"အခုဘယ်လိုခံစားရလဲ"ဒီဆရာဝန်အခန်းက နံရံအဖြူက တဆိတ်အရောင်စူးလွန်းအားကြီးသည်။ ဒီ့ထက်စာရင် ခဲရောင်လို အရောင်မျိုးက ရိပေါ်မျက်လုံးကို ပိုအနားပေးနိုင်မည်ထင်သည်။ သူထိုင်နေရတဲ့ ဆိုဖာကလဲ သက်သောင့်သက်သာမရှိ။ ဒီကြားထဲ ဒေါက်တာဝူရဲ့ လည်ပင်းတဝိုက်က မှဲ့ခြောက်တွေကလဲ သူ့ကိုစိတ်အနှောင့်အယှက်ပေးနေပြန်သည်။ ဒီ session ကို မြန်မြန်အဆုံးသတ်ပြီး အပြင်မှာထိုင်စောင့်နေတဲ့ ရှောင်းကျန့်ဆီပဲ ပြန်သွားချင်ပေမယ့် ဒါက မှားနေတယ်ဆိုတာလဲ သိနေသည်။ သူ့အနေနဲ့ အကယ်လို့ ရှောင်းကျန့်နဲ့သာ ဘဝတစ်ခုထူထောင်ချင်ရင် ဒီကုသမှုက လိုကိုလိုအပ်နေသည်။
"အရင်ကထက် ကောင်းလာပါတယ်"
သူစကားကိုမယုတ်မလွန်ပဲဖြေလိုက်ပေမယ့် ဒေါက်တာဝူက မျက်မှန်ကိုကျော်ကြည့်သည်။ သူ့ကို အသေးစိတ်ပြောစေချင်ပုံရတာမို့ အသက်ကိုခပ်ပြင်းပြင်း တစ်ချက်ရှူသွင်းရင်း
"အရင်ကလို အိပ်မက်တွေမမက်တော့ဘူး။ ရှန့်ခုံးနဲ့ ရှောင်းကျန့် နှစ်ယောက်လုံးကို ကျောခိုင်းပြီး ထွက်သွားခဲ့တဲ့ အိပ်မက်တွေမက်တာနည်းလာတယ်။ ညဆေိုကာင်းကောင်းအိပ်လို့ရတယ်။"
ဒေါက်တာဝူက သူ့ရှေ့ကစာအုပ်ထဲ ဘာတွေချရေးမှန်းမသိ ရေးခြစ်နေသည်။ ပြီးမှသူ့ကော်ကိုင်းမျက်မှန်ထူထူကို ပင့်တင်ရင်း
"ရှောင်းကျန့်ကိုရော ဘယ်လိုမြင်လဲ"
"ရှောင်းကျန့်ကို ကျွန်တော် စေ့စေ့ကြည့်လို့ရပြီ။ သူက ကျွန်တော့်အတွက် ဘေးနားကနေ အားပေးနေတဲ့သူပဲ"
"ရှောင်းကျန့်ကြောင့် ရှန့်ခုံးကို လက်လွှတ်လိုက်ရတယ်လို့ မမြင်တော့ဘူးပေါ့"
"ကျွန်တော် အဲ့လိုဘယ်တုန်းကမှ မမြင်ခဲ့ဘူး။"
သူလေသံမာမာနဲ့ ပြန်အော်မိသွားသည်။ အရင်တပတ်လာတုန်းက ဒေါက်တာဝူရဲ့ ဇွတ်မေးတဲ့မေးခွန်းတွေကြောင့် သူ့ပါးစပ်ကပြောထွက်ခဲ့မိတာတွေကိုနောင်တရမိသည်။ သူ တပတ်ကျော်လောက် ရှောင်းကျန့်မျက်နှာကို မကြည့်ချင်ခဲ့။ ဒေါက်တာဝူ ပြောနေသလို ရှောင်းကျန့်ကြောင့် ရှန့်ခုံးကို လက်ကို လွှတ်လိုက်ရတယ်လို့ တွေးတာမဟုတ်ပေမယ့် ရှောင်းကျန့်ကို မြင်တိုင်း သူလက်လွှတ်လိုက်တဲ့အချိန် ရှန့်ခုံးရဲ့ မျက်နှာကို ပြန်မြင်နေမိသည်။ သူနောင်တမရဘူး. . နောင်တမရဘူးလို့ ဘယ်လိုပဲ ခံငြင်းနေနေ အဲ့ဒီမြင်ကွင်းကို မေ့မသွားနိုင်ခဲ့။
YOU ARE READING
MARS
Fanfictionတချို့လူတွေက နူးညံ့တယ် ထင်ရပေမယ့် တကယ်တမ်းကျ ကြံ့ခိုင်တယ်။ တချို့တွေကတော့ ကြံ့ခိုင်တယ် ထင်ရပေမယ့် တကယ်တမ်းကျ မူးညံ့လွန်းလှတယ်။ တချို့လူတွေက နူးည့ံတယ် ထင်ရပေမယ့် တကယ်တမ်းကျ ကြံ့ခိုင်တယ်။ တချို့တွေကတော့ ကြ့ံခိုင်တယ် ထင်ရပေမယ့် တကယ်တမ်းကျ မူးည့ံလွန်းလှ...