MARS 8 (Unicode)

8.1K 985 38
                                    

နွေရာသီပိတ်ရက်အပြီး ကျောင်းပြန်ဖွင့်တော့ ကျောင်းသားအားလုံးက နွေဦးပွဲတော်အတွက် တက်ကြွနေကြတယ်။ အတန်းတစ်တန်းချင်းစီကလဲ ကိုယ့်အစီစဉ်နဲ့ကိုယ် ရှိသလို ကျောင်းသားကလပ်တွေကလဲ ကိုယ့် သက်ဆိုင်ရာ ကလပ် လှုပ်ရှားမှုတွေနဲ့ အားလုံးအလုပ်ရှုပ်လို့်။

"ငါတို့ ဘတ်စကတ်ဘောအသင်းရန်ပုံငွေအတွက် ဘာလုပ်ကြမှာလဲဟ"

ကျောင်းဆင်းချိန်ဆို ဘာလုပ်ကြမယ်ဟေ့ဆိုတဲ့အသံတွေနဲ့ ဆူညံလို့. .

"ရိပေါ် ဆိုင်ကယ်နောက်ကနေ လိုက်စီးခွင့်ကွာ။ ကျောင်းတပတ် ပတ်ရင်ဘယ်လောက်"

ဟွိုင်ဆန်းက ဘတ်စကတ်ဘောပုတ်ရင်သာ ဘိတ်ချီးက ဉာဏ်နီဉာဏ်နက်ဆို မျိုးစုံထွက်တဲ့သူပီပီ တစ်ကျောင်းလုံးက မိန်းကလေးတွေ စိတ်ဝင်စားကြမှာကို တန်းအကြံပေးတယ်။

ရိပေါ်ကတော့ ခါးခါးသီးသီးပဲ

"ဆိုင်ကယ်ဘီး ဖက်လိုက်ချင်တောင်မရဘူး။ ငါ့ဆိုင်ကယ်ပေါ် ဘယ်သူမှမတင်ဘူး"

"ဒါဆို ဝမ်ရိပေါ်နဲ့ တနေ့ ဒိတ်ခွင့်ဆိုရင်ကော"

ဝမ်းချင်က အကြံဆိုးကြီးနဲ့ ဝင်ပြောတယ်။ "မင်းတို့တခြားလုပ်စရာမရှိဘူးလား"

ကျန်တဲ့သူတွေက သူတို့ကိုယ်ပိုင် ပစ္စည်းတွေလေလံတင်ဖို့ လှူပေမယ့် ဝမ်ရိပေါ်မှာ အဖိုးတန်ဆုံးက ဝမ်ရိပေါ်ဆိုတော့ အားလုံးရဲ့ ပစ်မှတ်က ဒါပဲ။

"မရဘူး။ ငါ့ရည်းစားက အူတိုတတ်တယ်"

တတန်းလုံးက ဝေါင်းကနဲအော် လေချွန်တဲ့သူကချွန်နဲ့ အတန်းထောင့်မှာ ကုတ်ကုတ်လေးထိုင်နေတဲ့ ရှောင်းကျန့်ကိုလှည့်ကြည့်တယ်။ အခုက ရှောင်းကျန့်နဲ့ ရိပေါ်က ဘာမှန်းမသိသေးဘူး သူတို့တတန်းလုံးကတော့ သူတို့နှစ်ယောက်ကို ပေးစားနေကြပြီ။ အထူးသဖြင့် မိန်းကလေးတွေလအဆိုးဆုံး။

"ကျန့်ကော ရိပေါ်ကို အူတိုလား"

ခုနက အိမ်စာတွေပြန်ကြည့်နေလို့ ဘာမှန်းမသိလိုက်တဲ့ ရှောင်းကျန့်က အူလည်လည်နဲ့ခေါင်းခါပြတယ်။

"ဒါဆို ရိပေါ်ကို လေလံတင်မယ်နော် ရတယ်မလား"

ဘာပြောမှန်းမသိတာနဲ့ ရှောင်းကျန့်က ခေါင်းငြိတ်ပြလိုက်တယ်။ ရိပေါ်တို့ အော်ဟစ် ခုန်ပေါက်ပြီးပေါက်ကွဲတော့တာပဲ။

MARSWhere stories live. Discover now