၁၅။ ဘယ်လိုမျိုး ခံစားနေရလဲ.....မစ္စစ် ရှန်း..?

Start from the beginning
                                    

" မင်း..သေချာပြီလား? လက်ထပ်စာချုပ်မှာ
လက်မှတ်ထိုးပြီးသွားရင် ဘာကိုမှ ပြန်လှည့်လို့မရတော့ဘူးနော်! " ရှန်းရီ သူမကို နောက်ဆုံးအကြိမ်အဖြစ် မေးလာ၏။

" ဘာ? ရှင်အခုထိ လုပ်မလား မလုပ်ရဘူးလားဆိုတာကို မသိသေးဘူးလား ၊ ဘာလဲ. ..ရှင်က နောက်ရက်တွေကို ထပ်ဆုတ်ချင်တာလား? "

သူအရိုးသားဆုံးပြောရရင်...
တစ်ခြားမိန်းကလေးတစ်ယောက်ကို သူ့ရဲ့ ဇနီးအဖြစ် လိုချင်ရင်တောင် ဒီလောက်ခက်ခဲမှာမဟုတ်ပေ။
သူ့ရဲ့ ညှို့ငင်နိုင်တဲ့အကြည့်တွေ ၊ ပိုက်ဆံတွေနဲ့ဆိုရင် သူလိုချင်တဲ့ ဘယ်မိန်းမ မဆိုရနိုင်ပေသည်။

မိန်းကလေးတွေ အများကြီးမှာမှ လုချင်းရီကို ရွေးချယ်တာက မှားများမှားနိုင်လား?

မဟုတ်ဘူး။ လုံးဝမမှားနိုင်ဘူး!
သူမကို တွေ့ဆုံရတာက သူ့ရဲ့ ဖိအားတွေကို လျော့ကျစေတာကိုတော့ သူဝန်ခံပါသည်။
သူမက သူပေးဖို့ ကြိုးစားတဲ့ အရာတွေကို ငြင်းဆန်တယ်ဆိုတော့ .......' အစားအစာ'

ဟုတ်ပြီ

အစားအသောက်

" ကျွန်မ အားယားနေတဲ့သူ မဟုတ်ဘူးနော် ၊
ရှင့်ကို လက်ထပ်ဖို့ ကတိပေးခဲ့တာက ရှင့်ရဲ့ပိုက်ဆံတွေကြောင့်လည်းမဟုတ်ဘူး ၊ ကျွန်မတို့ လက်ထပ်ပြီးရင် အလုပ်ရဖို့အတွက် ကျွန်မကြိုးစားမှာပါ။''

" မဟုတ်ဘူး၊ ငါက မင်းဘာလိုချင်မလဲဆိုပြီး စဉ်းစားနေတာ ''

" ဒါဆို သွားစို့ ၊ ဒီမှာ ကျွန်မတို့ရဲ့ အချိန်တွေကို ဖြုန်းမနေသင့်ဘူးလေ''

သူမက သူ့ရဲ့ လက်ကို ဆွဲလိုက်ပြီး သူမရဲ့လက်မောင်းမှာ ချိတ်လိုက်ပုံက .....
မသိရင် သူက ထွက်ပြေးချင်နေလို့ သူမက ဖမ်းခေါ်လာ သလိုလို။

" ကိုယ်တို့ အဆင့်သင့်ဖြစ်ပြီလို့ ထင်တယ်''

" ကောင်းပြီ ၊ ကျွန်မတို့ရဲ့ ကိစ္စကို ပြီးအောင် သွားလုပ်ရအောင်'' သူမရေရွတ်လာသည်။

၁နာရီကြာပြီးနောက် သူတို့ရဲ့ လက်ထပ်စာချုပ်မှာ လက်မှတ်ရေးထိုးကြပြီး တရားဝင် လင် မယား ဖြစ်လာခဲ့ချေ၏။
အခမ်းအနား စတင်ကျင်းပချိန်မှာတော့ သူမက အရမ်းကြောက်နေပြီး ရှန်းရီ သူမနား ရပ်တော့မှ သူမရဲ့ ကြောက်စိတ်တို့ ပြေပျောက်ခဲ့ရသည်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now