MARS 10 (Unicode)

8.4K 857 57
                                    

"မင်း ဘာတွေမွှေနေတာလဲ"

ရိပေါ်က ခြိမ်းခြောက်သံနဲ့ပြောလဲ ရှန့်ခုံးကအရယ်မပျက်။ ရိပေါ်ပုခုံးကို တွန်းလိုက်ရင်း

"မင်းကလဲ သူတို့က တကယ်ယုံမလား။ ငါက အာရုံနောက်လာလို့ ပြီးပြီးရော ပြောလိုက်တာ။ ကျောင်းမှာလဲ ငါသိတာ မင်းတစ်ယောက်ရှိတာကိုး"

ရှောင်းကျန့်ကတော့ အသံတိတ်ပြီး ဘေးမှာပဲရပ်နေလိုက်သည်။ ရှန့်ခုံးပြောတဲ့ စကားတွေကို သူမယုံပါ။ ရှန့်ခုံးမှာ တခြားရည်ရွယ်ချက်ရှိသည်လို့ပဲထင်သည်။ ခုနက မျက်လုံးတွေကို သူသတိမထားပဲ မနေနိုင်။

"ဒီကျောင်းမှာ မင်း တခြားစိတ်ဝင်စားတာလေးဘာလေး မရှိဘူးလား"

"ရှိတာပေါ့"

ရိပေါ်တက်ကြွသွားသည်။ ဘာပဲဖြစ်ဖြစ် ရှန့်ခုံးကို ရည်းစားရှာပေးလိုက်နိုင်ရင် အခုထက်ပိုပြီး ပြဿ   နာကင်းသွားမည် ထင်သည်။

"ဘယ်သူလဲ"

"ရှောင်းကျန့်ကို စိတ်ဝင်စားတယ်"

သူ့ကိုတည့်တည့်လက်ညှိုးထိုးပြီး ပြောလာတဲ့ ရှန့်ခုံးကြောင့် ရှောင်းကျန့် လန့်သွားသည်။ စတာလိုလိုနောက်တာလိုလိုနဲ့ ဆဲ ပြီးလိုက်ကန်နေတဲ့ ရိပေါ်ကို ရှောင်ပြေးရင်း ရယ်နေတဲ့ ရှန့်ခုံးရယ်သံတွေက ရှောင်းကျန့်ကိုလှောင်ရယ်နေသလို။

ရှောင်းကျန့်အတွက် နေ့ရက်တွေက အရင်ကလောက်တော့ လွယ်ကူမနေခဲ့။ သူ့နောက်မှာ ဆွန်းယွနိးရဲ့အရိပ်က ကပ်နေတယ်လို့ ခံစားရသည်။ မီနာ့အကြောင်း ခေါင်းထဲဝင်လာတိုင်းလဲ ရှောင်းကျန့်ဘက်က စိတ်မသက်မသာခံစားနေရသည်။ တချိန်မှာ မီနာ့ကို ရိပေါ်အထင်လွဲသလို ရှောင်းကျန့်ကိုလဲ အလကားနေရင်း တွယ်ကပ်နေတဲ့ သူတပါးအာရုံစိုက်တာ လိုချင်နေတဲ့သူလို့ထင်ရအောင် ရှန့်ခုံးက မပြောဘူးလို့ အာမမခံနိုင်။

"ရှောင်းရှောင်ကျန့်. . . ဘာတွေတွေးနေလို့ ငါ့ကိုတောင်မမြင်ရတာလဲ"

အတွေးတွေနဲ့ ဘေးဘယ်ညာမကြည့်ပဲ လျှောက်လာတဲ့ ရှောင်းကျန့်ကို ဝမ်းချင်က လှုပ်နှိုးလိုက်မှ စိတ်နဲ့လူပြန်ကပ်သွားသည်။

MARSWhere stories live. Discover now