Chapter 155 Ten Thousand Python Demon Plain ( Z & U)

Start from the beginning
                                    

တောင်တန်းကြီး၏ အနောက်တွင် ကောင်းကင်ထိဆိုးယုတ်သော စပါးအုံးမြွေများ ၏ ပိုင်နက်ဖြစ်ကာ  ထိုမှော်ဝင်သားရဲများ ကိုသာ တွေ့နိုင်သည်။ အခြားသော မှော်ဝင်သားရဲများကမူ ထိုနေရာသို့ ခြေပင်မချရဲပေ အဘယ့်ကြောင့်ဆိုသော် ကောင်းကင်ထိဆိးယုတ်သော စပါးအုံးမြွေများ လာစရာတောင်မလိုအောင် မီးခိုးရောင် မီးခိုးငွေ့ များ၏ အဆိပ်ကြောင့် သေစေလိမ့်မည်ဖြစ်သည်။ 

ထူးဆန်းသည့်အရာမှာ ထို တောင်တန်းကြီးအပေါ်က မီးခိုးရောင် မီးခိုးငွေ့များသည် နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင် ကို ကျော်ပြီး ပျံနှံမသွားပေ။ ပြောကြသည်မှာ ကျင့်ကြံသူများက သူတို့ဘာသာ နတ်ဆိုးလွင်ပြင်ကို မ၀င်လျှင် နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင်၏ အစွန်းတွင် မတ်တပ်ရပ်နေစေကာမူ ထိုမီးခိုးရောင် မီးခိုးငွေ့များ၏ အဆိပ် မမိနိုင်ဟု ဆိုသည်။

ထို့ကြောင့် You XiaoMo နှင့် Ling Xiao ရောက်ရှိချိန်တွင် နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင်၏ အစွန်းတွင် လူများအဖွဲ့လိုက် စုဝေးနေသည်ကို တွေ့ရသည်။

ထိုလူစုထဲတွင် You XiaoMo ရင်းနှီးနေသော လူစုလဲ ပါဝင်သည်။ သူတို့တွေက အစောပိုင်းက သွားကြသော Tang Fan နှင့် သူ့လူများဖြစ်သည်။

တစ်ချက်ကြည့်လိုက်သည်နှင့် TianXinဂိုဏ်းမှ လူစုမှာ လေးဆယ်ကနေ ငါးဆယ်အထိရှိကြောင်း You XiaoMo သဘောပေါက်သည်။ မှော်ဆရာ ဆယ်ယောက်ကျော်လောက်ကို ဖယ်လိုက်လျှင် သုံးဆယ်ကျော်မှာ စစ်သည် ဌာန မှ လူများဖြစ်သည်။ လူအများ မတ်တပ်ရပ်နေသည့်အထဲတွင့် မျက်စိအဖမ်းစားဆုံးမှာ Tang Fan ဖြစ်သည်။

သူသည် ဧကရာဇ်အဆင့် သိုင်းသမားမို့ မျက်လုံးပေါင်းတစ်သောင်းကျော်လောက်၏ အကြည့်ကို ဆွဲဆောင်နိုင်သည်။ သူပေါ်လာလျှင် လူအများ၏ အာရုံကို သူသာ ဖမ်းစားလိမ့်မည်။ လူအတော်များများက သူကဆီကို တစ်သုတ်ပြီး တစ်သုတ်သွားကာ နှုတ်ဆက်ပြီး စကားစမြီပြောဆိုကြသည်။

TianXin ဂိုဏ်းအပြင် အခြားသော အင်အားကြီး QingCheng ဂိုဏ်းနှင့် XingLuoအဖွဲ့လည်း ရှိသည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now