MARS Finale (Unicode)

Start from the beginning
                                    

"ဒါနဲ့ မင်းက ဘယ်သူလဲ"

ရိပေါ်က သူ့နားတိုးလာပြီး သူ့လက်တစ်ဖက်ကို ကိုင်ဖို့လုပ်တော့ ပုတ်ထုတ်လိုက်သည်။

"မင်းရွေးချယ်သွားတဲ့ ရှောင်းကျန့်နဲ့ သိပ်ပျော်စရာကောင်းတဲ့ ဘဝကြီးပိုင်ဆိုင်နေတယ်ဆိုလို့ လာကြည့်တာ။ ဒါကြီးလား မင်းဘဝက"

"ရှန့်ခုံး မိုးရွာလာပြီ သွားရအောင်"

ခပ်ဖွဲဖွဲမိုးစက်တွေက သူ့ပုခုံးနဲ့ ခေါင်းပေါ်ကျလာသည်။ သူက ဘယ်သွားရမှာလဲ။ သူ့မှာ သွားစရာ နေရာမှမရှိတော့တာ။ သူသွားဖို့ စာရင်းလုပ်ထားတဲ့နေရာတွေ အကုန်ကုန်သွားပြီ။

"မင်းပျော်လား. . မင်းအခုပျော်နေလား. . အဲ့ဒီရှောင်းကျန့်နဲ့ ဒီလိုကြီးနေနေရတာ မင်းပျော်လား"

ရိပေါ်က ပါးစပ်ကို တင်းတင်းစေ့ပြီး သူ့ကို ကြည့်နေသည်။ မိုးစက်တွေက ရိပေါ် ဆံပင်တွေကို ရွှဲရွှဲစိုသွားစေပြီး မျက်နှာပေါ်အထိ ကျလာသည်။ ရိပေါ်က သူ့ကိုခေါင်းငြိတ်ပြလိုက်တာလား။

ရိပေါ်လိမ်နေတာ။ သူအမြဲ ရှန့်ခုံးကို လိမ်နေကျအတိုင်း လိမ်နေတာပဲ။ ဒီတစ်ခါလဲရှန့်ခုံးက ယုံကြည်ပေးဟန်ဆောင်နေဦးမယ်လို့ သူထင်နေတာလား။

ရှန့်ခုံးခေါင်းငုံ့လိုက်သည်။

"မင်းပျော်နေပေမယ့်။ ငါပျော်မနေဘူး။ ငါအဆင်ပြေမနေဘူး"

သူဖြစ်စေချင်သလိုပါပဲ သူ့စကားအဆုံးမှာ ရိပေါ်က သူ့ကို လာဖက်သည်။ ရိပေါ်က သူ့ကိုစွန့်ပစ်လိုက်ပြီးမှ ဘာမှမဖြစ်သလိုမျိုး ဘာမှမဖြစ်ခဲ့သလိုမျိုး သူ့နားကိုပြန်လာမယ်။ ပြီးရင် ထားခဲ့ပြီး ပြန်ထွက်သွားမယ်။ ဒီတစ်ခါတော့ ရှန့်ခုံးက ရိပေါ် လိမ်ဖို့ အခွင့်အရေးထပ်မပေးတော့ဘူး။

"ငါ့ဘေးမှာမဟုတ်ပဲ မင်းပျော်နေတာကို ကြည့်ရတာ ငါဝမ်းမသာနိုင်ဘူးရိပေါ်။ ပြီးတော့ မင်းက ပျော်တယ်လို့ထင်နေတာတွေက အစစ်အမှန်မဟုတ်ဘူး။ မင်းဘေးက ရှောင်းကျန့်အလိုကိုလိုက်ရင်း မင်းဘဝကို သူကြိုက်သလို ချယ်လှယ်ခိုင်းနေတာ ဒါတွေက ပျော်ရွှင်မှု အစစ်မဟုတ်ဘူး။ မင်းကိုငါ သူ့လက်ထဲက ဆွဲထုတ်ချင်တယ်။ ဒီတစ်ခါတော့ မင်းဆန္ဒမပါရင်တောင်မှပေါ့. . . "

MARSWhere stories live. Discover now