ်ထါက်လာကာ အချို့သူများ၏ ခွန်အားသည် ကျင့်ကြံသူများကိုပင် စိန်ခေါ်လာနိုင်သည်အထိ ဖြစ်လာခဲ့သည်။
မှော်ဝင်သားရဲမျိုးနွယ်စုများကြားတွင် သူတို့ မှော်ဝင်သားရဲ အရှင်သခင်ဆိုသော သူတစ်ယောက်ရှိနေသည်ဟု ကောလဟာလများထွက်လာပြီးနောက် ထိုအချိန်မှ စကာ မည်သည့်အဖွဲ့ကမှ မှော်ဝင်သားရဲများကို သူတို့ ဆန္ဒရှိသလို မသတ်ဖြတ်ရဲတော့ပေ။ ထိုပုဂ္ဂိုလ်မှာ မှော်ဝင်သားရဲတို့၏ ဒဏ္ဍာရီလာ အရှင်သခင်ဖြစ်သည်။




အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now