အခန်း ၇၆

Start from the beginning
                                    







***

ဝက်ဝက်ကွဲလူကြိုက်များပြီး တန်ဖိုးအနှစ်သာရရှိသော သရုပ်ဆောင်ချက်

ဇာတ်ညွှန်းထဲမှာ မင်းသားက မင်းသမီးကို အစထဲကစိတ်ဝင်စားနေခဲ့ပြီး သူမသာရေကန်ထဲကျသွားလျှင် သူသေချာပေါက်ကယ်လိမ့်မည်။

ချောင့်မျက်တောက်ရှည်တွေ တုန်ရီနေရင်း သူမရဲ့နောက်ဇာတ်ဝင်ခန်းစကားကို တွေးနေခဲ့သည်။

ဖြည်းညင်းစွာ သူမရဲ့မျက်လုံးကို ဖွင့်လိုက်ရင်း...

ရေအေးတွေက သူမကိုစကားပြောဖို့ ခက်ခဲအောင်လုပ်နေသည်။

တုန်တုန်ရီရီအသံလေးနှင့် သူမပြော၏ ။

"အစ်ကို့ကိုကြိုက်လို့ ဒီလိုလုပ်လိုက်တာ...ဒါပေမယ့်လေ နောက်ထပ်ဘယ်တော့မှ အခုလိုမလုပ်တော့ဘူးနော်...ခွင့်လွှတ်ပါ"

လု ချောင့်ကိုကယ်ပြီးချင်းချင်းမှာပဲ လူတစ်ယောက်ကနေ "ရေထဲပြုတ်ကျသွားပြီ"ဟု အော်ခဲ့ပြီးပြီ။

့အသံကြောင့် ဒါရိုက်တာဟာ တုန်လူပ်သွားပြီး ချောင့်အသံထွက်လာတဲ့အခါ သူ့စပီကာနဲ့ သဘက်တွေယူလာပေးဖို့ အော်ခဲ့၏ ။

"အစ်ကို့ကိုကြိုက်လို့ ဒီလိုလုပ်လိုက်တာ...ဒါပေမယ့်လေ နောက်ထပ်ဘယ်တော့မှ အခုလိုမလုပ်တော့ဘူးနော်...ခွင့်လွှတ်ပါ"

ထိုစကားကြောင့် ဒါရိုက်တာဟာ သူလုပ်နေတောတွေကိုရပ်ခဲ့ပြီး screen ကို စိုက်ကြည့်သည်။

လုဟာ ချောင့်အသံကြားပြီး ပဟေဠိဆန်နေလျက်...ချောင့်မျက်လုံးနက်နက်တွေကို ၅စက္ကန့်လောက်ကြည့်ပြီးနောက် သူမဟာ သရုပ်ဆောင်နေတုန်းဆိုတာ သိသွား၏ ။

ရေထဲပြုတ်ကျတာ မတော်တဆမဟုတ်ဘဲ သရုပ်ဆောင်တာလား?

ချောင့်ကို လေ့လာနေရင်း သူမဟာတကယ်သရုပ်ဆောင်နေမှန်းသိပြီးနောက် ဒေါသတွေ ဝုန်းခနဲပွင့်ထွက်သွား၏ ။

သူမဘဝနဲ့ရင်းပြီးတော့တောင် သရုပ်ဆောင်တာလား?

ခုမှနေပြန်ကောင်းထားတာ ရေအေးနေတဲ့ကန်ထဲ ခုန်ချတယ်လား?

ရေတောင်မကူးတတ်တာ ကယ်မယ့်လူသာမရှိရင် ဘယ်လိုလုပ်မလဲ?

လုမျက်နှာဟာ ရင်ထဲမှာဒူးရင်းသီးတွေသီးနေရင်း အေးစက်သွားပြီး ချောင့်ကိုကြည့်ခဲ့သည်။

ယဲ့ယဲ့ရယ်ခဲ့ပြီး သူ့လက်မောင်းတွေကနေ သူမကိုလွှတ်ခဲ့၏ ။

ရင်ထဲမှာ ဒူးရင်းသီးတွေအပြုံလိုက်သီးနေရင်း မတ်တပ်ထလိုက်၏ ။

လုရဲ့ထွက်ခွာမှုအပြီး ဒါရိုက်တာဟာ ကျေနပ်မှုနဲ့အတူ 'Cut'ဟု အော်လိုက်ပြီး အဖွဲ့သားတွေကိုခိုင်းလျက် "မြန်မြန်လုပ်ကြ...ဆရာလုနဲ့ ချောင်အန်းဟောင်ကို သဘက်တွေသွားပေးကြ..."

အဖွဲ့သားတွေဟာ လုဆီသဘက်တွေ ယူလာပေးတဲ့အခါ လု သူတို့ကိုစိတ်ဆိုးစွာ စိုက်ကြည့်တာကြောင့် စကားတစ်ခွန်းမှ မပြောနိုင်ကြပေ။

လုလက်ထောက်က သဘက်လှမ်းယူပြီး ဂရုတစိုက်ပြောခဲ့သည်။

"ဆရာလု... အအေးမိမယ်...ရေတွေသုတ်လိုက်ပါ"

***

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now