MARS 19 (Unicode)

7.9K 1K 64
                                    


ရှောင်းကျန့်က ပျားရည်အိုင်လေးနှင့်တူသည်။ အဆင်း အနံ့ အရသာ အထိအတွေ့ အာရုံအလုံးစုံက ချိုမြနေသည်။ သူ့အတွက် နောက်ဆုတ်ဖို့တစ်လှမ်းပြင်တိုင်း နွံထဲမှာနစ်သလို ပျားရည်အိုင်လေးက ရုန်းမရအောင် ဆွဲညှို့ထားသည်။

သူ့နောက်ဆုံး စည်းကို မချိုးဖောက်မိသေးခင်

"ကော. . ဒီလိုဆို ကျွန်တော် ထိန်းနိုင်မှာမဟုတ်ဘူး"

သူ့လည်ပင်းနဲ့ ရင်ဘတ်ပေါ်မှာ ပြေးလွှားနေတဲ့ ရှောင်းကျန့် လက်ချောင်းရှည်ရှည်တွေကို ဖမ်းချုပ်ရင်းပြောတော့ အသက်လုရှူနေရတဲ့ ယုန်ကလေးရဲ့ မျက်ဝန်းတွေက သူ့နှုတ်ခမ်းပေါ်မှာ ဝဲနေသည်။ အောက် နှုတ်ခမ်းကိုကိုက်ရင်းငြိမ်ပြီး ကြည့်နေတဲ့ ရှောင်းကျန့်ကြောင့် သူ့မှာ စဉ်းစားစရာတွေရှိလာသည်။

တကယ်တမ်းတော့ ရှောင်းကျန့်လဲ သူ့လို ပုထုဇဉ်ပဲမို့ သူ့မှာလဲ စိတ်ဆန္ဒတောင့်တတာရှိမှာပဲ။ အထူးသဖြင့်အခု သူတို့ရောက်နေတဲ့ နေရာပတ်ဝန်းကျင်အနေအထားကြောင့်လဲဆိုင်မည်။ ဒါကို သူက သူတော်ကောင်းဖြစ်ချင်စိတ်နဲ့ ဇွတ်ရပ်တန့်ဖို့ကြိုးစားရင် နဂိုတည်းက ဒီကိစ္စနဲ့ပတ်သတ်လို့ ပွင့်ပွင့်လင်းလင်းမဖွင့်ဟရဲတဲ့ ရှောင်းကျန့်မှာ ဒဏ်ရာသာပိုတိုးလာမှာလား။

ရိပေါ် ဆုံးဖြတ်ချက်ချလိုက်ပြီး ကုတင်ဘေး စားပွဲအပုလေးပေါ်မှာ ခြင်းနဲ့ ထည့်ထားသည့် ကွန်ဒုံးတွေနဲ့ ချောဆီပုလင်းအသေးကိုယူပြီး ရှောင်ကျန့်လက်ထဲထည့်လိုက်သည်။

"ကော. . ဒီည ကျွန်တော်တို့ အဆင့်တခု တက်ရအောင်။ ကော အပေါ်ကနေလေ.   နော်"

ရှောင်းကျန့်လန့်သွားမှာကို သူစိုးရိမ်သည်။ သူ့ကိုလက်ခံဖို့ အဆင်သင့်မဖြစ်သေးခင် သူက ကောကို လက်ခံနိုင်ပါသည်။ သူက အရှေ့ကနေ ကောမကြောက်ဖို့ လမ်းပြပေးဖို့အဆင်သင့်ရှိနေချင်သည်။

ရှောင်းကျန့်က ရုတ်တရက်ဆို နားမလည်နိုင်သလို သူ့လက်ထဲက အရာတွေကို ကြောင် ကြည့်နေသည်။ သူသဘောပေါက်သွားချိန်ကျ ရိပေါ်က သူ့လည်တိုင်တွေကို နမ်းနေသည်။

MARSWhere stories live. Discover now