ရှောင်းကျန့် ဆေးရုံရောက်တော့ အာရီးက အိပ်ယာက နိုးခါစရှိသေးသည်။ ပထမတင်ထားတဲ့ ရိုးရိုးအခန်းကနေ အထူးခန်းကိုပြောင်းလဲထားသည်။ ဘယ်သူ့လက်ချက်လဲဆိုတာတော့ ရှောင်းကျန့် မေးမနေတော့။အာရီးက စကားစရ ခက်နေဟန် တူသည်။ သူ့ဘေးမှာ ဆေးရုံက မနက်စာကို ပြင်ဆင်ပေးနေသည့် ရှောင်းကျန့်ကို တကြည့်ကြည့်နဲ့။
"အာရီး ဘာပြောချင်လို့လဲ"
နောက်ဆုံးတော့ ရှောင်းကျန့်ကပဲ စကားစပေးလိုက်ရသည်။ အာရီးက တော်တော်ကြာအောင် သူ့ဆန်ပြုတ်ပန်းကန်ကို ငေးနေပြီးမှ သက်ပြင်းချပြီး
"ချိန်မင်ကွမ်းက အာရီးဆေးကုသစားရိတ်ကို တာဝန်ယူချင်တယ်တဲ့"
သူနှုတ်ဆိတ်ပြီး ငြိမ်နေလိုက်သည်။ အဲ့ဒီလူနဲ့ ထပ်မပတ်သတ်ချင်ပေမယ့် အာရီးရဲ့ ဆေးကုသစားရိတက သူလဲ တတ်နိုင်တဲ့ ပမာဏမှမဟုတ်တာ။ တခါတလေကျ တချို့ ကိစ္စတွေက သူလက်လှမ်းမှီနိုင်တာထက် ဝေးကွာလှသည်။
"ပြီးတော့ အာရီးလဲ အရင်လိုအလုပ်မလုပ်နိုင်တော့ဘူး။ ဆရာဝန်တွေ ရှာတွေ့တဲ့အထဲမှာ အရိုးပွနေတာလဲပါတယ်။"
သူ ဖြတ်ကနဲ အာရီးကိုမော့ကြည့်လိုက်မိသည်။ အာရီးမျက်နှာအမူာက တစ်ခုခုကို စကားစရ ခက်နေတဲ့ဟန်။ ဟင့်အင်း. . အာရီးဟာ ဒီလောက်တော့ မရက်စက်လောက်ဘူးမလား။ သူဘယ်လိုမှ လက်မခံနိုင်တာသိရက်နဲ့ အဲ့ဒီအိမ်ကိုပြန်သွားဖို့ မပြောဘူးမလား။ သူ့စိတ်ထဲ အကြိမ်ကြိမ်ငြင်းဆန်နေတဲ့ကြားက
"မင်ကွမ်းက ဖြစ်ခဲ့သမျှ အားလုံးကိုတောင်းပန်တယ်တဲ့။ ကျန့်ကျန့်ကို သူကိုယ်တိုင် ဒူးထောက် တောင်းပန်ချင်တာပါတဲ့။ သူလဲ အရမ်းနောင်တရနေပါပြီ။ နောက်ကို ဒါမျိုးလုံးဝမဖြစ်စေရဖို့လဲ ကတိပေးပါတယ်တဲ့။"
"အာရီး ကျွန်တော် မဖြစ်ဘူး။ ကျွန်တော် အဲ့လူကို မတွေ့ချင်ဘူး။ ဘယ်လိုမှလဲ ခွင့်မလွှတ်ဘူး"
အာရီးကို ရှောင်းကျန့်တသက်မှာ တခါမှ လေသံကျယ်ကျယ်နဲ့မပြောခဲ့ဖူးပေမယ့် အခုတခါတော့ သူသီးမခံနိုင်တော့။
YOU ARE READING
MARS
Fanfictionတချို့လူတွေက နူးညံ့တယ် ထင်ရပေမယ့် တကယ်တမ်းကျ ကြံ့ခိုင်တယ်။ တချို့တွေကတော့ ကြံ့ခိုင်တယ် ထင်ရပေမယ့် တကယ်တမ်းကျ မူးညံ့လွန်းလှတယ်။ တချို့လူတွေက နူးည့ံတယ် ထင်ရပေမယ့် တကယ်တမ်းကျ ကြံ့ခိုင်တယ်။ တချို့တွေကတော့ ကြ့ံခိုင်တယ် ထင်ရပေမယ့် တကယ်တမ်းကျ မူးည့ံလွန်းလှ...